Followers

သတင်းဆိုဒ်များသို့

လိုအပ်သည်များကို တောင်းဆိုနိုင်ပါသည်

Total Pageviews

Powered by Blogger.


!!::..မင်္ဂလာပါ..............စိုင်းပင်ဖ(သဲတောမြေ) မှ မိတ်ဆွေအားလုံးကို လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ ... လိုအပ်သည်များကို ဝေဖန် အကြံပြုပေးကြစေလိုပါတယ် !!::..saisaipinpha@gmail.com..::!!

ဘလော့ခရီးသည် နှင့် အခြားဆိုဒ်စုံ APK လေးပါ.. ( For Android Ph User )

 



မင်္ဂလာပါ  ကျွန်တော် ဘလော့ခရီးသည် ရဲ့ APK လေးကို အသစ်တဖန်ပြန်လည် လ်ုပထားပါတယ်..
သည်တခါတော့ အတတ်နိုင်ဆုံး စုံစုံလင်လင် ဖြစ်စေ၇န်  ပြင်ဆင်ထားပါတယ်....
 ပါဝင်သော ဆိုဒ်များကတော့
(၁) စာအုပ်စာပေဆိုဒ်များ
(၂) နည်းပညာဆိုဒ်များ
(၃) သတင်းမီဒီယာဆိုဒ်များ
(၄) သီချင်းဆိုဒ်များ
(၅) အားကစားဆိုဒ်များ

စသည်တို့ကို  ရသလောက် ထည့်သွင်းဖေါ်ပြပေးထားပါတယ်... မိမိတို့ ဖုန်းကနေ အမြဲ တင်နေသမျှ တွေကို  နောက်မကျရလေအောင်  စောင့်ဖတ်ကြမယ်ဆိုပါက အောက်မှာ ဒေါင်းလိုက်ပါနော်..

ဘလော့ခရီးသည် APK ဒေါင်းရန်


(OR)
 (OR)
(OR)

အစစ အဆင်ပြေပါစေလို့ ဆုတောင်းလျှက်
ဘလော့ခရီးသည်

IDM 6.21 Build 14

ေေ
နောက်ဆုံးထွက်ထားတဲ့ 15/10/2014 နေ့က Version အသစ်ထပ်မံထွက်ရှိလာတဲ့ IDM 6.21 Build 14 ကို တင်ပေး လိုက် ပါတယ်။ IDM ကို ကွန်ပျူတာ သုံးသူတိုင်း သိပြီးသားမို့ စာအထွေထူး အရှင်းပြတော့ပါဘူး။ Activated လုပ်နည်းကို သေခြာရေးပြသွားပေးပါမယ်။ စာဖတ်ပြီး သေခြာလေး လိုက်လုပ်ပါ။ 
ပိုစ်အောက်မှာ ဆော့ဝဲလ်ကို ဒေါင်းပြီး မိမိစက်တွင် Install ပြီးရင် Crack Foloder ထဲက ဖိုင် နှစ်ဖိုင်ကို Copy ပြီး [C:\Program Files\Internet Download Manager] OR [C:\Program Files (x86)\Internet Download Manager] ထဲမှာ Paste ချလိုက်ပါ။ Copy & Replace စာတန်းကြီးတတ်လာရင် Containue ဆက်သွားလိုက်ပါ။ ပြီးရင် Key ဖိုင်ကို နှစ်ချက်ကလစ်ပြီး ဖွင့်လိုက်ပါ။ ပြီးရင် Activated ဖြစ်ပါပြီ။

IDM 6.21 ကိုတော့ ဒီအောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ.

Download Internet Download Manager 6.21 Build 14 Final

App Screenshot

အားလုံးအဆင်ပြေပါစေ.......။

(မူရင်းရေးသားသူ - ဇော်မင်းသန်း)

Samsung GT-i5801 Root !!

 

 ဒီဖုန်းကို Root ဖို့ တိုင်ပတ်ခဲ့တာပါ။
နောက်ဆုံးတော့ ရှာရင်းဖွေရင်းနဲ့ SRS Root Tool လေးနဲ့မှ အဆင်ပြေသွားတော့တယ်။
ကျနော့ မိတ်ဆွေတွေလဲ အဆင်ပြေအောင်လို့ တင်ပေးလိုက်ပါတယ်။
GT-i5801 တင်မကပါဘူး  ဖုန်းတော်တော်များများကိုလဲ Root လို့ရပါတယ်။
အားလုံးအဆင်ပြေပါစေဗျာ။

!! ဒီနေရာကိုနှိပ်ပြီး ဒေါင်းပါ !!
စိုင်းပင်ဖ(သဲတောမြေ)

ရွှေပိုး ဖုန်းမြည်သံ !!


ရွှေပိုး ဖုန်းမြည်သံ Apk လေးကိုတင်ပေးလိုက်ပါတယ်ခင်ဗျာ။
ကျနော့်စိတ်ကြိုက် Ringtone  လေးတွေ စုစည်းထားတာပါ။
ကျနော်သိသလောက်ပြန်လည်ရေးသားထားတဲ့ ဆော့ပ်ဝဲလ်လေးပါ။
လိုအပ်တာများရှိခဲ့ရင် ဝေဖန်အကြံပြုနိုင်ပါတယ်ခင်ဗျာ။
အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။
ဆော့ပ်ဝဲလ်ကိုတော့ အောက်မှာဒေါင်းလိုက်ပါနော်။

!! ဤနေရာကိုနှိပ်၍ ဒေါင်းပါ!!
စိုင်းပင်ဖ(သဲတောမြေ)

2014 တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံစာရင်း Apk


၂၀၁၄ ခုနှစ်တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွင်း လွှတ်တင်ပြိုင်ပွဲဝင်မဲ့
မီးပုံးပျံစာရင်းများကို Android ပေါ်မှာ ကြည့်ရှုရန်အတွက် Apk ထွက်ရှိလာပါပြီ။
ဒီ Application ကိုတော့ အံ့ထူးပိုင် က ရေးသားထားခြင်းဖြစ်ပါတယ်။
ကဲ!!!ပွဲတော်အတွင်းလွှတ်မဲ့ မီးပုံးစာရင်းတွေကို ကြည့်ရင်း
ကြိုတင်ရင်ခုန်ရအောင်ဗျာ !!

!! ဒေါင်းလုတ်ဆွဲရန်နှိပ်ပါ !!
စိုင်းပင်ဖ

Samsung S3(GT-i9300) ကို S5 အဖြစ်ပြောင်းသုံးမယ် !!


S3 (GT-i9300) ကို S5 Revolutionary စတိုင်လေးနဲ့အသုံးပြုဖို့ တင်ပေးလိုက်ပါတယ်ဗျာ။
ဆော့ပ်ဝဲလ်ကို ဒီနေကိုနှိပ်ပြီး ဒေါင်းပါ !!
CWM ကနေ တင်ရမှာပါ။
အားလုံးအဆင်ပြေပါစေဗျာ။
စိုင်းပင်ဖ

ရှမ်းရိုးရာ လက်ထပ်ပွဲအကြောင်း



အမျိုးသမီးတို့ မင်္ဂလာ ဆောင်ပွဲများမှာ ဒေသအလိုက် အနည်းနှင့် အများ ကွဲပြားကြသည်။ မိဘများက တောင်းရမ်းပေးရာတွင် ဦးစွာ ပထမ လူပျို၏မိဘများသည် အပျို၏ မိဘများထံသို့ သွား၍ ပြောရသည်။ အပျို၏ မိဘများက လေး-ငါးရက် အချိန်ယူပြီး ဆွေမျိုးများနှင့် တိုင်ပင်ရသည်။ သမီး၏ သဘောကို မေးရသည်။ သမီးက သဘောတူပါက လူပျိုဖက်သို့ အကြောင်းပြန်ကြားရသည်။ လူပျို၏ မိဘများက လူကြီးများနှင့် နေ့ကောင်းရက်သာ ရွေးပြီး အပျို၏မိဘမျာထံ သမီးတောင်းရန်လာကြသည်။ ထိုအချိန်တွင် အပျိုအိမ်၌ ဆွေမျိုးအစုံ ရောက်နေကြရသည်။ အပျိုဖက်မှ လူငယ်များက လူပျိုကို ခြံတံခါးဝတွင် တကြိမ်၊ အိမ်တံခါးဝတွင် တကြိမ် ကြိုးတားကြသည်။ ငွေကြေးပေးမှ ဖွင့်ပေးကြသည်။

အိမ်ပေါ်သို့ ရောက်သည့်အခါ အပျိုဖက်က လူကြီးနှစ်ဦးကို လူပျိုဖက်မှ လူကြီးများက သွား၍ နှင်ဆက်ရသည်။ အပျိုဖက်မှ လူကြီးများက လာရင်းကိစ္စကို မသိချင်ယောင်ဆောင်ပြီး မေးရသည်။ လူပျိုဖက်က သမီးလာတောင်းသည့် အကြောင်းပြောပြရသည်။
ဤသို့ တဖက်နှင့်တဖက် အပြန်အလှန် ပြောဆိုကြသည်။ ထိုသို့ပြောနေစဉ် လူပျိုဖက်က လင်ပန်းတခုတွင် လက်ဖက်နှစ်ထုပ်၊ ကွမ်းနှစ်ထုပ်၊ ငှက်ပျော်နှစ်ဖီး၊ အနည်းဆုံး ငွေငါးမတ်နှင့် ကြက်ဥပြုတ် နှစ်လုံးထည့်၍ အိမ်ထောင်စုံ အျိုးသမီးထံ ပို့ထားရသည်။ အကယ်၍ စကားပြောလို့မပြီးမီ ထိုလင်ပန်းကို အောက်ချထားမိပါက အပျိုဖက်က ယူစားပစ်နိုင်သည်။ ထို့နောက်မှ ကြက်ဥနှစ်လုံးမှတပါး လင်ပန်းအတွင်းရှိ အစားအစာ တ၀က်ကို ဆွေမျိုးနှစ်ဖက်အား ကျွေးမွေးပြီး ကျန်တ၀က်ကို အိမ်အပြင်တွင် နတ်ပသ၍ ဆုတောင်းခြင်းပြုကြသည်။
ထို့နောက် လူပျိုဖက်မှ ဧည့်သည်များကို အပျိုဖက်က ထမင်းကျွေး ပြုစုသည်။ အပျိုနှင့် လူပျိုအတွက်မူ ထမင်းပွဲတခု သီးသန့်ပြင်ပေးရသည်။ လူပျိုနှင့်အပျို ထမင်းစားနေစဉ် အနားတွင် ကလေးများက သားသမီးများသဖွယ် ကြက်ဥနှစ်လုံးကို ခွဲပြီး “ဖေဖေ၊ မေမေ” ဟုခေါ်ကာ သတိုးသားနှင့် သတို့သမီးတို့အား ခွံ့ကျွေးရသည်။ ချည်ခုနှစ်ပင်ပါသည့် ချည်မန်းကွင်းဖြင့် သတို့သား၊ သတို့သမီးတို့အား စွပ်ပေးရသည်။ လူပျိုနှင့်အပျို တပြန်စီ ထမင်းခွံ့သည့်ဓလေ့လည်း ရှိသည်။ သတို့သားက သတို့သမီးအား မိဘအား သမီးမွေးပေးသည့်အတွက် ငွေငါးကျပ်ကို နို့ဘိုးအဖြစ် ကန်တော့ရသည်။ ထို့အပြင် အပျိုဖက်က ဆွေမျိုးများအတွက် တအိုးစားလျှင် တကျပ်၊ နှစ်အိုးစားလျှင် နှစ်ကျပ် စသည်ဖြင့် ငွေကြေးပေးရသည်။ ထိုသို့ ပြုလုပ်ခြင်းမှာ နောင်တနေ့ လင်မယား သဘောထား ကွဲလွဲပါက ဆွေမျိုးများကို သက်သေထူပြီး သတို့သား၊ သတို့သမီးအား ဆုံးမရန်ဖြစ်သည်။
အချို့ဒေသများတွင် လက်ထပ်ပွဲပြုလုပ်လျှင် ငှက်ပျောပွဲကိုပြင်၍ ငချဉ်ထုပ်များကို အုပ်ထဲတွင်ထည့်ထားသည်။ ရွဲထဲမှ အသက်ကြီးရင်သူတို့က ထိုအထုပ်များကို ဖြေပြီး ဧည့်သည်များကို ကျွေးမွေးသည်။ ရွှေ၊ငွေ ထည့်ထားသည့် ရေကို လက်ထပ်ပေးသူ လူကြီးက သတို့သမီးကို တိုက်သည်။ သတို့သမီးမှတဆင့် သတို့သားအား တိုက်သည်။ လက်ဖွဲ့သော အလေ့ရှိသည်။ သတို့သမီးအရံ၊ သတို့သား အရံနှင့် လက်ထပ်ပေးသူတို့ဥည် မိဘစုံလင်စွာရှိပြီး ငယ်လင်၊ ငယ်မယား အိမ်ထောင်စုံများဖြစ်ရသည်။ လူပျို၏ မိဘများက အပျို၏ မိဘများထံ သမီးတောင်းရာတွင် တင်တောင်းသော ပစ္စည်းမှာ ရွှေ၊ ငွေ၊ အ၀တ်အစားများသာ ဖြစ်သည်။ အိမ်နှင့် မြေယာများကို တင်မတောင်းကြပေ။ လက်ထပ်ပွဲကုန်ကျငွေကို ယောက်ျားလေးဖက်က အကုန်ခံရသည်။၏
ရှမ်းပြည်နယ် မြောက်ပိုင်း အချို့ဒေသများတွင် မိန်းကလေးကို သွားရောက်တောင်းယူရာတွင် ရေအပြည့် ပါသော ရေတကောင်းတခု၊ နှစ်တောင်ပတ်လည်ရှိသော ဖျာချောတချပ်၊ ကွမ်းဆေးအစုံ ထည့်ထားသော ကွမ်းအစ်တလုံး၊ ဆေးလိပ်ထည့်ထားသော ဆေးလိပ်ခွက် တခွက်နှင့် သွားတောင်းရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း အချို့ဒေသများတွင် လက်ဖက်စို တပိဿာ၊ ဆားတပိဿာ၊ ကြံသကာ တပိဿာ၊ ဆင်အန်ငှက်ပျောဖီး တဖီးနှင့် မိန်းကလေး မိဘ သို့မဟုတ် အုပ်ထိန်းသူထံ လာရောက် ကန်တော့ပြီး မိန်းကလေး ၀တ်ဆင်ရန် ရွှေတို ရွှေစ အဆင်တန်ဆာ များကိုပါ ယူဆောင်သွားရသည်။
တောင်းရမ်းရာတွင် ကွမ်းတော့တော် ခေါ် တဖက်နှင့်တဖက် အချီအချ စကားပြောဆိုရာတွင် ကြားဝင် ပြောရမည့် စကားပြော လိမ္မာကျွမ်းကျင်သူ၊ အာဝဇ္ဇန်းရှိပြီး လူမှုရေးရာ သိနားလည်သူ (အများအားဖြင့် လူပျိုခေါင်း) တစ်ယောက်ယောက်ကို ငှားရမ်းခေါ်ဆောင်ကာ သွားတောင်းလေ့ရှိသည်။ မင်္ဂလာပွဲကိုလည်း သတို့သမီး အိမ်တွင်သာ ပြုလုပ်လေ့ ရှိသည်။ ရှေးရှမ်းပုံပြင်မှ ခွန်ဆန်လောဝ်နှင့် နန်းဦးပြင်တို့ကို အစွဲပြုပြီး သတို့သား၊ သတို့သမီးအိမ်သို့အလာ လမ်းတွင် ရွှေကြိုး၊ ငွေကြိုးတားကြသည်။ လက်ထပ်ပြီး ခုနှစ်ရက်အတွင်း ခရီးထွက်လေ့မရှိကြပေ။ ယောက္ခ မအိမ်တွင် အနည်းဆုံး တနှစ်နေပြီးမှ အိမ်ထောင်ခွဲလိုက ခွဲနေကြလေ့ရှိသည်။

