ကျနော်ကိုယ်တိုင်ကြုံတွေ့ဖူးတဲ့ ပြဿနာလေးပါ။
ဖုန်းအသစ်လာဝယ်လို့ Apk တွေသွင်းပေးပေမဲ့ ပါဝါပိတ်ပြီးပြန်ဖွင့်ရင် ဘာမှမကျန်ပဲဖြစ်နေတာပါ။
အကြိမ်ကြိမ်အခါခါစမ်းလဲ အဲ့လိုပါပဲဗျာ။
နောက်ဆုံး firmware တင်လိုက်မှ အဆင်ပြေသွားတာပါ။
Firmware တင်နည်းကတော့ Huawei G-610 နဲ့ အတူတူပါပဲဗျာ။
Firmware ကိုတော့ ဒီနေရာ မှာ ဒေါင်းလိုက်ပါ။
ရလာတဲ့ဖိုင်ထဲက dload ဖိုင်ကို SD ကဒ်ထဲကိုထည့်ပါ။
ဖုန်းကို ပါဝါပိတ်ပါ။
(၅)စက္ကန့်လောက်နေပြီး Pwr + Vol+ + Vol- ခလုတ်သုံးခုကို တွဲဖိထားပေးပါ။
အောက်ကပုံအတိုင်း စာလေးတွေတက်လာရင် ဖိထားတဲ့ခလုတ်တွေကို အကုန်လွှတ်လိုက်ပါ။

အမှန်ခြစ်လေးနဲ့ Ok ဆိုတာ ပေါ်လာပြီးရင် အော်တို reboot ကျသွားပါလိမ့်မယ်။
ဖုန်းပါဝါ ပြန်တက်လာရင်တော့ Huawei Ascend G6 firmware တင်ခြင်းပြီးဆုံးပါပြီ။
အားလုံးအဆင်ပြေကြပါစေဗျာ။

စိုင်းပင်ဖ
0 comments:
Post a Comment