Followers

သတင်းဆိုဒ်များသို့

လိုအပ်သည်များကို တောင်းဆိုနိုင်ပါသည်

Total Pageviews

Powered by Blogger.


!!::..မင်္ဂလာပါ..............စိုင်းပင်ဖ(သဲတောမြေ) မှ မိတ်ဆွေအားလုံးကို လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ ... လိုအပ်သည်များကို ဝေဖန် အကြံပြုပေးကြစေလိုပါတယ် !!::..saisaipinpha@gmail.com..::!!

!! Huawei Ascend P7 firmwares !!


Huawei စီးရီးထဲက Ascend P7 မော်ဒယ်ရဲ့ firmware များကို တင်ပေးလိုက်ပါတယ်။
မူရင်းလင့်ခ်ကနေ ပြန်တင်တာဖြစ်လို့ ဒေါင်းလုတ်ဆွဲထားကြစေလိုပါတယ်။
Build number အစုံ ပြန်တင်ပေးလိုက်ပါတယ်။
အားလုံးအဆင်ပြေကြပါစေဗျာ။

P7移动版固件(P7-L05,Android 4.4,Emotion UI,V100R001CHNC00B121SP01,移动渠道)
စိုင်းပင်ဖ(သဲတောမြေ)

လေးဂွနဲ့ပစ်တဲ့ဂိမ်း Apk


လေးဂွပစ် ၀ါသနာရှင်များအတွက် Gulel ဂိမ်းလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
ဒီဂိမ်းလေးကတော့ လေးဂွကို ချိန်ဆပြီး ပစ်ရတဲ့ဂိမ်းလေးပါ။
အသေးစိတ်ကိုတော့ Game ဆော့ရင်း အဖြေရှာလိုက်ရအောင်ဗျာ။
ဂိမ်းကိုတော့ အောက်မှာဒေါင်းလိုက်ပါ။
အားလုံးအဆင်ပြေကြပါစေဗျာ။

ဆော့ပ်ဝဲလ်ဒေါင်းရန်နှိပ်ပါ
စိုင်းပင်ဖ(သဲတောမြေ)

မြန်မာ့ဓါး


ရှေးခေတ် မြန်မာတို့မှာ ဓါးထုလုပ်ကြရာတွင် စင်ကြယ်လှသော သံကို စနစ်တကျ စပ်၍ ထုလုပ်ကြသည်။ထို့အပြင် ထုလုပ်လိုက်သော

ဓါးမှာ အသုံးပြုမည့်ပိုင်ရှင်ကို အကျိုးပေးကောင်းမကောင်းကိုလည်း တွက်ချက်တတ်ကြသည်။ဓါး၏ အရင်းအဖျားကို သတ်မှတ်ပြီးလျှင်

အလယ်ဗဟိုမှ တိုင်းထွာရပါသည်။ထိုတိုင်းထွာချက်ကို(၅)ဖြင့်မြှောက်၍(၈) ဖြင့်စားရသည်။

၁_ကြွင်းလျှင်အိုသည်အထိချမ်းသာမည်။

၂_ကြွင်းလျှင်၊ထိုဓါးကိုအသုံးမပြုသင့်။

၃_ကြွင်းလျှင်ရန်အောင်သည်။

၎_ကြွင်းလျှင်မကောင်းအသုံးမပြုသင့်။

၅_ကြွင်းလျှင်ဥစ္စာရတနာနှင့်ကျေးကျွန်ထွက်တတ်သည်။

၆_ကြွင်းလျှင်မကောင်း၊အသုံးမပြုသင့်။

၇_ကြွင်းလျှင်စုတ်လာဘ်တိုးတက်ဝင်မည်။

ဝ_ကြွင်းလျှင်ဓါးကိုင်သူသည်ဥပရာဇာဖြစ်ပါကမင်းဧကရာဇ်ဖြစ်မည်။အခြားပုဂ္ဂိုလ်ဖြစ်လျှင်ရာထူးကြီးကြီးတိုးတက်သည်ဟု အဟောရှိသည်။