(တိုင်းရင်းသား ရိုးရာဓလေ့ ထုံးစံများ-မန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ) စာအုပ်မှ


(Creadit to Shan History)

တောင်ကြီးမြို့သမိုင်း



ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် (၄၇၁၂) ပေ မြင့်သော ရှမ်းပြည်တောင်ပိုင်း ရှမ်းရိုးမ တောင်ပေါ်တွင်တည်ရှိပါသည်။ မြန်မာ သဣရာဇ် (၁၂၀၀)ခန့်က နောင်တွင် တောင်ကြီးဟု သမုတ်မည့်နေရာ၌ ပအိုဝ့်ရွာလေး တစ်ရွာ ရှိခဲ့သည်။ ထိုရွာ၏ အမည်မှာ ``ဒုံတောင်တီ´´ဟု အမည် ရသည်။ တောင်တီကို ရှမ်းအမည်ဖြင့် ``တွမ်တီး´´ ဟုခေါ်သည်။ တည်ပင်(၀ါ) ကတည်ပင် ပေါက်ရာရွာဟု ဆိုလိုသည်။ ထိုရွာနှင့် အနီးတ၀ိုက်တွင်ပင်လုံရွာ၊ ရှမ်းရွာ၊ မိန်မြိန်ရွာနှင့် ၀ါးပြားရွာ များသာ ရှိပေသည်။

 ၎င်းအပြင် ရေကန် လေးကန်နှင့် အင်းကြီး တစ်အင်းလည်း ရှိပေသည်။ အင်္ဂလိပ်အစိုးရသည် တောင်ကြီးမြို့ ကို (၁၂၅၃)ခုနှစ်၊ (၁၈၉၀)ပြည့်နှစ်တွင်တည်ထောင်ခဲ့ကြောင်း၊ ပါတ်ဝန်းကျင်ရှိ အင်းနှင့်ကန်များကို ပြုပြင်ဆည်ဖို့ကာ တောင်ကြီးကို မြို့တော်ဖြစ်ရန် ဖန်တီးခဲ့ကြောင်း သိရှိ မှတ်သားရပါသည်။ သက်ကြီး ရွယ်အို တစ်ဦး၏ ပြောပြချက် အရ (၁၂၅၁)ခုနှစ်တွင်
တောင်ကြီးမြို့ တည်ကြောင်း မှတ်သား ရပါ သည်။ ဤ အဆို အမိန့်များကိုအခြေခံ၍ သုံးသပ်ကြည့်ရာ အင်္ဂလိပ်တို့သည် အထက် မြန်မာပြည်ကို (၁၂၄၇)နှစ်တွင် အခြေစိုက် နိုင်ခဲ့ပြီး၊ရှမ်းပြည်နယ်သို့ တက်လာကာ ပထမဦးစွာညောင်ရွှေမြို့နယ် မိုင်းသောက် ကျေးရွာ အေသတွင် စတင် ရုံးစိုက်ခဲ့ ပေသည်။
ထိုဒေသမှ တစ်ဖန် ယခုတောင်ကြီးမြို့ တည်ရာ ဒေသ တ၀ိုက်သို့ (၁၂၅၁)
ခုနှစ်ခန့်၌ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်နိုင် ပါသည်။ ထိုအချိန်ကတောင်ကြီးမြို့ အရှေ့ဘက် တောင်တန်းများ ပေါ်၌ မိရဲ၊ သထုံ၊ ၀ိနယ အစရှိသောပအိုဝ့်ရွာများ ရှိသည်။ ``၀ိနယ´´ဟူသော အဓိပ္ပါယ်မှာ ``မြို့ဟောင်း´´ဟူ၍ဖြစ်သည်။ ၎င်း၌ ရုံးစိုက်ပြီး နောက် (၁၈၉၄) ခုနှစ်တွင်မှ ယခုတောင်ကြီးမြို့သို့ ပြောင်းရွေ့ တည်ခြင်း ဖြစ်နိုင် ပါသည်။ ဤသို့ဆိုလျင်တောင်ကြီးမြို့၏ သက်တမ်းကား အနှစ် (၁၀၀) ကျော်ပြီဖြစ်ကြောင်း မှတ်တမ်း တင်ရမည် ဖြစ်ပါသည်။

တောင်ကြီးမြို့နေရာသည် သက္ကရာဇ် ၁၂၀၀ ခန့်လောက်က တည်ရှိနေ ခဲ့သောပအိုဝ်းရွာလေး တစ်ရွာရှိခဲ့၏။ ထိုရွာ၏ အမည်မှာ ဒုံတောင်တီ ဟုခေါ် လေသည်။ရှမ်းအသံဖြင့် တွမ်တီး ဟုခေါ်သည်။ တောင်ကျည်း၊ တွမ်းတီး ဟုမြန်မာအသံတောင်ကြီး ဟူသည်မှာ တည်ပင်နှင့် တူသော အပင်တစ်မျိုးဖြစ်ပါသည်။

 အချို့သောအရပ်တွင် ကတည်ပင် ဟုလည်း ခေါ်ပါသည်။ ၄င်းအပင်ပေါက်ရာရွာဟုဆိုလိုပါ၏။ ထိုရွာနှင့် အနီးတစ်ဝိုက်တွင် ပင်လုံရွာ ၊ ရှမ်းရွာ ၊မွန် ခြိန်ရွာ နှင့် ၀ါးပြားရွာ များသာ ရှိပေသည်။၎င်း အပြင် ရေကန် ၎
ကန်နှင့် အင်းကြီးတစ်အင်းလည်း ရှိသည်။ အင်္ဂလိပ် အစိုးရသည်တောင်ကြီးမြို့ကို မြန်မာ သက္ကရာဇ် ၁၂၅၃-ခု ၊ ခရစ်နှစ် ၁၈၉၀ ပြည့်နှစ်တွင်  မြို့တည်ခဲ့ပေသည်။ တောင်ကြီးရွာကို မြို့တည် ပြီး
ထိုရွာနှင့်တဆက်တည်းဖြစ်သော ကန်များ၊ အင်းများကိုပြုပြင်ကာတောင်ကြီးမြို့ကို မြို့တော်ဖြစ်အောင်မွန်းမံခဲ့သည်ဟု ယုဝတီမာလာသိန်းကယုဝတီ ဂျာနယ်တွင် မဟာပါသဏမုံတ၀ဂူလိုဏ်ဂူ ဆောင်းပါးတွင် ရေးသားထားသည်ကိုမှတ်သားရပေသည်။

မှတ်တမ်းအရဆိုပါက တောင်ကြီးမြို့ကို တည်သည်မှာ နှစ် ၁၀၀ပင်ကျော်ခဲ့လေပြီ။ သက်ကြီးရွယ်အို တစ်ဦး ၏ ပြောပြချက်အရ ၁၂၅၁ ခုနှစ်တွင်တောင်ကြီးမြို့ကို တည်သည်ဟု မှတ်သားရပြန်သည်။ ထို့ကြောင့်
တောင်ကြီးမြို့တည်သည့် ခုနှစ်နှင့် ပတ်သက် ၍၀ိဝါဒ အမျိုးမျိုးဖြစ်နေသည်။အဖြေရှာကြည့်ရာ ၁၂၄၇-ခုနှစ်တွင် နယ်ချဲ့ အင်္ဂလိပ်တို့အထက်မြန်မာနိုင်ငံကို သိမ်းပိုက် သဖြင့် ထိုကာလွန် ၃ နှစ်သည်
နယ်ချဲ့တို့ရှမ်းပြည်ဖက်သို့တက်လာကာ မိုင်းသောက် (ညောင်ရွေမြို့နယ်) ကိုရုံးစိုက်ခဲ့သည် ကာလဖြစ်နိုင်ပေသည်။

မိုင်းသောက်ဒေသသည် ငှက်ဖျား မရှိသဖြင့် ရုံးပြောင်းရွေ့စိုက်သည့်နေရာကိုရှာဖွေ ကြပြန်ရာ ယခုတောင်ကြီးမြို့၏ အရှေ့ဘက် (ယခု ဓမ္မရတနာကျောင်း၏အရှေ့ဘက်(၂)မိုင်အကွာ) တွင် ၁၂၅၁-ခုနှစ်ခန့်၌ပြောင်းရွေ့ခဲ့ခြင်းဖြစ်နိုင်ရာသည်။ ထိုဒေသသည် ပြန့်ပြူးညီညာသဖြင့်မြို့တည်ခဲ့ခြင်းဖြစ်နိုင်ပေသည်။

ယခုတောင်ကြီးမြို့အရှေ့ဘက်ရှိ တောင်တန်းများပေါ်တွင် ထိုအချိန်ကပအိုဝ်းရွာများရှိရာ ၊ အင်္ဂလိပ်တို့က ထိုနေရာတွင် မြို့တည်လိုသဖြင့်အခြားသင့်တော်ရာနေရာသို့ ရွာပြောင်းခိုင်းသည်ဟုလည်း မှတ်သားရ ပေသည်။ထိုဒေသတွင် ယခင်က မီရဲ၊ သထုံ၊ ၀ိန်ယရွာများရှိရာ ၀ိန်ယသည် ပအိုဝ်းဘာသာစကားဖြင့် မြို့ဟောင်းဟု အဓိပ္ပာယ်ရသဖြင့် တောင်ကြီးမြို့ဟောင်းနေရာဖြစ်နိုင်ပေသည်။ ထိုနေရာတွင် ရုံးစိုက်ပြီးမှ ၁၈၉၄-ခုနှစ်တွင်ယခုတောင်ကြီးမြို့နေရာကို ပြောင်းရွေ့ မြို့တည်ခြင်းဖြစ် နိုင်ပေသည်။

