ရှေးခေတ် မြန်မာတို့မှာ ဓါးထုလုပ်ကြရာတွင် စင်ကြယ်လှသော သံကို စနစ်တကျ စပ်၍ ထုလုပ်ကြသည်။ထို့အပြင် ထုလုပ်လိုက်သော
ဓါးမှာ အသုံးပြုမည့်ပိုင်ရှင်ကို အကျိုးပေးကောင်းမကောင်းကိုလည်း တွက်ချက်တတ်ကြသည်။ဓါး၏ အရင်းအဖျားကို သတ်မှတ်ပြီးလျှင်
အလယ်ဗဟိုမှ တိုင်းထွာရပါသည်။ထိုတိုင်းထွာချက်ကို(၅)ဖြင့်မြှောက်၍(၈) ဖြင့်စားရသည်။
၁_ကြွင်းလျှင်အိုသည်အထိချမ်းသာမည်။
၂_ကြွင်းလျှင်၊ထိုဓါးကိုအသုံးမပြုသင့်။
၃_ကြွင်းလျှင်ရန်အောင်သည်။
၎_ကြွင်းလျှင်မကောင်းအသုံးမပြုသင့်။
၅_ကြွင်းလျှင်ဥစ္စာရတနာနှင့်ကျေးကျွန်ထွက်တတ်သည်။
၆_ကြွင်းလျှင်မကောင်း၊အသုံးမပြုသင့်။
၇_ကြွင်းလျှင်စုတ်လာဘ်တိုးတက်ဝင်မည်။
ဝ_ကြွင်းလျှင်ဓါးကိုင်သူသည်ဥပရာဇာဖြစ်ပါကမင်းဧကရာဇ်ဖြစ်မည်။အခြားပုဂ္ဂိုလ်ဖြစ်လျှင်ရာထူးကြီးကြီးတိုးတက်သည်ဟု အဟောရှိသည်။
သရဒွေးဗေဒင်ကျမ်းတွင် ကြတ္တီကာနက္ခတ်နှင့်ဖြစ်စေ၊ထိုနက္ခတ်နှင့်လမင်းယှဉ်ပြိုင်သောအချိန်၌ဖြစ်စေဓါးသွေးရမည်။ထိုအချိန်မကြုံကြိုက်မီ
ဓါးသွေးလိုပါက အင်္ဂါနေ့တွင်သွေးရမည်။မြန်မာ့ဓါးပညာရပ်တွင်ဓါးလုပ်အစီအရင်များစွာရှိသည်။ဆေးစီရင်သောဓါး၊အင်းချသောဓါးများနှင့်
သင်္ချိုင်းကိုးခုမှရသောသံဖြင့်ပြုလုပ်သောကိုးသင်္ချိုင်းဓါးတို့သည် မည်မျှပြီးသောသူဖြစ်စေပြတ်အောင်ခုတ်နိုင်သည်။
မြန်မာ့သမိုင်းတွင် ထင်ရှားကျော်ကြားသောဓါးများရှိသည်။၎င်းတို့မှာအောက်ပါအတိုင်းဖြစ်သည်။
(၁)ပန်းပဲမောင်တင့်တယ်၏ဓါး၊အသွားလက်ရှစ်သစ်ရှိသည်။
(၂)မောင်ပေါက်ကျိုင်း၏ဓါး၊နဂါးကိုနှိမ်နင်းအောင်မြင်သည်။တရုတ်ခြောက်ယောက်မ၍မကြွ။
(၃)ဒွတ္တဘောင်မင်းကြီး၏ဓါး၊နွားလည်ပင်းကိုအကွင်းလိုက်ပြတ်ကျအောင်ထက်သည်။
(၄)ကျန်စစ်သားမင်း၏စကြာဓါး၊အိန္ဒယတိုင်းရင်းသားတို့ကလွန်စွာကြောက်ရွံ့သည်။
(၅)အသင်္ခယာစောယွန်း၏ဓါး၊ဆင်လည်ပင်းပြတ်အောင်ထက်သည်။
(၆)ဘုရင်မင်းခေါင်၏ဓါး၊နှစ်မိုက်မြင့်သည့်ငွေတုံးကိုပြတ်အောင်ခုတ်နိုင်သည်။
(၇)မိုးညှင်းမင်းတရား၏နရဏီရွှေဓါး၊ယမနေပင်စောင့်ရုက္ခစိုးပင်ကြောက်ရွံ့သည်။
(၈)မြောင်းမြစားလောက်ဖျား၏သား မပစ်နွယ်၏ဓါး
(၉)ရွှေန်းကြော့ရှင်နရပတိ၏ယိမ်းနွဲ့ပါးဓါး၊မြန်မာ့သမိုင်းတွင်အကျော်ကြားဆုံးဓါးဖြစ်သည်။ဆင်ပေါ်ကလူကိုခုတ်လျှင် လူနှင့်တကွဆင်ပါပြတ်သည်။
စိုင်းပင်ဖ(သဲတောမြေ)
0 comments:
Post a Comment