သရဒွေးဗေဒင်ကျမ်းတွင် ကြတ္တီကာနက္ခတ်နှင့်ဖြစ်စေ၊ထိုနက္ခတ်နှင့်လမင်းယှဉ်ပြိုင်သောအချိန်၌ဖြစ်စေဓါးသွေးရမည်။ထိုအချိန်မကြုံကြိုက်မီ

ဓါးသွေးလိုပါက အင်္ဂါနေ့တွင်သွေးရမည်။မြန်မာ့ဓါးပညာရပ်တွင်ဓါးလုပ်အစီအရင်များစွာရှိသည်။ဆေးစီရင်သောဓါး၊အင်းချသောဓါးများနှင့်

သင်္ချိုင်းကိုးခုမှရသောသံဖြင့်ပြုလုပ်သောကိုးသင်္ချိုင်းဓါးတို့သည် မည်မျှပြီးသောသူဖြစ်စေပြတ်အောင်ခုတ်နိုင်သည်။

မြန်မာ့သမိုင်းတွင် ထင်ရှားကျော်ကြားသောဓါးများရှိသည်။၎င်းတို့မှာအောက်ပါအတိုင်းဖြစ်သည်။

(၁)ပန်းပဲမောင်တင့်တယ်၏ဓါး၊အသွားလက်ရှစ်သစ်ရှိသည်။

(၂)မောင်ပေါက်ကျိုင်း၏ဓါး၊နဂါးကိုနှိမ်နင်းအောင်မြင်သည်။တရုတ်ခြောက်ယောက်မ၍မကြွ။

(၃)ဒွတ္တဘောင်မင်းကြီး၏ဓါး၊နွားလည်ပင်းကိုအကွင်းလိုက်ပြတ်ကျအောင်ထက်သည်။

(၄)ကျန်စစ်သားမင်း၏စကြာဓါး၊အိန္ဒယတိုင်းရင်းသားတို့ကလွန်စွာကြောက်ရွံ့သည်။

(၅)အသင်္ခယာစောယွန်း၏ဓါး၊ဆင်လည်ပင်းပြတ်အောင်ထက်သည်။

(၆)ဘုရင်မင်းခေါင်၏ဓါး၊နှစ်မိုက်မြင့်သည့်ငွေတုံးကိုပြတ်အောင်ခုတ်နိုင်သည်။

(၇)မိုးညှင်းမင်းတရား၏နရဏီရွှေဓါး၊ယမနေပင်စောင့်ရုက္ခစိုးပင်ကြောက်ရွံ့သည်။

(၈)မြောင်းမြစားလောက်ဖျား၏သား မပစ်နွယ်၏ဓါး

(၉)ရွှေန်းကြော့ရှင်နရပတိ၏ယိမ်းနွဲ့ပါးဓါး၊မြန်မာ့သမိုင်းတွင်အကျော်ကြားဆုံးဓါးဖြစ်သည်။ဆင်ပေါ်ကလူကိုခုတ်လျှင် လူနှင့်တကွဆင်ပါပြတ်သည်။
စိုင်းပင်ဖ(သဲတောမြေ)