စာရေးသူမှတ်သား ရသည်မှာ ယခု မြို့မ ဈေးကြီး နေရာသည် ယခင်ကဦးကြီးခမ်းလော် ရွာ နေရာဟောင်းဖြစ်သည်။ ထိုစဉ်က မီးရဲတွင်ပအိုဝ်းတိုင်းရင်းသား ချိုဖာထီးအုပ်ချုပ်ခဲ့ပေသည်။ ထိုအချိန်က တောအုပ်မှာတောင်ပိုင်းရပ်မှ ဦးဖိုးမင်းဖြစ်ပြီး ဦးဖိုးရင်မှာ နယ်အုပ်ဖြစ်သည်။အရေးပိုင်မှာ ဦးလူတင် ဖြစ်သည်။ ဒုံတောင်တီးခေါ် တောင်ကြီးရွာကို ဦးအောင်သာက အုပ်ချုပ်လေသည်။ ထာခယ်ရွာ (ယခု ညောင်ပင်သာ) ကို ဆရာစန္တတည်ပြီး ၊နဂါးပတ်ကျောင်း ၀န်းကျင်ကို မောင်ဖာဝမ် တည်ခဲ့သည်။

အင်းသားများ ဖြစ်သည့် ဘုရားဒါယကာညွန့် ဒါယကာကျော်တို့မှာ အင်းလေးမှအင်းသားများ (ထိုအချိန်က စော်ဘွား နှင့် မတည့်သူများ) ကို လမ်းအလုပ်သမားကူလီ များအဖြစ် ခေါ်လာ ၍ကူလီကုန်းရပ် (ယခု ကူညီကုန်းရပ်) ကိုတည်ခဲ့သည်။ဈေးပိုင်းရပ်ကို ပအိုဝ်း တိုင်းရင်းသားများဖြစ်သည့် ဇရပ်ဒကာ ဦးချုံ၊
ပဉ္စင်း ဘဖြူတို့က တည်ခဲ့သည်။ ထိုအချိန်က တောင်ကြီးမြို့ပေါ်တွင်ကန်ဦးကျောင်း၊ မင်းကျောင်း၊ ကုန်းသာကျောင်း၊ နဂါးပတ်ကျောင်း၊ ပထမတောင်ကျောင်းကြီးသာရှိခဲ့သည်။ မင်းကျောင်း၏ ပထမဆုံးကျောင်းထိုင်ဆရာတော်မှာ မဲနယ်တောင်တန်းမှ လုံဒါရွာ ဆရာတော်ဖြစ်ပြီး ပအိုဝ်း
တိုင်းရင်းသား ဖြစ်သည်ဟု မှတ်သားရလေသည်။

(စာကိုး။ ။စူဠာမုနိ လောကချမ်းသာ စေတီတော် တည်ဆောက်ရေး မှတ်တမ်းစာအုပ်)


(Creadit to Shannews)

စိုင်းပင်ဖ

Spiderman-1 Game



Spiderman-1 Game လေးကိုတင်ပေးလိုက်ပါတယ်ဗျာ။
ပင့်ကူလူသားဂိမ်းဆော့ချင်နေတဲ့ ပိရိသတ်များအတွက်ပါ။
Windows XPWindows7 နဲ့ Windows Vista OS တွေမှာဆော့ကစားလို့ရမှာပါ။
ဂိမ်းကိုတော့ အောက်မှာဒေါင်းလိုက်ပါ။
အားလုံးအဆင်ပြေကြပါစေဗျာ။

!! Download !!
စိုင်းပင်ဖ

ကျိုက်ထီးရိုးဘုရားသမိုင်း အသံဇာတ်လမ်း(MP3)

ကောလိပ်ဂျင်နေ၀င်း - ယောက္ခမ ကျောင်းပို့နည်း


အသံဇာတ်လမ်းများကို ကြိုက်နှစ်သက်သူများအတွက်
တစ်ခေတ်တစ်ခါက လူကြိုက်များခဲ့တဲ့
တေးသံရှင်ကောလိပ်ဂျင်နေ၀င်းရဲ့ ယောက္ခမကျောင်းပို့နည်း
အသံဇာတ်လမ်းဖိုင်လေးကိုတင်ပေးလိုက်ပါတယ်ခင်ဗျာ။

!! Download !!
စိုင်းပင်ဖ

မြိုင်ရာဇာတွတ်ပီ ကာတွန်းစာအုပ်များ



ဦးဆွေမင်း(ဓနုဖြူ ) ရဲ့ပုံလေးပါ အမှတ်တရတင်ပေးလိုက်ပါတယ်။















ဦးဆွေမင်း(ဓနူဖြူ ) ရဲ့ ဘဝတစ်လျောက်ဖြတ်သန်းလာပုံ အမှတ်တရ စာအုပ်လေးပါ။
https://copy.com/XnugiiaKNusK
------------ OR -------------
DROPBOX Link

****မြိုင်ရာဇာတွတ်ပီကာတွန်းစာအုပ်များ****


၁။ ကျွန်ုပ်နှင့် စိတ္တဇလင်မယား
https://copy.com/9q3QKbNG4LUz
------------ OR -------------
DROPBOX Link

၂။ ကျွန်ုပ်နှင့် ဆင်ကြီးမုန်တိုင်း
https://copy.com/TMxg7kMAMod8
------------ OR -------------
DROPBOX Link

၃။ ကျွန်ုပ်နှင့် နဂါးစက်ရောင်ပတ္တမြားကြီး
https://copy.com/1XDIBo1zEBpg
------------ OR -------------
DROPBOX Link

၎။ ကျွန်ုပ်နှင့် ရဲနတ်တောင်လျှိုဝှက်ချက်
https://copy.com/c9hJogbqHp1I
------------ OR -------------
DROPBOX Link

၅။ ကျွန်ုပ်နှင့် နတ်ဝင်သည်များ
https://copy.com/iTMo4Jrrch67
------------ OR -------------
DROPBOX Link

၆။ ကျွန်ုပ်နှင့် ပုံမှားရိုက်သူများ
https://copy.com/4bIgWOuUUixU
------------ OR -------------
DROPBOX Link

၇။ ကျွန်ုပ်နှင့် မာလာဆိုသော ပန်းကလေး
https://copy.com/F8qy7pfMrs3A
------------ OR -------------
DROPBOX Link

၈။ ကျွန်ုပ်နှင့် မိန်းမနိုင်နည်း
https://copy.com/oyiULPWadsRM
------------ OR -------------
DROPBOX Link

၉။ ကျွန်ုပ်နှင့် မုဆိုးနားနီးတံငါ တံငါနားနီးမုဆိုး
https://copy.com/1lT3Bu9Edqba
------------ OR -------------
DROPBOX Link

၁၀။ ကျွန်ုပ်နှင့် မျက်ခုန်းဖြူ ပျောက်ရှာပုံတော်
https://copy.com/nzDy3VHIIliQ
------------ OR -------------
DROPBOX Link

၁၁။ ကျွန်ုပ်နှင့် လက်ရွေးစင်စွန့် စားခန်းများ ၂
https://copy.com/3osCtbH8WtVR
------------ OR -------------
DROPBOX Link

၁၂။ ကျွန်ုပ်နှင့် လက်ရွေးစင်စွန့် စားခန်းများ ၃
https://copy.com/23WLqmdYCmTX
------------ OR -------------
DROPBOX Link

၁၃။ ကျွန်ုပ်နှင့် လူပျိုကြီးများဒုက္ခ
https://copy.com/H3rk3GmAvfWU
------------ OR -------------
DROPBOX Link

၁၄။ ကျွန်ုပ်နှင့် ဝဋ်
https://copy.com/4YFVL8jSGbA4
------------ OR -------------
DROPBOX Link

၁၅။ ကျွန်ုပ်နှင့် သီတင်းကျွတ်တော့မည်
https://copy.com/ESAa3MaB1G3v
------------ OR -------------
DROPBOX Link

၁၆။ ကျွန်ုပ်နှင့် ဟာသဥယာဉ် ၂
https://copy.com/2dW2CnhGuQKe
------------ OR -------------
DROPBOX Link

၁၇။ ကျွန်ုပ်နှင့် ဟာသဥယာဉ် ၃
https://copy.com/BqRlorbdKWPK
------------ OR -------------
DROPBOX Link

၁၈။ ကျွန်ုပ်နှင့် အစိမ်းရင့်ရောင်နွေပုံပြင်
https://copy.com/b0wdCJjOoY8g
------------ OR -------------
DROPBOX Link

၁၉။ ကျွန်ုပ်နှင့် အညာဇင်ယော်
https://copy.com/7plf7DrNiRZs
------------ OR -------------
DROPBOX Link

၂၀။ ကျွန်ုပ်နှင့် အဘိုးပေါက်ပီ၏ ဘဝမှတ်တမ်း ပထမပိုင်း
https://copy.com/FKv7jPtUk2em
------------ OR -------------
DROPBOX Link

၂၁။ ကျွန်ုပ်နှင့် အဘိုးပေါက်ပီ၏ ဘဝမှတ်တမ်း ဒုထိယပိုင်း
https://copy.com/WZ1TyyWsGE4Y
------------ OR -------------
DROPBOX Link

၂၂။ ကျွန်ုပ်နှင့် အဖေဒဲပီ၏ ဘဝမှတ်တမ်း ပ+ဒု ( ဇာတ်သိမ်းပိုင်းကို ရှိလျင် ကွန်မန့် ထဲပေးခဲစေချင်ပါသည် )
https://copy.com/GYIb6PQL1r4w
------------ OR -------------
DROPBOX Link

၂၃။ ကျွန်ုပ်နှင့် နောက်မဆုတ်နဲ့ ကိုဝက်ဝံ
https://copy.com/Dww6AWOLuD30
------------ OR -------------
DROPBOX Link

၂၄။ ကျွန်ုပ်နှင့် မေတ္တာနှောင်ကြိုး
https://copy.com/U84hIMqOVldt
------------ OR -------------
DROPBOX Link

၂၅။ ကျွန်ုပ်နှင့် ရောမြို့ ကပြန်ခဲ့တယ်
https://copy.com/j6xIQtdjsakB
------------ OR -------------
DROPBOX Link

၂၆။ ကျွန်ုပ်နှင့် အောက်မေ့ဖွယ်ရာ မိုးရေစက်များ
https://copy.com/yhLKJqNla8iF
------------ OR -------------
DROPBOX Link

၂၇။ ကျွန်ုပ်နှင့် မြစမ်းသီလာ
https://copy.com/yg1GKQ0HuDZc
------------ OR -------------
DROPBOX Link

၂၈။ ကျွန်ုပ်နှင့် မြို့ ကျောင်းကခေါင်းလောင်းသံ
https://copy.com/2KdT1BerkFyz
------------ OR -------------
DROPBOX Link

၂၉။ ကျွန်ုပ်နှင့် ကြိုးဝိုင်းထဲကဇာတ်ဆရာ
https://copy.com/2wAxnwk9E4CN
------------ OR -------------
DROPBOX Link

၃၀။ ကျွန်ုပ်နှင့် ကြုံတိုင်းယူနိုက်တက်
https://copy.com/EQw0PxAvNZ4W
------------ OR -------------
DROPBOX Link

၃၁။ ကျွန်ုပ်နှင့် မြို့ ပြခရီး
https://copy.com/hrRINgeTIvgD
------------ OR -------------
DROPBOX Link

၃၂။ ကျွန်ုပ်နှင့် ငစွန့် စားတို့ တိုင်းပြည်
https://copy.com/PXzReH9nGVEF
------------ OR -------------
DROPBOX Link

၃၃။ ကျွန်ုပ်နှင့် စုတ်ဖွားသတ္တဝါကြီး
https://copy.com/KCa2kIMnx0AT
------------ OR -------------
DROPBOX Link

၃၄။ ကျွန်ုပ်နှင့် စုံထောက်ကြီးဘူးသီး
https://copy.com/sdevLTaVuqmt
------------ OR -------------
DROPBOX Link