ဖက်ဆစ်ဂျပန်နဲ့ မြန်မာ့သိုင်းပြောင်းပြန်


သိုင်းပြောင်းပြန် သမိုင်းအကျဉ်း
            သိုင်းပြောင်းပြန်ပညာကို (၁၉၁၁) ခုနှစ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၂) နှစ်က အခု တွံတေး တောကြီးတန်းဘက်က ဇောတိကုန်း ဆိုတဲ့ ရှမ်းရွာမှာ စပြီးသင်ကြားပေးခဲ့တာဖြစ်ပါတယ်။ သင်ကြားပေးတဲ့ခဲ့တဲ့ ဆရာကြီးကတော့ ဦးချယ်ပဲဖြစ်ပါတယ်။ နောင် သိုင်းပြောင်း ပြန်ဦးမောင်လေးလို့ အမည်တွင်လာမယ့် ဆရာကြီး ဦးမောင်လေးအပါအ၀င် (၃) ဦးကို သုံးနှစ်သုံးမိုး သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ ဦးချယ် ဘယ်ကလာခဲ့သလဲ ဘယ်ကိုပြန်သွားသလဲဆိုတာလည်း သိခွင့်မရခဲ့ကြပါဘူး။ ရှမ်းပြည်ကလာတယ် ရှမ်းပြည်ကိုပြန်သွားတယ်။ ဒီလောက်ပဲ သိကြရပါတယ်။ ဦးချယ်မှာ ဆရာရှိသလား မရှိသလား မသိရပါ။ ဒါကြောင့်မို့ သိုင်းပြောင်းပြန်ရဲ့ မူလဖခင်ကြီးဟာ ဦးချယ်လို့ပဲသတ်မှတ်ရမှာဖြစ်ပါတယ်။
            သိုင်းပြောင်းပြန်အကြောင်းပြောကြမယ်ဆိုရင် ဦးမောင်လေးဆိုတဲ့ နာမည်ကို ချန်ထားခဲ့ရင် လုံးဝပြည့်စုံလိမ့်မယ် မဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ သိုင်းပြောင်းပြန်ပညာရပ်ကို မြန်မာပြည်အနှံ့အပြား ဖြန့်ဖြူးသင်ကြားပေးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်လို့ပါပဲ။ သိုင်းပြောင်း ပြန်ရဲ့ ဖခင်ကြီးလည်း ဖြစ်ပါတော့တယ်။ သိုင်းပြောင်းပြန်ဟာ ဦးမောင်လေးဖြစ်ပြီး ဦးမောင်လေးဟာလည်း သိုင်းပြောင်းပြန်ဖြစ်တယ်လို့ ဂုဏ်ပြုပြောဆိုနိုင်ပါတယ်။
            ဦးမောင်လေးကို အဖ ဦးဘိုးအို အမိ ဒေါ်စော တို့က ရှမ်းပြည်နယ် နမ့်လိုင်နမ့်ခမ်းကျေးရွာမှာ မွေးပါတယ်။ မွေးချင်း ၆ ယောက်အနက် နို့ညှာဖြစ်ပါတယ်။ မောင်စံထွေးလို့ အမည်မှည့်ပေမယ့် နောင်တော့ အစ်မတွေခေါ်နေကျ မောင်လေးဆိုတဲ့ နာမည်ပဲတွင် ပါတယ်။ ဦးမောင်လေးကိုမွေးပြီး မကြာခင်မှာပဲ အမိအဖတွေဟာ တွံတေး တောကြီးတန်း ဇောတိကုန်းရွာမှာ ပြောင်းရွှေ့အခြေချကြ ပါတယ်။ ပြောရရင် ရှမ်းပြည်ဖက်ကနေ ဧရာဝတီတိုင်းဖက် ပြောင်းလာကြတာပါပဲ။