၃၅။ ကျွန်ုပ်နှင့် သမန်းကဝေ
https://copy.com/Aw7aH9RfUpFc
------------ OR -------------
DROPBOX Link

၃၆။ ကျွန်ုပ်နှင့် အဆိပ်သင့်သောသူများ ရာဇာဝင်ထဲမှာတွတ်ကိုထားခဲ့
https://copy.com/4OuMUt6K7hl3
------------ OR -------------
DROPBOX Link

၃၇။ ကျွန်ုပ်နှင့် ကြွက်ရဲ့အယောင် ကြောင်ရဲ့အလား
https://copy.com/6dtVYD3h7PPR
------------ OR -------------
DROPBOX Link

၃၈။ ကျွန်ုပ်နှင့် ကျားဖြူတစ္ဆတစ်တောလုံးမွေ
https://copy.com/grpg4P488AOH
------------ OR -------------
DROPBOX Link

၃၉။ ကျွန်ုပ်နှင့် စွန့် စားခန်းများ ၅
https://copy.com/g6YiLJLf29w3
------------ OR -------------
DROPBOX Link

၄၀။ ကျွန်ုပ်နှင့် မာယာစံအိမ်
https://copy.com/mLnvJAf06klY
------------ OR -------------
DROPBOX Link

၄၁။ ကျွန်ုပ်နှင့် အတိတ်ခါးခါး
https://copy.com/ByHcNZpOSMMN
------------ OR -------------
DROPBOX Link

၄၂။ ကျွန်ုပ်နှင့် အဏဝါဒေဝီ
https://copy.com/gCnfBkWWnubh
------------ OR -------------
DROPBOX Link

၄၃။ တွတ်တို့ ၏မာယာ
https://copy.com/r12s6Yd9VgkY
------------ OR -------------
DROPBOX Link

၄၄။ ကျွန်ုပ်နှင့် ထူးဆန်းသောဧကရီ
https://copy.com/QtN9pYrEtaTN
------------ OR -------------
DROPBOX Link

(Creadit ။  ။ ဦးအာကာ)


Viber Camera Sticker

Viber အသုံးပြုသူများအတွက် အသုံးဝင်မဲ့ဆော့ပ်ဝဲလ်လေးပါ။
Viber Camera မှာ မိမိတို့ကြိုက်နှစ်သက်ရာ စတေကာလေးတွေကို
ရွေးချယ် အသုံးပြုလို့ရပါတယ်ဗျာ။
အားလုံးအဆင်ပြေကြပါစေ။

!! Download !!
စိုင်းပင်ဖ

Viber Apk

Viber ရဲ့ နောက်ထွက်ဗားရှင်းများတင်ပေးလိုက်ပါတယ်။
V_5.0 မှာဆိုရင် တစ်ဖက်နဲ့တစ်ဖက် Video Call ပါခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။
ဒီဇိုင်းလေးတွေလဲပြောင်းသွားတယ်ဗျာ။
အားလုံးအဆင်ပြေကြပါစေ။

Viber_v5.0.1.36

Viber_4.3.1.21

စိုင်းပင်ဖ




Frog on Ice


ဒီဂိမ်းလေးကတော့ ဖားပြုလေးက အေးခဲနေတဲ့ရေခဲပြင်ပေါ်မှာ
ငွေပြားတွေကို လိုက်စားတဲ့ဂိမ်းပဲဖြစ်ပါတယ်။
တားဆီးလာတဲ့ရန်သူတွေကို သူ့ရဲ့ရှည်လျားတဲ့လျှာနဲ့
ပြန်လည်တိုက်ခိုက်လို့လဲရပါတယ်။
သွားလိုတဲ့ခရီးကိုလဲ လျှာလေးနဲ့သွားရတဲ့ဂိမ်းဖြစ်ပါတယ်။
အားလုံးအဆင်ပြေကြပါစေဗျာ။

!! Download !!
စိုင်းပင်ဖ

သူရဲကောင်းလေး Awesom


သူရဲကောင်းလေး Awesom ဂိမ်းလေးကိုတင်ပေးလိုက်ပါတယ်။
ဆော့ကစားရတာ ပျော်ရွှင်ဖို့ကောင်းသလို
သူ့ရဲ့လေယဉ်ပျံထွက်ချိန်မှီအောင်လဲ အချိန်ကိုက်ပြေးလွှားနေရပါတယ်။
ပြေးရင်းလွှားရင်း လမ်းမှာကူညီနိုင်တာကူညီ
လူဆိုးသူခိုးဖမ်းစရာရှိရင်ဖမ်းလိုက်နဲ့
ဆော့ကစားလို့ကောင်းတဲ့ ဂိမ်းလေးပါ။
အားလုံးအဆင်ပြေကြပါစေဗျာ။

!! Download !!
စိုင်းပင်ဖ

ဖုန်းအင်တာနက်ကို ကွန်ပျူတာတွင် ချိတ်ဆက်အသုံးပြုနည်း !!


ဖုန်း အင်တာနက်ကို ကွန်ပျူတာနဲ့ ချိတ်ဆက်သုံးချင်ရ အလွယ်ကူဆုံး နည်းလမ်းလေးကို ဖော်ပြပေးပါမယ်။ အောက်ပါအတိုင်း လုပ်ဆောင်ပါလေ။

အဆင့်(၁) easytether  ကို ဖုန်းထဲတွင် Install လုပ်ယူပါ။ USB ကို အမှန်ခြစ်ပေးထားပါ။

Download Easytether For Phone From Zippyshare

Download Easytether For Phone From Solidfiles


အဆင့်(၂) easytether ကို ကွန်ပျူတာတွင် Installl လုပ်ပါ။

Download Easytether For Computer From Zippyshare

Download Easytether For Computer From Solidfiles


အဆင့်(၃) ဖုန်းကို အင်တာနက် ဖွင့်ထားပြီး USB ဖြင့် ကွန်ပျူတာတွင် ချိတ်ဆက်ပါ။ ဖုန်းတွင် USB debugging ဖွင့်ထားရန် လိုသည်။

အဆင့်(၄) ဖုန်းနှင့် ကွန်ပျူတာ ချိတ်ဆက်ပါက ကွန်ပျူတာ Start bar တန်း ညာအောက်ဖက်တွင် easytether Icon လေး ပေါ်နေလိမ့်မည်။ နှိပ်လိုက်ပါက ဖုန်းနှင့် ချိတ်ဆက်ထားသော Connect Via Android (your phone name) ဆိုသော စာတန်းလေးကို နှိပ်ပေးပါ။

အဆင့်(၅) Mozilla Firefox ဖွင့်၍ အင်တာနက် သုံးစွဲနိုင်ပါပြီ။

(မှတ်ချက်။  ။မူရင်းရေးသားသူကို Creadit ပေးပါတယ်ဗျာ)

ဂိမ်း (၇၂)မျိုးပါတဲ့ Apk

ကျနော်တို့ငယ်ငယ်တုန်းက ဆော့ခဲ့ကြတဲ့ familier game ဂိမ်းလေးတွေကိုသတိရကြမှာပါ။
အခုအချိန်မှာတော့ အဲဒီဂိမ်းတွေကို စက်ရုပ်ဖုန်းထဲမှာ ထည့်သွင်းဆော့ကစားနိုင်ပြီဖြစ်ပါတယ်ဗျာ။
ဆော့ပ်ဝဲလ်ကိုအောက်မှာဒေါင်းလိုက်ပါ။
အားလုံးအဆင်ပြေကြပါစေဗျာ။

!! Download !!


စိုင်းပင်ဖ(သဲတောမြေ)

Samsung GT-s5360T firmware



ဒီဖုန်းအမျိုးအစားမှာ အဖြစ်များတာကတော့ Power ဖွင့်ရင်
samsung Logo မှာ ရပ်ပြီး ဘာမှအလုပ်ဆက်မလုပ်တဲ့ပြဿနာလေးပါ။
ဒါမျိုးကြုံလာပြီဆိုရင်တော့ firmware ပြန်တင်လိုက်ရင်အဆင်ပြေပါတယ်ဗျ။
ဒီနေရာကိုနှိပ်ပြီး firmware ကိုဒေါင်းပါ။
Odin ကို အသုံးပြုပြီး တင်ရမှာပါ။
အားလုံးအဆင်ပြေကြပါစေဗျာ။
စိုင်းပင်ဖ


Huawei G6-C00 တွင် ထည့်သွင်းထားသော Apk များ ပျောက်သွားခြင်းပြဿနာ !



ကျနော်ကိုယ်တိုင်ကြုံတွေ့ဖူးတဲ့ ပြဿနာလေးပါ။
ဖုန်းအသစ်လာဝယ်လို့ Apk တွေသွင်းပေးပေမဲ့ ပါဝါပိတ်ပြီးပြန်ဖွင့်ရင် ဘာမှမကျန်ပဲဖြစ်နေတာပါ။
အကြိမ်ကြိမ်အခါခါစမ်းလဲ အဲ့လိုပါပဲဗျာ။
နောက်ဆုံး firmware တင်လိုက်မှ အဆင်ပြေသွားတာပါ။
Firmware တင်နည်းကတော့ Huawei G-610 နဲ့ အတူတူပါပဲဗျာ။
Firmware ကိုတော့ ဒီနေရာ မှာ ဒေါင်းလိုက်ပါ။
ရလာတဲ့ဖိုင်ထဲက dload ဖိုင်ကို SD ကဒ်ထဲကိုထည့်ပါ။
ဖုန်းကို ပါဝါပိတ်ပါ။
(၅)စက္ကန့်လောက်နေပြီး  Pwr + Vol+ + Vol- ခလုတ်သုံးခုကို တွဲဖိထားပေးပါ။
အောက်ကပုံအတိုင်း စာလေးတွေတက်လာရင် ဖိထားတဲ့ခလုတ်တွေကို အကုန်လွှတ်လိုက်ပါ။

အမှန်ခြစ်လေးနဲ့ Ok ဆိုတာ ပေါ်လာပြီးရင် အော်တို reboot ကျသွားပါလိမ့်မယ်။
ဖုန်းပါဝါ ပြန်တက်လာရင်တော့ Huawei Ascend G6 firmware တင်ခြင်းပြီးဆုံးပါပြီ။
အားလုံးအဆင်ပြေကြပါစေဗျာ။

စိုင်းပင်ဖ

!! Huawei Ascend P7 firmwares !!


Huawei စီးရီးထဲက Ascend P7 မော်ဒယ်ရဲ့ firmware များကို တင်ပေးလိုက်ပါတယ်။
မူရင်းလင့်ခ်ကနေ ပြန်တင်တာဖြစ်လို့ ဒေါင်းလုတ်ဆွဲထားကြစေလိုပါတယ်။
Build number အစုံ ပြန်တင်ပေးလိုက်ပါတယ်။
အားလုံးအဆင်ပြေကြပါစေဗျာ။

P7移动版固件(P7-L05,Android 4.4,Emotion UI,V100R001CHNC00B121SP01,移动渠道)
စိုင်းပင်ဖ(သဲတောမြေ)

လေးဂွနဲ့ပစ်တဲ့ဂိမ်း Apk


လေးဂွပစ် ၀ါသနာရှင်များအတွက် Gulel ဂိမ်းလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
ဒီဂိမ်းလေးကတော့ လေးဂွကို ချိန်ဆပြီး ပစ်ရတဲ့ဂိမ်းလေးပါ။
အသေးစိတ်ကိုတော့ Game ဆော့ရင်း အဖြေရှာလိုက်ရအောင်ဗျာ။
ဂိမ်းကိုတော့ အောက်မှာဒေါင်းလိုက်ပါ။
အားလုံးအဆင်ပြေကြပါစေဗျာ။

ဆော့ပ်ဝဲလ်ဒေါင်းရန်နှိပ်ပါ
စိုင်းပင်ဖ(သဲတောမြေ)

မြန်မာ့ဓါး


ရှေးခေတ် မြန်မာတို့မှာ ဓါးထုလုပ်ကြရာတွင် စင်ကြယ်လှသော သံကို စနစ်တကျ စပ်၍ ထုလုပ်ကြသည်။ထို့အပြင် ထုလုပ်လိုက်သော

ဓါးမှာ အသုံးပြုမည့်ပိုင်ရှင်ကို အကျိုးပေးကောင်းမကောင်းကိုလည်း တွက်ချက်တတ်ကြသည်။ဓါး၏ အရင်းအဖျားကို သတ်မှတ်ပြီးလျှင်