            ဒီမှာ တစ်ခုချန်ထားခဲ့တာက ဦးမောင်လေးကို မွေးတဲ့ နှစ်အပိုင်းအခြားကာလဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အထူးပြုပြော ချင်လို့ ချန်ထားခဲ့တာလည်းဖြစ်ပါတယ်။ ဦးမောင်လေးကို ခရစ်နှစ် (၁၈၉၆ ခုနှစ်)၊ မြန်မာနှစ် ၁၂၅၇ ခုနှစ် ပြာသိုလပြည့်ကျော် ၃ ရက် (ကြာသပတေးနေ့) မှာ မွေးဖွားပါတယ်။ ဒီနှစ်ထဲမှာပဲ မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတဖြစ်လာမယ့် ညောင်ရွှေစော်ဘွား စ၀်ရွှေသိုက်ကို မွေးဖွားတာလည်းဖြစ်ပါတယ်။ ဂျပန်က Judo ပညာရှင်ကြီး Masutaro O’ Tani လည်း ဒီနှစ်မှာပဲ မွေးဖွားပါတယ်။ တရုတ်ပြည် ဖူဟမ်က Wing Chun သိုင်းပညာရှင် Yip Man (ဘရုစ္စလီရဲ့ ဆရာရင်း) ကိုတော့ ၁၈၉၃ ခုနှစ်မှာ မွေးဖွားတာဖြစ်လို့ ဦးမောင်လေးထက် အသက် ၃ နှစ်ကြီးတယ်လို့ ဆိုရပါမယ်။ ဘာပဲပြောပြော ဒီနှစ်အပိုင်းအခြားတွေဟာ အလွန်ထူးခြားတဲ့ ထက်မြက်တဲ့ ပုဂ္ဂိုလ်တွေ မွေးဖွားတဲ့နှစ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။
            ဆရာကြီးဦးမောင်လေးအကြောင်းပြန်ဆက်ရရင် ဆရာကြီးဟာ အသက် (၁၅) နှစ်အရွယ်ကစလို့ သိုင်းပြောင်းပြန်ပညာကို သုံးနှစ်သုံးမိုး အပတ်တကုတ်သင်ကြားခဲ့ပြီး အသက် (၂၀) ကျော်ကျော် အရွယ်ကစလို့ ကွယ်လွန်သည်အထိ ဒီပညာရပ်ကို မြန်မာပြည် အနှံ့ ပြန်လည်ဖြန့်ဖြူးသင်ကြားပေးခဲ့ပါတယ်။ ဆရာကြီးကွယ်လွန်ချိန်မှာ အသက် (၈၉) နှစ်အရွယ်ရှိပါပြီ။ ကွယ်လွန်တဲ့ ၂၁-၃-၁၉၈၅ ရက်နေ့အထိ ရေတွက်မယ်ဆိုရင် နှစ်ပေါင်း (၇၀) ကျော်ကျော် အဆက်မပြတ် ပညာဖြန့်ဖြူးပေးခဲ့မှုကြောင့်ပဲ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီးမှာပါ ဒီ သိုင်းပြောင်းပြန်ပညာရပ်ကို လေ့ကျင့်သင်ကြားသူတွေ တိုးပွားမြဲတိုးပွားလျှက်ရှိပါတော့တယ်။
            ဒီမှာတင်ပဲ သမိုင်းအကျဉ်းကို ရပ်လို့ “ဖက်ဆစ်ဂျပန်နဲ့ သိုင်းပြောင်းပြန်” ဆိုတဲ့ အပိုင်းကို ဆက်သွားကြပါဦးစို့။