အလယ်ဗဟိုမှ တိုင်းထွာရပါသည်။ထိုတိုင်းထွာချက်ကို(၅)ဖြင့်မြှောက်၍(၈) ဖြင့်စားရသည်။

၁_ကြွင်းလျှင်အိုသည်အထိချမ်းသာမည်။

၂_ကြွင်းလျှင်၊ထိုဓါးကိုအသုံးမပြုသင့်။

၃_ကြွင်းလျှင်ရန်အောင်သည်။

၎_ကြွင်းလျှင်မကောင်းအသုံးမပြုသင့်။

၅_ကြွင်းလျှင်ဥစ္စာရတနာနှင့်ကျေးကျွန်ထွက်တတ်သည်။

၆_ကြွင်းလျှင်မကောင်း၊အသုံးမပြုသင့်။

၇_ကြွင်းလျှင်စုတ်လာဘ်တိုးတက်ဝင်မည်။

ဝ_ကြွင်းလျှင်ဓါးကိုင်သူသည်ဥပရာဇာဖြစ်ပါကမင်းဧကရာဇ်ဖြစ်မည်။အခြားပုဂ္ဂိုလ်ဖြစ်လျှင်ရာထူးကြီးကြီးတိုးတက်သည်ဟု အဟောရှိသည်။


သရဒွေးဗေဒင်ကျမ်းတွင် ကြတ္တီကာနက္ခတ်နှင့်ဖြစ်စေ၊ထိုနက္ခတ်နှင့်လမင်းယှဉ်ပြိုင်သောအချိန်၌ဖြစ်စေဓါးသွေးရမည်။ထိုအချိန်မကြုံကြိုက်မီ

ဓါးသွေးလိုပါက အင်္ဂါနေ့တွင်သွေးရမည်။မြန်မာ့ဓါးပညာရပ်တွင်ဓါးလုပ်အစီအရင်များစွာရှိသည်။ဆေးစီရင်သောဓါး၊အင်းချသောဓါးများနှင့်

သင်္ချိုင်းကိုးခုမှရသောသံဖြင့်ပြုလုပ်သောကိုးသင်္ချိုင်းဓါးတို့သည် မည်မျှပြီးသောသူဖြစ်စေပြတ်အောင်ခုတ်နိုင်သည်။

မြန်မာ့သမိုင်းတွင် ထင်ရှားကျော်ကြားသောဓါးများရှိသည်။၎င်းတို့မှာအောက်ပါအတိုင်းဖြစ်သည်။

(၁)ပန်းပဲမောင်တင့်တယ်၏ဓါး၊အသွားလက်ရှစ်သစ်ရှိသည်။

(၂)မောင်ပေါက်ကျိုင်း၏ဓါး၊နဂါးကိုနှိမ်နင်းအောင်မြင်သည်။တရုတ်ခြောက်ယောက်မ၍မကြွ။

(၃)ဒွတ္တဘောင်မင်းကြီး၏ဓါး၊နွားလည်ပင်းကိုအကွင်းလိုက်ပြတ်ကျအောင်ထက်သည်။

(၄)ကျန်စစ်သားမင်း၏စကြာဓါး၊အိန္ဒယတိုင်းရင်းသားတို့ကလွန်စွာကြောက်ရွံ့သည်။

(၅)အသင်္ခယာစောယွန်း၏ဓါး၊ဆင်လည်ပင်းပြတ်အောင်ထက်သည်။

(၆)ဘုရင်မင်းခေါင်၏ဓါး၊နှစ်မိုက်မြင့်သည့်ငွေတုံးကိုပြတ်အောင်ခုတ်နိုင်သည်။

(၇)မိုးညှင်းမင်းတရား၏နရဏီရွှေဓါး၊ယမနေပင်စောင့်ရုက္ခစိုးပင်ကြောက်ရွံ့သည်။

(၈)မြောင်းမြစားလောက်ဖျား၏သား မပစ်နွယ်၏ဓါး

(၉)ရွှေန်းကြော့ရှင်နရပတိ၏ယိမ်းနွဲ့ပါးဓါး၊မြန်မာ့သမိုင်းတွင်အကျော်ကြားဆုံးဓါးဖြစ်သည်။ဆင်ပေါ်ကလူကိုခုတ်လျှင် လူနှင့်တကွဆင်ပါပြတ်သည်။
စိုင်းပင်ဖ(သဲတောမြေ)

ဖက်ဆစ်ဂျပန်နဲ့ မြန်မာ့သိုင်းပြောင်းပြန်


သိုင်းပြောင်းပြန် သမိုင်းအကျဉ်း
            သိုင်းပြောင်းပြန်ပညာကို (၁၉၁၁) ခုနှစ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၂) နှစ်က အခု တွံတေး တောကြီးတန်းဘက်က ဇောတိကုန်း ဆိုတဲ့ ရှမ်းရွာမှာ စပြီးသင်ကြားပေးခဲ့တာဖြစ်ပါတယ်။ သင်ကြားပေးတဲ့ခဲ့တဲ့ ဆရာကြီးကတော့ ဦးချယ်ပဲဖြစ်ပါတယ်။ နောင် သိုင်းပြောင်း ပြန်ဦးမောင်လေးလို့ အမည်တွင်လာမယ့် ဆရာကြီး ဦးမောင်လေးအပါအ၀င် (၃) ဦးကို သုံးနှစ်သုံးမိုး သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ ဦးချယ် ဘယ်ကလာခဲ့သလဲ ဘယ်ကိုပြန်သွားသလဲဆိုတာလည်း သိခွင့်မရခဲ့ကြပါဘူး။ ရှမ်းပြည်ကလာတယ် ရှမ်းပြည်ကိုပြန်သွားတယ်။ ဒီလောက်ပဲ သိကြရပါတယ်။ ဦးချယ်မှာ ဆရာရှိသလား မရှိသလား မသိရပါ။ ဒါကြောင့်မို့ သိုင်းပြောင်းပြန်ရဲ့ မူလဖခင်ကြီးဟာ ဦးချယ်လို့ပဲသတ်မှတ်ရမှာဖြစ်ပါတယ်။
            သိုင်းပြောင်းပြန်အကြောင်းပြောကြမယ်ဆိုရင် ဦးမောင်လေးဆိုတဲ့ နာမည်ကို ချန်ထားခဲ့ရင် လုံးဝပြည့်စုံလိမ့်မယ် မဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ သိုင်းပြောင်းပြန်ပညာရပ်ကို မြန်မာပြည်အနှံ့အပြား ဖြန့်ဖြူးသင်ကြားပေးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်လို့ပါပဲ။ သိုင်းပြောင်း ပြန်ရဲ့ ဖခင်ကြီးလည်း ဖြစ်ပါတော့တယ်။ သိုင်းပြောင်းပြန်ဟာ ဦးမောင်လေးဖြစ်ပြီး ဦးမောင်လေးဟာလည်း သိုင်းပြောင်းပြန်ဖြစ်တယ်လို့ ဂုဏ်ပြုပြောဆိုနိုင်ပါတယ်။
            ဦးမောင်လေးကို အဖ ဦးဘိုးအို အမိ ဒေါ်စော တို့က ရှမ်းပြည်နယ် နမ့်လိုင်နမ့်ခမ်းကျေးရွာမှာ မွေးပါတယ်။ မွေးချင်း ၆ ယောက်အနက် နို့ညှာဖြစ်ပါတယ်။ မောင်စံထွေးလို့ အမည်မှည့်ပေမယ့် နောင်တော့ အစ်မတွေခေါ်နေကျ မောင်လေးဆိုတဲ့ နာမည်ပဲတွင် ပါတယ်။ ဦးမောင်လေးကိုမွေးပြီး မကြာခင်မှာပဲ အမိအဖတွေဟာ တွံတေး တောကြီးတန်း ဇောတိကုန်းရွာမှာ ပြောင်းရွှေ့အခြေချကြ ပါတယ်။ ပြောရရင် ရှမ်းပြည်ဖက်ကနေ ဧရာဝတီတိုင်းဖက် ပြောင်းလာကြတာပါပဲ။
            ဒီမှာ တစ်ခုချန်ထားခဲ့တာက ဦးမောင်လေးကို မွေးတဲ့ နှစ်အပိုင်းအခြားကာလဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အထူးပြုပြော ချင်လို့ ချန်ထားခဲ့တာလည်းဖြစ်ပါတယ်။ ဦးမောင်လေးကို ခရစ်နှစ် (၁၈၉၆ ခုနှစ်)၊ မြန်မာနှစ် ၁၂၅၇ ခုနှစ် ပြာသိုလပြည့်ကျော် ၃ ရက် (ကြာသပတေးနေ့) မှာ မွေးဖွားပါတယ်။ ဒီနှစ်ထဲမှာပဲ မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတဖြစ်လာမယ့် ညောင်ရွှေစော်ဘွား စ၀်ရွှေသိုက်ကို မွေးဖွားတာလည်းဖြစ်ပါတယ်။ ဂျပန်က Judo ပညာရှင်ကြီး Masutaro O’ Tani လည်း ဒီနှစ်မှာပဲ မွေးဖွားပါတယ်။ တရုတ်ပြည် ဖူဟမ်က Wing Chun သိုင်းပညာရှင် Yip Man (ဘရုစ္စလီရဲ့ ဆရာရင်း) ကိုတော့ ၁၈၉၃ ခုနှစ်မှာ မွေးဖွားတာဖြစ်လို့ ဦးမောင်လေးထက် အသက် ၃ နှစ်ကြီးတယ်လို့ ဆိုရပါမယ်။ ဘာပဲပြောပြော ဒီနှစ်အပိုင်းအခြားတွေဟာ အလွန်ထူးခြားတဲ့ ထက်မြက်တဲ့ ပုဂ္ဂိုလ်တွေ မွေးဖွားတဲ့နှစ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။
            ဆရာကြီးဦးမောင်လေးအကြောင်းပြန်ဆက်ရရင် ဆရာကြီးဟာ အသက် (၁၅) နှစ်အရွယ်ကစလို့ သိုင်းပြောင်းပြန်ပညာကို သုံးနှစ်သုံးမိုး အပတ်တကုတ်သင်ကြားခဲ့ပြီး အသက် (၂၀) ကျော်ကျော် အရွယ်ကစလို့ ကွယ်လွန်သည်အထိ ဒီပညာရပ်ကို မြန်မာပြည် အနှံ့ ပြန်လည်ဖြန့်ဖြူးသင်ကြားပေးခဲ့ပါတယ်။ ဆရာကြီးကွယ်လွန်ချိန်မှာ အသက် (၈၉) နှစ်အရွယ်ရှိပါပြီ။ ကွယ်လွန်တဲ့ ၂၁-၃-၁၉၈၅ ရက်နေ့အထိ ရေတွက်မယ်ဆိုရင် နှစ်ပေါင်း (၇၀) ကျော်ကျော် အဆက်မပြတ် ပညာဖြန့်ဖြူးပေးခဲ့မှုကြောင့်ပဲ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီးမှာပါ ဒီ သိုင်းပြောင်းပြန်ပညာရပ်ကို လေ့ကျင့်သင်ကြားသူတွေ တိုးပွားမြဲတိုးပွားလျှက်ရှိပါတော့တယ်။
            ဒီမှာတင်ပဲ သမိုင်းအကျဉ်းကို ရပ်လို့ “ဖက်ဆစ်ဂျပန်နဲ့ သိုင်းပြောင်းပြန်” ဆိုတဲ့ အပိုင်းကို ဆက်သွားကြပါဦးစို့။

ကဒက်ဥ ဂျပန်
            ဖက်ဆစ်ဂျပန် မြန်မာပြည်ကိုဝင်လာတဲ့အချိန်မှာ ပထမဦးဆုံးနဲ့ အမြန်ဆုံးလုပ်တဲ့ကိစ္စတွေထဲမှာ ယခင် အင်္ဂလိပ်ခေတ်ငွေစက္ကူ သုံးစွဲမှုကိုဖျက်သိမ်းပြီး ငွေစက္ကူသစ် ထုတ်ဝေတာလည်း အဓိကတစ်ချက်ဖြစ်ပါတယ်။ ဒါက အဲဒီခေတ် ဖက်ဆစ်တွေ နယ်ချဲ့တွေ နိုင်ငံ တစ်ခုကို သိမ်းပိုက်ပြီးတဲ့အချိန်မှာ လုပ်လေ့ရှိတဲ့ လုပ်ရိုးလုပ်စဉ်နည်းတစ်ခုပါပဲ။ ဘဏ္ဍာအရင်းအနှီးတွေကို တစ်ချက်တည်းစုစည်းလိုက် တဲ့သဘောပါပဲ။ ဂျပန်ခေတ်ငွေစက္ကူထုတ်လုပ်တဲ့အခါမှာ ကဒက်ဥကိုလည်း ကုန်ကြမ်းအဖြစ်သုံးပါတယ်။ ကဒက်ဥဟာ ငွေစက္ကူထုတ် လုပ်ရာမှာ အခရာကျတယ်လို့လည်း ဆိုရမှာဖြစ်ပါတယ်။ ငွေစက္ကူသားချောမွေ့ကောင်းမွန်ဖို့ ရေရှည်ခံဖို့နဲ့ တောင့်တင်းဖို့အဓိက အသုံး ပြုတယ်လို့ဆိုပါတယ်။
            ဂျပန်ခေတ်ကိုသိမီလိုက်ကြတဲ့ လူကြီးသူမတွေပြောပုံအရဆိုရင် ဂျပန်စစ်တပ်ဟာ ငွေကိုရေလိုသုံးတယ်တဲ့။ ဂျပန်စစ်သား တွေရဲ့ခါးမှာ ငွေရိုက်ထုတ်လို့ရတဲ့စက်ကိုများ ချိတ်ထားသလားအောက်မေ့ရတယ်တဲ့။ ဆိုလိုတာက ငွေစက္ကူကို ဘုန်းဘောလအော တင်းကြမ်းရိုက်ထုတ်နေတာပါ။ ဒါကြောင့် ငွေတန်ဘိုးလည်းမရှိပါဘူး။ ငွေကြေးဖောင်းပွမှုလည်း အဆမတန်မြင့်တက်ပါတယ်။ မြန်မာ ပြည်သူတွေ အင်မတန်ဆင်းရဲတွင်းနက်ကြပါတယ်။ အခြေခံစားသောက်ကုန်နဲ့ ပစ္စည်းပစ္စယတွေလည်း အင်မတန်ရှားပါးသွားပါတယ်။ ဂျပန်လံကွတ်တီအဟောင်းအစုတ်တောင် မြန်မာတွေမှာ အရောင်းအ၀ယ်ဖြစ်တယ်လို့ ဂျပန်လူမျိုးဦးရွှေဘနဲ့ မြန်မာ့အသံဦးကျော်ဦးတို့ ဘာသာပြန်တဲ့ “စစ်အတွင်း မြန်မာပြည် အတွေ့အကြုံများ” ဆိုတဲ့စာအုပ်မှာ ဖတ်ရဖူးပါတယ်။ ဒါတောင် ဂျပန်အုပ်စိုးသွားတာ ၁၉၄၂ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ သုံးနှစ်သာသာလေးမို့လို့။
            ဆိုတော့ ငွေတွေများများရိုက်ထုတ်လေလေ ကဒက်ဥတွေများများလိုလေလို့ ပြောရမှာပါပဲ။ ဒီ ဂျပန်ခေတ်မှာပဲ ဆရာကြီး ဦးမောင်လေးဟာ ကဒက်ဥ ကုန်သည်ဖြစ်ရပါတော့တယ်။ ဒီလိုဖြစ်လို့ ဆရာကြီးဟာ ဖက်ဆစ်ဂျပန်ကိုကူညီတဲ့သူလို့တော့ မပြောသာ ပါဘူး။ ဒီခေတ်ဆိုးခေတ်ပျက်ကာလ လူတိုင်းဖြူကာပြာကာ မွဲနေကြတဲ့အချိန်မှာ စားဝတ်နေရေးအတွက် မဖြစ်သာလို့ ရုန်းကန်ရတယ် လို့ပဲ မှတ်ယူရမှာပါ။ ဖက်ဆစ်ဂျပန်ဆိုတာကလည်း ခိုင်းရင်ခိုင်းတာလုပ်မှ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ဆရာကြီးဇာတိ ဇောတိကုန်း တ၀ိုက် အရိုးတော်ရွာအပါအ၀င် ရွာနီးချုပ်စပ်ဟာ ဂျပန်ခေတ်မှာ ကဒက်ဥကြောင့် ပါးစပ်စို ၀မ်းစိုနိုင်ကြပါတယ်။
            ဆရာကြီးဦးမောင်လေး ကဒက်ဥကုန်သည်ဖြစ်ရတာကလည်း ရိုးရှင်းပါတယ်။ တနေ့မှာ ဇောတိကုန်းဖက် စက်ချုပ်စက် ရှာဝယ်နေတဲ့ ဂျပန်အ၀ယ်တော် ကိုဘစောဆိုတဲ့လူကို ငွေလုအသတ်ခံရမယ့်အရေးက ကယ်လိုက်ပါတယ်။ ဒီကနေ စကားစပ်မိလို့ ဒီဖက် တကြော ကဒက်ဥပေါတယ်ဆိုရင် ၀ယ်ချင်ပါတယ်ဆိုတာနဲ့ နောက်ဆုံးတော့ ကဒက်ဥကုန်သည်ဖြစ်ရတော့တာပါပဲ။ ကိုဘစော ကလည်း သူဟာ ဂျပန်အလိုတော်ရိမဟုတ်ပါ၊ အ၀ယ်တော်သက်သက်၊ ဘာသာပြန်ပေးသူသက်သက်သာဖြစ်ပါတယ်လို့ ၀န်ခံကတိပြု တာကြောင့်လည်း အရောင်းအ၀ယ်တည့်သွားပုံရပါတယ်။ ရွာနီးချုပ်စပ်က တူးခိုင်းလို့ရတဲ့ ကဒက်ဥကို ရန်ကုန်က ရွှေဂုံတိုင် ဂျပန်ဂတ် တဲကို သွင်းရပါတယ်။ ကဒက်ဥဖိုးငွေကိုတော့ ကန်တော်ကြီးဂျပန်ဂတ်တဲမှာ ထုတ်ယူ။ ရွာပြန်လာ။ တူးပေးတဲ့သူတွေကို ပြန်ပြီးခွဲခြမ်း ဝေငှပေး။ ဒီအလုပ်ပါပဲ။

မဟုတ်မခံ သိုင်းပြောင်းပြန်
            အဲဒီခေတ်မှာ ဂျပန်ဟာ လိုရင်လိုသလို ချွေးတပ်ဆွဲ၊ မသင်္ကာတဲ့လူကို ဖမ်းဆီးနှိပ်စက်တတ်ပေမယ့် ဆရာကြီးဦးမောင်လေး တစ်ယောက် ဒီလို ကဒက်ဥတွေ ပို့ချည် ပြန်ချည် လုပ်နေတာ ဘာပြဿနာမှ ကြီးကြီးမားမားမဖြစ်ပါဘူး။ ဂျပန်စစ်တပ်က ထုတ်ပေး ထားတဲ့ ထောက်ခံစာဟာလည်း အတော်ကိုအသုံးတည့်နေပါတယ်။ ဇောတိကုန်းနဲ့ ရွာနီးချုပ်စပ်မှာ ချွေးတပ်ဆွဲခံရမယ့်အရေး၊ ဖမ်းဆီး နှိပ်စက်ခံရမယ့်အရေးတွေကို ဒီထောက်ခံစာအစွမ်းနဲ့ ဒေသခံတွေကို ကူညီရှာပါတယ်။ ဦးမောင်လေးရဲ့ ကဒက်ဥသမ္ဗာန် ဗားဂရာလှေ ဆိပ်ရောက်လာပြီဆိုတာနဲ့ ဆိပ်ကမ်းက ကုန်တင်ကုန်ချအလုပ်သမားတိုင်း အခမဲ့သယ်ပိုးပေးကြပါတယ်။ အကြောင်းကတော့ ဂျပန်တွေ ချွေးတပ်သားလိုတဲ့အခါ ဗားဂရာလှေဆိပ်မှာ လာလာဆွဲတတ်ပါတယ်။ ဒီလိုချွေးတပ်ဆွဲတဲ့အခါနဲ့ ဆရာကြီးဦးမောင်လေးက ဒါ သူ့လူ တွေပါပဲလို့ စစ်တပ်ထောက်ခံစာထုတ်ထုတ်ပြပြီး ကူညီလေ့ရှိပါတယ်။ ဒါကြောင့် ချွေးတပ်ဆွဲခံရမယ့်အရေးက အမြဲလွတ်လေ့ရှိပါတယ်။ နောင်တော့ ဗားဂရာလှေဆိပ်ဖက်ကို ဂျပန်တွေခြေဦးလှည့်မလာကြတော့။ ဆရာကြီးဦးမောင်လေးထုတ်ပြမယ့် ဂျပန်စစ်တပ်ထောက် ခံစာကို ခဏခဏမဖတ်ချင်တော့လို့ ဖြစ်ပါလိမ့်မယ်။
            ဦးမောင်လေးဟာ ဂျပန်ကိုကဒက်ဥရောင်းပေမယ့် ဂျပန်တွေဗိုလ်ကျတာတော့ ငုံ့ခံလေ့မရှိခဲ့ဘူး။ တနေ့တော့ ကဒက်ဥသွင်းပြီး ငွေသွားအထုတ်မှာ ငွေကိုင် ဂျပန်အလိုတော်ရိကုလားနဲ့ ဂျပန်တစ်ယောက်ပေါင်းပြီး ကဒက်ဥဖိုးထဲက ငွေတစ်သောင်းကို ဖျောင်ထား ဖို့ကြံကြပါတယ်။ ဒီမှာတင် ဂျပန်နဲ့ ဦးမောင်လေးတို့ အပြန်အလှန်အော်ကြီးဟစ်ကျယ် ဖြစ်ကြပါတယ်။ ဂျပန်ကလည်း ဂျပန်လို ဆူဆဲ အော်ငေါက်ပြီး ထွက်သွားဖို့ချည်းပြောတယ်။ ဆရာကြီးဦးမောင်လေးဟာ ဂျပန်ကငေါက်ငမ်းလို့ ငုံ့ပြန်သွားလိမ့်မယ်မထင်နဲ့။ ငွေတစ် သောင်းလိုနေတယ်ဆိုတာကို ပယ်ပယ်နယ်နယ် ပတ်တုတ်ရိုက်ပြီး ပြန်အော်ပါတယ်။ သူငေါက် ကိုယ်အော်ပါပဲ။ စစ်တပ်တစ်တပ်လုံး ဆူညံပွက်သွားအောင် အော်ပါတယ်။ ဒီအတိုင်းငြိမ်ခံပြီးပြန်လာရင်လည်း ရွာမှာကျန်ခဲ့တဲ့ ကဒက်ဥတူးသူတွေကို ကိုယ့်အိတ်ထဲက ငွေတစ်သောင်းစိုက် လျော်ရပေလိမ့်မယ်။ ဒီမှာတင် ကိုဘစောရောက်လာလို့ အဖြစ်အပျက်ကို သေချာအောင်ပြောနိုင်တော့တယ်။ ကိုဘစောနဲ့ရှေ့ဆင့်နောက်ဆင့် ဂျပန်အရာရှိရောက်လာပြီး အကျိုးအကြောင်းသိတဲ့အခါ ငွေကိုင်ကုလားနဲ့ ဂျပန်စာရေးကို ခွေခေါက်လဲ သွားလောက်အောင် ပါးနားရိုက် ကန်ကျောက် ထိုးကြိတ်ပြီး ခိုးထားတဲ့ငွေကို ပြန်ပေးစေပါတယ်။ ကဒက်ဥဆိုတာ ဖက်ဆစ်တို့အတွက် ငွေဖြစ်နေတာမဟုတ်ပါလား။ ဖက်ဆစ်တို့ရဲ့ ဘဏ္ဍာရေးယန္တယားကြီးတစ်ခုလုံးဟာလည်း ဦးမောင်လေးရဲ့ လက်ထဲမှာပဲ မဟုတ်ပါလား။