ကဒက်ဥ ဂျပန်
            ဖက်ဆစ်ဂျပန် မြန်မာပြည်ကိုဝင်လာတဲ့အချိန်မှာ ပထမဦးဆုံးနဲ့ အမြန်ဆုံးလုပ်တဲ့ကိစ္စတွေထဲမှာ ယခင် အင်္ဂလိပ်ခေတ်ငွေစက္ကူ သုံးစွဲမှုကိုဖျက်သိမ်းပြီး ငွေစက္ကူသစ် ထုတ်ဝေတာလည်း အဓိကတစ်ချက်ဖြစ်ပါတယ်။ ဒါက အဲဒီခေတ် ဖက်ဆစ်တွေ နယ်ချဲ့တွေ နိုင်ငံ တစ်ခုကို သိမ်းပိုက်ပြီးတဲ့အချိန်မှာ လုပ်လေ့ရှိတဲ့ လုပ်ရိုးလုပ်စဉ်နည်းတစ်ခုပါပဲ။ ဘဏ္ဍာအရင်းအနှီးတွေကို တစ်ချက်တည်းစုစည်းလိုက် တဲ့သဘောပါပဲ။ ဂျပန်ခေတ်ငွေစက္ကူထုတ်လုပ်တဲ့အခါမှာ ကဒက်ဥကိုလည်း ကုန်ကြမ်းအဖြစ်သုံးပါတယ်။ ကဒက်ဥဟာ ငွေစက္ကူထုတ် လုပ်ရာမှာ အခရာကျတယ်လို့လည်း ဆိုရမှာဖြစ်ပါတယ်။ ငွေစက္ကူသားချောမွေ့ကောင်းမွန်ဖို့ ရေရှည်ခံဖို့နဲ့ တောင့်တင်းဖို့အဓိက အသုံး ပြုတယ်လို့ဆိုပါတယ်။
            ဂျပန်ခေတ်ကိုသိမီလိုက်ကြတဲ့ လူကြီးသူမတွေပြောပုံအရဆိုရင် ဂျပန်စစ်တပ်ဟာ ငွေကိုရေလိုသုံးတယ်တဲ့။ ဂျပန်စစ်သား တွေရဲ့ခါးမှာ ငွေရိုက်ထုတ်လို့ရတဲ့စက်ကိုများ ချိတ်ထားသလားအောက်မေ့ရတယ်တဲ့။ ဆိုလိုတာက ငွေစက္ကူကို ဘုန်းဘောလအော တင်းကြမ်းရိုက်ထုတ်နေတာပါ။ ဒါကြောင့် ငွေတန်ဘိုးလည်းမရှိပါဘူး။ ငွေကြေးဖောင်းပွမှုလည်း အဆမတန်မြင့်တက်ပါတယ်။ မြန်မာ ပြည်သူတွေ အင်မတန်ဆင်းရဲတွင်းနက်ကြပါတယ်။ အခြေခံစားသောက်ကုန်နဲ့ ပစ္စည်းပစ္စယတွေလည်း အင်မတန်ရှားပါးသွားပါတယ်။ ဂျပန်လံကွတ်တီအဟောင်းအစုတ်တောင် မြန်မာတွေမှာ အရောင်းအ၀ယ်ဖြစ်တယ်လို့ ဂျပန်လူမျိုးဦးရွှေဘနဲ့ မြန်မာ့အသံဦးကျော်ဦးတို့ ဘာသာပြန်တဲ့ “စစ်အတွင်း မြန်မာပြည် အတွေ့အကြုံများ” ဆိုတဲ့စာအုပ်မှာ ဖတ်ရဖူးပါတယ်။ ဒါတောင် ဂျပန်အုပ်စိုးသွားတာ ၁၉၄၂ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ သုံးနှစ်သာသာလေးမို့လို့။
            ဆိုတော့ ငွေတွေများများရိုက်ထုတ်လေလေ ကဒက်ဥတွေများများလိုလေလို့ ပြောရမှာပါပဲ။ ဒီ ဂျပန်ခေတ်မှာပဲ ဆရာကြီး ဦးမောင်လေးဟာ ကဒက်ဥ ကုန်သည်ဖြစ်ရပါတော့တယ်။ ဒီလိုဖြစ်လို့ ဆရာကြီးဟာ ဖက်ဆစ်ဂျပန်ကိုကူညီတဲ့သူလို့တော့ မပြောသာ ပါဘူး။ ဒီခေတ်ဆိုးခေတ်ပျက်ကာလ လူတိုင်းဖြူကာပြာကာ မွဲနေကြတဲ့အချိန်မှာ စားဝတ်နေရေးအတွက် မဖြစ်သာလို့ ရုန်းကန်ရတယ် လို့ပဲ မှတ်ယူရမှာပါ။ ဖက်ဆစ်ဂျပန်ဆိုတာကလည်း ခိုင်းရင်ခိုင်းတာလုပ်မှ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ဆရာကြီးဇာတိ ဇောတိကုန်း တ၀ိုက် အရိုးတော်ရွာအပါအ၀င် ရွာနီးချုပ်စပ်ဟာ ဂျပန်ခေတ်မှာ ကဒက်ဥကြောင့် ပါးစပ်စို ၀မ်းစိုနိုင်ကြပါတယ်။
            ဆရာကြီးဦးမောင်လေး ကဒက်ဥကုန်သည်ဖြစ်ရတာကလည်း ရိုးရှင်းပါတယ်။ တနေ့မှာ ဇောတိကုန်းဖက် စက်ချုပ်စက် ရှာဝယ်နေတဲ့ ဂျပန်အ၀ယ်တော် ကိုဘစောဆိုတဲ့လူကို ငွေလုအသတ်ခံရမယ့်အရေးက ကယ်လိုက်ပါတယ်။ ဒီကနေ စကားစပ်မိလို့ ဒီဖက် တကြော ကဒက်ဥပေါတယ်ဆိုရင် ၀ယ်ချင်ပါတယ်ဆိုတာနဲ့ နောက်ဆုံးတော့ ကဒက်ဥကုန်သည်ဖြစ်ရတော့တာပါပဲ။ ကိုဘစော ကလည်း သူဟာ ဂျပန်အလိုတော်ရိမဟုတ်ပါ၊ အ၀ယ်တော်သက်သက်၊ ဘာသာပြန်ပေးသူသက်သက်သာဖြစ်ပါတယ်လို့ ၀န်ခံကတိပြု တာကြောင့်လည်း အရောင်းအ၀ယ်တည့်သွားပုံရပါတယ်။ ရွာနီးချုပ်စပ်က တူးခိုင်းလို့ရတဲ့ ကဒက်ဥကို ရန်ကုန်က ရွှေဂုံတိုင် ဂျပန်ဂတ် တဲကို သွင်းရပါတယ်။ ကဒက်ဥဖိုးငွေကိုတော့ ကန်တော်ကြီးဂျပန်ဂတ်တဲမှာ ထုတ်ယူ။ ရွာပြန်လာ။ တူးပေးတဲ့သူတွေကို ပြန်ပြီးခွဲခြမ်း ဝေငှပေး။ ဒီအလုပ်ပါပဲ။

မဟုတ်မခံ သိုင်းပြောင်းပြန်
            အဲဒီခေတ်မှာ ဂျပန်ဟာ လိုရင်လိုသလို ချွေးတပ်ဆွဲ၊ မသင်္ကာတဲ့လူကို ဖမ်းဆီးနှိပ်စက်တတ်ပေမယ့် ဆရာကြီးဦးမောင်လေး တစ်ယောက် ဒီလို ကဒက်ဥတွေ ပို့ချည် ပြန်ချည် လုပ်နေတာ ဘာပြဿနာမှ ကြီးကြီးမားမားမဖြစ်ပါဘူး။ ဂျပန်စစ်တပ်က ထုတ်ပေး ထားတဲ့ ထောက်ခံစာဟာလည်း အတော်ကိုအသုံးတည့်နေပါတယ်။ ဇောတိကုန်းနဲ့ ရွာနီးချုပ်စပ်မှာ ချွေးတပ်ဆွဲခံရမယ့်အရေး၊ ဖမ်းဆီး နှိပ်စက်ခံရမယ့်အရေးတွေကို ဒီထောက်ခံစာအစွမ်းနဲ့ ဒေသခံတွေကို ကူညီရှာပါတယ်။ ဦးမောင်လေးရဲ့ ကဒက်ဥသမ္ဗာန် ဗားဂရာလှေ ဆိပ်ရောက်လာပြီဆိုတာနဲ့ ဆိပ်ကမ်းက ကုန်တင်ကုန်ချအလုပ်သမားတိုင်း အခမဲ့သယ်ပိုးပေးကြပါတယ်။ အကြောင်းကတော့ ဂျပန်တွေ ချွေးတပ်သားလိုတဲ့အခါ ဗားဂရာလှေဆိပ်မှာ လာလာဆွဲတတ်ပါတယ်။ ဒီလိုချွေးတပ်ဆွဲတဲ့အခါနဲ့ ဆရာကြီးဦးမောင်လေးက ဒါ သူ့လူ တွေပါပဲလို့ စစ်တပ်ထောက်ခံစာထုတ်ထုတ်ပြပြီး ကူညီလေ့ရှိပါတယ်။ ဒါကြောင့် ချွေးတပ်ဆွဲခံရမယ့်အရေးက အမြဲလွတ်လေ့ရှိပါတယ်။ နောင်တော့ ဗားဂရာလှေဆိပ်ဖက်ကို ဂျပန်တွေခြေဦးလှည့်မလာကြတော့။ ဆရာကြီးဦးမောင်လေးထုတ်ပြမယ့် ဂျပန်စစ်တပ်ထောက် ခံစာကို ခဏခဏမဖတ်ချင်တော့လို့ ဖြစ်ပါလိမ့်မယ်။
            ဦးမောင်လေးဟာ ဂျပန်ကိုကဒက်ဥရောင်းပေမယ့် ဂျပန်တွေဗိုလ်ကျတာတော့ ငုံ့ခံလေ့မရှိခဲ့ဘူး။ တနေ့တော့ ကဒက်ဥသွင်းပြီး ငွေသွားအထုတ်မှာ ငွေကိုင် ဂျပန်အလိုတော်ရိကုလားနဲ့ ဂျပန်တစ်ယောက်ပေါင်းပြီး ကဒက်ဥဖိုးထဲက ငွေတစ်သောင်းကို ဖျောင်ထား ဖို့ကြံကြပါတယ်။ ဒီမှာတင် ဂျပန်နဲ့ ဦးမောင်လေးတို့ အပြန်အလှန်အော်ကြီးဟစ်ကျယ် ဖြစ်ကြပါတယ်။ ဂျပန်ကလည်း ဂျပန်လို ဆူဆဲ အော်ငေါက်ပြီး ထွက်သွားဖို့ချည်းပြောတယ်။ ဆရာကြီးဦးမောင်လေးဟာ ဂျပန်ကငေါက်ငမ်းလို့ ငုံ့ပြန်သွားလိမ့်မယ်မထင်နဲ့။ ငွေတစ် သောင်းလိုနေတယ်ဆိုတာကို ပယ်ပယ်နယ်နယ် ပတ်တုတ်ရိုက်ပြီး ပြန်အော်ပါတယ်။ သူငေါက် ကိုယ်အော်ပါပဲ။ စစ်တပ်တစ်တပ်လုံး ဆူညံပွက်သွားအောင် အော်ပါတယ်။ ဒီအတိုင်းငြိမ်ခံပြီးပြန်လာရင်လည်း ရွာမှာကျန်ခဲ့တဲ့ ကဒက်ဥတူးသူတွေကို ကိုယ့်အိတ်ထဲက ငွေတစ်သောင်းစိုက် လျော်ရပေလိမ့်မယ်။ ဒီမှာတင် ကိုဘစောရောက်လာလို့ အဖြစ်အပျက်ကို သေချာအောင်ပြောနိုင်တော့တယ်။ ကိုဘစောနဲ့ရှေ့ဆင့်နောက်ဆင့် ဂျပန်အရာရှိရောက်လာပြီး အကျိုးအကြောင်းသိတဲ့အခါ ငွေကိုင်ကုလားနဲ့ ဂျပန်စာရေးကို ခွေခေါက်လဲ သွားလောက်အောင် ပါးနားရိုက် ကန်ကျောက် ထိုးကြိတ်ပြီး ခိုးထားတဲ့ငွေကို ပြန်ပေးစေပါတယ်။ ကဒက်ဥဆိုတာ ဖက်ဆစ်တို့အတွက် ငွေဖြစ်နေတာမဟုတ်ပါလား။ ဖက်ဆစ်တို့ရဲ့ ဘဏ္ဍာရေးယန္တယားကြီးတစ်ခုလုံးဟာလည်း ဦးမောင်လေးရဲ့ လက်ထဲမှာပဲ မဟုတ်ပါလား။