သေနတ်မပါတမ်း ကြိုက်သလိုစမ်း
          ငွေတစ်သောင်းအမှုရှင်းအပြီး ဦးမောင်လေးတို့သမီးယောက်ဖနှစ်ယောက် ငါးထပ်ကြီးဘက်ကိုအသွား ၀င်္ကဘာလမ်း အ ရောက်မှာ ဂျပန်တစ်ယောက်နဲ့ ဗမာတစ်ယောက် သူတစ်ပြန်ကိုယ်တစ်ပြန် ထိုးကြိတ်နေကြပါလေရောလား။ ယောက်ဖလုပ်သူက ဦး မောင်လေးအကြောင်းသိဖြစ်လို့ ရန်ပွဲကိုရှောင်ဖို့ အတင်းပြောတယ်။ ဦးမောင်လေးကတော့ နားမထောင်။ ဗမာကလက်ရည်သာတယ်။ ဗမာ့လက်ဝှေ့တတ်ပုံရတယ်ဆိုတာ သူသိတယ်။ ဗမာဖက်က ထိုးချလိုက်လို့ ဂျပန်မှောက်မှောက်သွားတိုင်း အားရနေပုံရတယ်။ ငွေတစ် သောင်းကိစ္စကြောင့် စိတ်ချဉ်ပေါက်နေတာ အတော်ပဲဖြစ်သွားပုံရတယ်။ ဘေးကနေညာပေးတယ်။ ပြတ်ပြတ်တွယ်ပစ်ဖို့ အားပေးတယ်။ နောက်ဆုံးတော့ ဂျပန်လည်း ခွေခေါက်သွားရပြီ။ ဗမာ့လက်ဝှေ့သမားလည်း မောပြီ။ ဒီမှာတင် ဂျပန်စစ်ပုလိပ်ကားတစ်စီး ဝေါကနဲ ရောက်လာပြီး စစ်ဗိုလ်တစ်ယောက်က သူနဲ့ဆက်ချကြဖို့ လက်ဝှေ့သမားကို စိန်ခေါ်ပြန်တယ်။ ဒီမှာတင် ဦးမောင်လေးလည်း ငြိမ်မ နေတော့ သေချင်သေပါစေ ဆက်ချဖို့ လက်ဝှေ့သမားကို အတင်းတွန်းတော့တယ်။


(ပုံစာ - ဒုတိယကမ္ဘာစစ်အတွင်းက အိုကီနာဝါကျွန်းပေါ်ရှိ ကင်ပေစစ်လေ့ကျင့်ရေးစခန်းက ကိုယ်ခံပညာသင်တန်းတစ်ခု)

ဂျပန်စစ်ဗိုလ်လည်း မြောက်ကြွမြောက်ကြွလုပ်နေတဲ့ ဦးမောင်လေးကို ကြည့်မရဘဲ စိန်ခေါ်တော့တယ်။ ဆရာကြီးဦးမောင်လေးဟာ ဒီအကွက်ကို စောင့်နေတာ ဖြစ်ပါလိမ့်မယ်။ ရေငတ်တုန်း ရေတွင်းထဲကျဆိုသလို စိမ်လိုက်စမ်းပေါ့။ ယောက်ဖလုပ်သူ ကိုဘိုးဆင်ခမျာ ငိုကြီးချက်မနဲ့ အတင်းတားပေမယ့် မရတော့။ ကိုဘိုးဆင် ငို မယ်ဆို ငိုလောက်စရာ။ စစ်ပုလိပ်ဆိုတာ ကင်ပေတွေပဲမဟုတ်ပါလား။ ကင်ပေဆိုတာလည်း ဖက်ဆစ်ထဲမှာ ကြမ်းပေ့ ရမ်းပေ့ဆိုတာမျိုး။ ကင်ပေတိုင်း ဂျပန်ကိုယ်ခံပညာ ကောင်းကောင်းတတ်အောင် လေ့ကျင့်ပေးလိုက်ပြီးသား။ ရက်စက်တတ်အောင်လည်း ကင်ပေသင် တန်းမှာကတည်းက သင်တန်းသားချင်း အပြန်အလှန် ပါးရိုက်ခိုင်းထားတာ။ ပါးရိုက်တာတောင် အချင်းချင်းမို့ညှာရိုက် လျှော့ရိုက်ရင် ဆရာသမားတွေက ကောင်းကောင်းဝင်ရိုက်ပြီး သင်ပေးထားတာ။ ဦးမောင်လေးကတော့ ဘာကောင်ကြီးဖြစ်ဖြစ်မကြောက်။ “ငါသင် ထားတဲ့ပညာဟာ အမျိုးဘာသာ သာသနာအတွက်” လို့ ဆိုထည့်ပြီး ဂျပန်နဲ့ရင်ဆိုင်လိုက်တော့တယ်။
            ဂျပန်စစ်ဗိုလ်က နံပါတ်တုတ်ကို ကင်ဒိုခုတ်ဟန်သုံးပြီး ထိုးတယ်။ တိုက်တယ်။ ရိုက်တယ်။ သိုင်းပြောင်းပြန်သမားဦးမောင်လေး က လက်ချည်းသက်သက်။ ဒါပေမယ့် မနိုင်ရေးချ မနိုင်။ ဂျပန်စစ်ဗိုလ်ခမျာ မနိုင်ရုံသာမက အာလူးသီးအပိန်းပိန်းထပြီး ခံရတော့တယ်။ ဆရာမနိုင်တော့ တပည့်တပ်ကြပ်ကြီးတစ်ယောက်က နံပါတ်တုတ်နဲ့ ၀င်ရိုက်ပြန်တယ်။ ဦးမောင်လေးလည်း ဂျပန်စစ်ပုလိပ်နှစ်ယောက် စလုံးမှောက်သွားအောင် အပြတ်ဆွဲပစ်လိုက်တော့တယ်။ သိုင်းပြောင်းပြန်မဟုတ်ပါလား။ သိုင်းပြောင်းပြန်စစ်တယ်ဆိုရင် မောင်းပြန် သေနတ်ကလွဲရင် ကြိုက်တာနဲ့စမ်း။

ဂိုရှိ ဂေးရှိ ခိုင်းရှား (Goshi Gaeshi Kaisha)
            Goshi Gaeshi ဆိုတဲ့စကားလုံးဟာ ဂျပန်ရဲ့ Harai Goshi Gaeshi ဆိုတဲ့စကားလုံးက လာတာဖြစ်ပါတယ်။ လွယ်လွယ်ပဲ ပြောရရင်တော့ ဆွဲ၊ ကိုင်၊ ချုပ်၊ ညှစ်၊ ပေါက် ဆိုတဲ့ ဂျူဒိုပညာ။ အသတ်အပုတ်ပညာ။ သိုင်းပညာ။ Kaisha ဆိုတာကတော့ ကုမ္ပဏီ၊ အသင်း၊ အစုအဝေး၊ အဖွဲ့အစည်းလို့ဆိုပါတယ်။
            ဂျပန်စစ်ပုလိပ်တွေခမျာ ဦးမောင်လေးရဲ့ သိုင်းပြောင်းပြန်နဲ့အတွေ့မှာ ကြယ်လ နက္ခတ္တာရာ အတော်စုံသွားပုံရတယ်။ ဒါပေမယ့် ချက်ချင်းကုန်းရုန်းထပြီး ဦးမောင်လေးကို ၀မ်းသာအားရ လက်ဆွဲနှုတ်ဆက်ကြပါတယ်။ ဂျစ်ကားပေါ် အတင်းဆွဲတင်ကြ ပါတယ်။ ကိုဘိုးဆင်ကတော့ အကောင်းလို့မထင်။ ဒီတစ်ခါတော့ နေလှန်းပြီး လက်သည်းခွံအခွါခံရပြီပေါ့လို့ ချုံးပွဲချငို။
            မင်္ဂလာဒုံဂျပန်စစ်တပ်ထဲ ရောက်တဲ့အခါ ဂျပန်အရာရှိတစ်ယောက်နဲ့တွေ့တော့မှ ရှင်းတော့တယ်။ ဦးမောင်လေးပညာပေး လိုက်တဲ့ ဂျပန်စစ်ပုလိပ်တွေဟာ နယ်နယ်ရရထဲကမဟုတ် ကိုယ်ခံပညာအတော်ကြီးတတ်ထားကြသူများပင်။ ဒါကြောင့် ဒီနှစ်ယောက် ကို လက်နှက်မပါ လက်ဗလာနဲ့ဆော်ထည့်လိုက်တဲ့သူဆိုတာလည်း ပေါ့သေးသေးမဟုတ် ဆရာ့ဆရာကြီးပဲဖြစ်ရတော့မယ်။ ဒါကြောင့် ဖျာပုံစစ်တပ်မှာ သိုင်းသင်ပေးစေ။ အမိန့်။ ငြင်းရင်သေနိုင်တာမို့ မငြင်းတော့။ ဖက်ဆစ်ကို ပညာသင်ပေးရမှာဖြစ်လို့ အမျိုးဘာသာ သာသနာကို နှိပ်စက်ပေတော့မယ်။ မြွေမသေ တုတ်မကျိုး ငါးပြားဆယ်ပြားဖိုးအဆင့်လောက်ပဲ သင်ပေးဖို့ဆုံးဖြတ်ပြီး လက်ခံလိုက်ရ တော့တယ်။ (စကားချပ် - ဂျပန်တွေဟာ တရုတ်ပြည် ဖူဟမ်ကို သိမ်းထားတုန်းကလည်း တရုတ်သိုင်းပညာရှင်တွေကို အမျိုးမျိုးစမ်း သပ်ပြီး ပညာသင် ယူဖို့ကြိုးစားကြတယ်။ ဂျပန်တွေရဲ့ပညာလိုလားမှုဟာ မာနခံမထားဘူး။ သူတို့ထက်သာတယ်ဆိုရင် တပည့်ခံဖို့ဝန် မလေးဘူး။ အတုယူ ထိုက်ပါတယ်။ နောင် ဘရုစ္စလီရဲ့ ဆရာဖြစ်လာမယ့် Wing Chun သိုင်းပညာရှင် Yip Man ဟာ ဂျပန်ဆယ် ယောက်ကို တပြိုင်တည်းစိန်ခေါ်တိုက်ခိုက်နိုင်ခဲ့လို့ ဂျပန်စစ်တပ်မှာ သိုင်းသင်ပေးရမယ်လို့ အဓမ္မခိုင်းတာခံရဖူးပါတယ်။ တရုတ်နဲ့ဂျပန် သမိုင်းအကြွေးက မပြေနိုင်လောက်အောင်ကြီးလို့ Yip Man က အပြတ်ငြင်းပြီး ရှောင်ပုန်းနေခဲ့ရတယ်။ ဟောင်ကောင်မင်းသား Donnie Yen က Yip Man အသွင်နဲ့ အပြီအပြင်သရုပ်ဆောင်ထားတာ အတွဲ ၂ တွဲတောင်ရှိပါတယ်။ ကိုလွင်မိုးကလည်း အားကျမခံ “ပြောင်းပြန် မောင်လေး” ဆိုပြီး ဆရာကြီးဦးမောင်လေးရဲ့ အတ္ထုပတ္တိတစ်စိတ်တစ်ပိုင်းကို ဗွီဒီယိုတစ်ကားရိုက်ထားတာ ကြည့်ရဖူးပါတယ်။ ဂွကျတာ က အဓိကသရုပ်ဆောင် ကိုလွင်မိုးခမျာ သိုင်းပြောင်းပြန်လည်း ကောင်းကောင်းမတတ်၊ မြန်မာ့ဗွီဒီယိုအဆင့်အတန်းကလည်း အကန့် အသတ်ဖြစ်နေတော့ အားရစရာကိုမရှိပါ။ ဘာပဲဖြစ်ဖြစ် ကြံဖန်ပြီးတော့ ကျေးဇူးတင်သင့်တယ်။)
            ဖျာပုံဂျပန်တပ်မှာ သိုင်းသင်ရမယ်လို့အမိန့်ချလိုက်တော့လည်း မတတ်နိုင်။ သင်ရပေပြီ။ သင်ပေးတဲ့အခါကျတော့လည်း မညှာ မတာ မခိုမကပ်သင်ပေးတယ်။ ပြောင်းပြန်ပညာအပေါ်အထင်အမြင်မသေးစေဖို့ ကောင်းကောင်းမွန်မွန်ကြပ်ကြပ်မတ်မတ်သင်ပေးတယ်။ သင်ပေးပေမယ်လို့ ပေးချင်သလောက်ကိုပဲ အကန့်အသတ်နဲ့သင်ပေးတယ်လို့ ဆရာကြီးဦးမောင်လေးက ဆိုပါတယ်။ ဒါတောင်မှပဲ ကိုရွှေ ဂျပန်တို့ခမျာ ပြဲပြဲလန်အောင်သင်ယူကြရရှာတယ်။ ဦးမောင်လေးကလည်း ကောင်းကောင်းကြီးမောင်းတယ်။ ဒီလိုပယ်၊ ဒီလိုခုတ်၊ ဒီလိုခွဲ။ တစ်ခါနှစ်ခါပြောလို့ပြလို့နားမ၀င်ရင် ဗြောင်း၊ ဒိုင်း၊ ဖုန်း၊ ခွက် ဆိုတဲ့အသံတွေမြည်လာမယ်။ နဘန်ကျင်းမယ်။ သိုင်းပြောင်းပြန် ဂျပန်သင်တန်းသားများခမျာ ဖျာပုံမှာ ပြာပုံဘ၀ရောက်ရတော့မလား ဆိုရလောက်အောင် ဦးမောင်လေးရဲ့လက်စွမ်းကို မြည်းစမ်းခဲ့ရရှာ တယ်။ မြန်မာတစ်မျိုးသားလုံး ဖက်ဆစ်ဂျပန်တွေ နှိပ်စက်တာခံနေရတဲ့ကာလကြီးမှာ ဆရာကြီးဦးမောင်လေးက သူတို့ကို ကောင်း ကောင်းကြီး နဘန်ကျင်းခွင့်ရနေတယ်။ ကောင်းကောင်းကြီး အော်ငေါက်ဆူပူခွင့်ရနေတယ်။ သိုင်းပြောင်းပြန်ပညာရပ်ရဲ့ ထူးခြားတဲ့ ကံကြမ္မာ၊ ဆရာကြီးဦးမောင်လေးရဲ့ ထူးခြားတဲ့ကံကြမ္မာလို့ပဲ ဆိုရပါတော့မယ်။
            ဒီလို သိုင်းသင်ပေးနေရတဲ့ တစ်လနီးပါးကာလအတွင်းမှာ ကဒက်ဥမျှော်တဲ့ ဂျပန်အရာရှိကလည်း ဦးမောင်လေးကို မျှော်ရှာ တယ်။ ပိုက်ဆံတစ်သောင်း အခိုးခံရလို့ စိတ်ဆိုးပြီးလာမပို့တော့တာလားလို့လည်း တွေးနေပုံရတယ်။ စကားပြန်ကိုဘစောကို ဇောတိ ကုန်းလွှတ်ပြီး စုံစမ်းခိုင်းပြန်တယ်။ ကင်ပေဖမ်းတာခံရတယ်လို့သိရတဲ့အခါ တပ်အသီးသီးကို ဆင့်ကဲဆင့်ကဲစုံစမ်းရပြန်တယ်။ ကိုဘစော ခမျာ သူ့အသက်သခင်အရေးမို့ အတော်အပင်ပန်းခံပြီး စုံစမ်းမေးမြန်းဟန်တူပါတယ်။ နောက်ဆုံး ဖျာပုံတပ်မှာ သိုင်းသင်ပေးနေရတယ် ဆိုတော့မှ စိတ်အေးကြရတော့တယ်။ ဦးမောင်လေးကို ပြန်လွှတ်ပေးဖို့ ပြောရတယ်။ ဖျာပုံတပ်ကလည်း ဆရာကြီးရဲ့အစွမ်းကို ကောင်း ကောင်းကြီးလေးစားနေကြပြီမို့ ပြန်မလွှတ်ချင်။ ဂျပန်စစ်အရာရှိများကလည်း သင်တန်းဆရာအဖြစ်သာဆက်ထားဖို့ အလိုရှိကြပြန်တယ်။ ဒီမှာတင် ဦးမောင်လေးမရှိရင် ကဒက်ဥရှာဖို့ အခက်အခဲပိုဖြစ်သွားလိမ့်မယ်လို့ ကိုဘစောက ချက်ကျလက်ကျအကြောင်းပြတော့မှ တွံတေးကို ချက်ချင်းပြန်ပို့ပေးဖို့ စစ်မိန့်ထုတ်ရတော့တယ်။ ကဒက်ဥဟာ အရေးကြီးတယ်မဟုတ်ပါလား။ ဘဏ္ဍာရေးဟာ အရေးကြီး တယ်မဟုတ်ပါလား။