သေနတ်မပါတမ်း ကြိုက်သလိုစမ်း
          ငွေတစ်သောင်းအမှုရှင်းအပြီး ဦးမောင်လေးတို့သမီးယောက်ဖနှစ်ယောက် ငါးထပ်ကြီးဘက်ကိုအသွား ၀င်္ကဘာလမ်း အ ရောက်မှာ ဂျပန်တစ်ယောက်နဲ့ ဗမာတစ်ယောက် သူတစ်ပြန်ကိုယ်တစ်ပြန် ထိုးကြိတ်နေကြပါလေရောလား။ ယောက်ဖလုပ်သူက ဦး မောင်လေးအကြောင်းသိဖြစ်လို့ ရန်ပွဲကိုရှောင်ဖို့ အတင်းပြောတယ်။ ဦးမောင်လေးကတော့ နားမထောင်။ ဗမာကလက်ရည်သာတယ်။ ဗမာ့လက်ဝှေ့တတ်ပုံရတယ်ဆိုတာ သူသိတယ်။ ဗမာဖက်က ထိုးချလိုက်လို့ ဂျပန်မှောက်မှောက်သွားတိုင်း အားရနေပုံရတယ်။ ငွေတစ် သောင်းကိစ္စကြောင့် စိတ်ချဉ်ပေါက်နေတာ အတော်ပဲဖြစ်သွားပုံရတယ်။ ဘေးကနေညာပေးတယ်။ ပြတ်ပြတ်တွယ်ပစ်ဖို့ အားပေးတယ်။ နောက်ဆုံးတော့ ဂျပန်လည်း ခွေခေါက်သွားရပြီ။ ဗမာ့လက်ဝှေ့သမားလည်း မောပြီ။ ဒီမှာတင် ဂျပန်စစ်ပုလိပ်ကားတစ်စီး ဝေါကနဲ ရောက်လာပြီး စစ်ဗိုလ်တစ်ယောက်က သူနဲ့ဆက်ချကြဖို့ လက်ဝှေ့သမားကို စိန်ခေါ်ပြန်တယ်။ ဒီမှာတင် ဦးမောင်လေးလည်း ငြိမ်မ နေတော့ သေချင်သေပါစေ ဆက်ချဖို့ လက်ဝှေ့သမားကို အတင်းတွန်းတော့တယ်။