(ပုံစာ - ဂျပန်တပ်မတော်က ထုတ်ပေးလေ့ရှိတဲ့ ဂုဏ်ထူးဆောင်လက်မှတ်။ ယခုပုံသည် Jugun Kisho Certificate သာဖြစ်ပြီး၊ ဆရာကြီးမောင်လေးကိုပေးအပ်ခဲ့သော ဂုဏ်ပြုလက်မှတ်ပုံသဏ္ဌာန်ကို ရှာဖွေရခက်ခဲနေပါသဖြင့် အနီးစပ်ဆုံးတူသော ပုံကိုသာ ဖော်ပြထားပါတယ်။)

            ဇောတိကုန်းပြန်ရောက်ပြီး ကဒက်ဥတွေပြန်စု၊ ပို့လို့ရတဲ့အချိန်ကျတော့ ရန်ကုန်ကိုပို့ပေးရပြန်တယ်။ ဒီတစ်ခေါက်မှာ ကိုဘစောကအသင့်ကြိုပြီး ဂျပန်စစ်အရာရှိကြီးတစ်ယောက်ဆီ ခေါ်သွားပြန်တယ်။ ဦးမောင်လေးကိုတွေ့တဲ့အခါ ဂျပန်အရာရှိဟာ အင် မတန်သဘောကျဟန်ပြပြီး ကောင်းကောင်းမွန်မွန်ဆီးကြိုတယ်။ ခြေဆံ လက်ဆံ လက်အိုး ပေါင်ခွင်တွေကို ကိုင်ညှစ်ကြည့်ပြီး အင်မတန် မှချီးမွှမ်းတယ်။ နောက်တော့ တစ်တောင်ပတ်လည်နီးပါးရှိတဲ့ ဂျပန်စာတွေရိုက်နှိပ်ထားတဲ့စာရွက်ကြီးအလယ်မှာ ရွှေစာလုံးကြီးတစ်လုံး ထင်းနေအောင်ထပ်ပြီးရိုက်ထားတဲ့ ဂုဏ်ပြုလက်မှတ်ကို ထုတ်ပေးပါတော့တယ်။ ဒါဟာ ဂျပန်တပ်မတော်ရဲ့ ဂုဏ်ထူးဆောင်သိုင်း ဆရာကြီးဘွဲ့။ တနည်းအားဖြင့် “ဂိုရှိ ဂေးရှိ ခိုင်းရှား (Goshi Gaeshi Kaisha)” ပါပဲ။ ဒီဂျပန်စကားစုရဲ့အဓိပ္ပါယ်ကို ဆီလျော်အောင် ဘာသာပြန်ကြည့်ရင် သိုင်းပညာအရာမှာ အစုအဝေးစွမ်းအားရှိသောပုဂ္ဂိုလ်လို့ ပြန်ရမလားမပြောတတ်ပါ။ ဒီဂုဏ်ထူးဆောင်လက်မှတ်မှာ ပါတဲ့ အခြားစာသားတွေရဲ့အဓိပ္ပါယ်ကို နားလည်တဲ့ပုဂ္ဂိုလ်များကို မေးမြန်းကြည့်တဲ့အခါမှာလည်း လူ ၃၀ ဦးရဲ့ စွမ်းအားနဲ့ညီမျှတဲ့ ပုဂ္ဂိုလ်လို့ ချီးမွှမ်းထားသေးကြောင်း ဆရာကြီးဦးမောင်လေးက ပြောပြဖူးပါတယ်။ ဖျာပုံတပ်မှာ ဆရာကြီးဦးမောင်လေးကို ဘယ်လိုထပ် စမ်းကြသေးသလဲဆိုတာ မသိရပါ။ ဂျပန်စစ်တပ်အသိုင်းအ၀ိုင်းမှာတော့ ဆရာကြီးဦးမောင်လေးရဲ့ဂုဏ်သတင်းဟာ မွှေးပျံ့နေပါတော့ တယ်။ သိပ်ကြမ်းတဲ့ ပုဂ္ဂိုလ်ကြီး။ ဒေါသကလည်း ထက်သတဲ့။ ပညာခံကလည်း အင်မတန်စွမ်းတယ်လို့ ဆိုစမှတ်ပြုကြပါတယ်။ ဆရာကြီးဦးမောင်လေးက “ဂိုရှိ ဂေးရှိ ခိုင်းရှား (Goshi Gaeshi Kaisha)” လို့ဆိုလိုက်တာနဲ့ ဂျပန်စစ်သားကြီးကြီးငယ်ငယ်ဟူသမျှ အလေးပြုအရိုအသေပေးရပါတော့တယ်။
            ဆရာကြီးဦးမောင်လေးဟာ ဒီဂုဏ်ထူးဆောင်လက်မှတ်အစွမ်းကိုအသုံးချလို့ ဂျပန်ခေတ်တလျောက် သူနဲ့နီးစပ်ပတ်သက်ရာ မြန်မာလူထုများကို အကူအညီအမြောက်အများပေးနိုင်ခဲ့ပါတယ်။

ကိုးကား
            - သိုင်းပြောင်းပြန်ဦးမောင်လေး (ပွင့်လန်း - သတ္ထုတွင်း၊ အမျိုးသားစာပေဆု)
            - စစ်အတွင်းမြန်မာပြည်အတွေ့အကြုံများ (ဦးရွှေဘ၊ မြန်မာ့အသံကျော်ဦး)
            - ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း (ဗန်းမော်တင်အောင်)
            - မြန်မာနှစ်တစ်ရာပြက္ခဒိန်
            - Wikipedia Encyclopedia
            - Google Search
            - Hong Kong Movie (Yip Man 1, 2)
            - Myanmar Movie (Byaung Pyan Maung Lay)

(မှတ်ချက်။   ။https://www.facebook.com/pages/Essay-Ko-Zin/422066231174421?ref=hl မှတဆင့် ကူးယူဖေါ်ပြသည်)

စိုင်းပင်ဖ(သဲတောမြေ)

ခေါင်းနေ့တိုင်းလျှော်ခြင်းနှင့် ဦးဏှောက်ရေအိတ်ဖြစ်ပေါ်ခြင်း


အမေး။ မေးချင်တာလေးတစ်ခုရှိလို့ပါရှင့်။ခေါင်းနေ့တိုင်းလျော်ရင် ရေအိတ်ဖြစ်တတ်တယ်ဆိုတာ ဟုတ်ပါသလားရှင့်။ခေါင်းလျော်တာများရင် ဘယ်လိုမျိုးတြွေုဖစ်တတ်တယ်ဆိုတာလည်းသိချင်ပါတယ်။တကယ်လို့ လျော်ဖြစ်တယ် ဆိုရင်လည်း ဆောင်ရန် ၊ ရှောင်ရန်တွေကိုသိချင်ပါတယ်ရှင့်။


အဖြေ။  ခေါင်းနေ့တိုင်းလျှော်ရင် ရေအိတ်ဖြစ်တတ်တယ်ဆိုတာကို ဘယ်ဆေးစာအုပ်ထဲတွင်မှ ဖော်ပြထားခြင်းမရှိပါ။
ရေအိတ်ဆိုတာ (Hydrocephalus) ဦးခေါင်းခွံအတွင်း ရေစုခြင်းဖြစ်သည်။ ထိုရေသည် အပြင်မှ ဝင်ရောက်ခြင်းမျိုးမဟုတ်ပါ။ ခန္ဓာကိုယ်အတွင်းမှ ရေများသည် ဦးနှောက်အတွင်းတွင်လည်း သက်ဆိုင်ရာလမ်းကြောင်းများမှ လှည့်ပတ်သွားလာနေကြပါသည်။ ထိုလမ်းကြောင်းလေးများပိတ်သော အခါ ထိုလှည့်ပတ်သွားလာနေသော ရေများ တစ်နေရာတည်းတွင် စုပုံလာပြီး ဦးခေါင်းခွံအတွင်း ရေစုခြင်းဟူသော ရောဂါဖြစ်ပေါ်လာပါသည်။ လမ်းကြောင်းလေးများပိတ်ရခြင်း အကြောင်းများစွာရှိပါသည် အချို့မှာ ရောဂါပိုးကြောင်းဖြစ်တတ်ပြီး အချို့မှာ ကင်ဆာကဲသို့သော အကျိတ်များက လမ်းကြောင်းကိုသွားဖိခြင်း၊ ပိတ်ခြင်းကြောင်းလည်းဖြစ်နိုင်ပါသည်။
ခေါင်းလျှော်တာများရင် အအေးမိခြင်း၊ အဆုတ်အအေးပတ်ခြင်း၊ ဦးရေလွှာ ခြောက်ကပ်ခြင်း၊ ခေါင်းလျှော်ရည်များမကောင်းလျှင် ရေရှည်တွင်ဦးရေပြားကိုထိခိုက်နိုင်ပြီး မှိုစွဲခြင်း၊ ဆံပင်ကျွတ်ခြင်းများဖြစ်ပေါ်နိုင်ပါသည်။
ဆောင်ရန်၊ရှောင်ရန်အနေနှင့်ကတော့ တစ်ပတ်တွင် ခေါင်းကို ၂ကြိမ် ၊၃ကြိမ် ထက်ပိုပြီးမလျှော်သင့်ကြောင့် အကြံပြုလိုက်ပါသည်။ (Dr. Sun)
စိုင်းပင်ဖ(သဲတောမြေ)