(ပုံစာ - ဒုတိယကမ္ဘာစစ်အတွင်းက အိုကီနာဝါကျွန်းပေါ်ရှိ ကင်ပေစစ်လေ့ကျင့်ရေးစခန်းက ကိုယ်ခံပညာသင်တန်းတစ်ခု)

ဂျပန်စစ်ဗိုလ်လည်း မြောက်ကြွမြောက်ကြွလုပ်နေတဲ့ ဦးမောင်လေးကို ကြည့်မရဘဲ စိန်ခေါ်တော့တယ်။ ဆရာကြီးဦးမောင်လေးဟာ ဒီအကွက်ကို စောင့်နေတာ ဖြစ်ပါလိမ့်မယ်။ ရေငတ်တုန်း ရေတွင်းထဲကျဆိုသလို စိမ်လိုက်စမ်းပေါ့။ ယောက်ဖလုပ်သူ ကိုဘိုးဆင်ခမျာ ငိုကြီးချက်မနဲ့ အတင်းတားပေမယ့် မရတော့။ ကိုဘိုးဆင် ငို မယ်ဆို ငိုလောက်စရာ။ စစ်ပုလိပ်ဆိုတာ ကင်ပေတွေပဲမဟုတ်ပါလား။ ကင်ပေဆိုတာလည်း ဖက်ဆစ်ထဲမှာ ကြမ်းပေ့ ရမ်းပေ့ဆိုတာမျိုး။ ကင်ပေတိုင်း ဂျပန်ကိုယ်ခံပညာ ကောင်းကောင်းတတ်အောင် လေ့ကျင့်ပေးလိုက်ပြီးသား။ ရက်စက်တတ်အောင်လည်း ကင်ပေသင် တန်းမှာကတည်းက သင်တန်းသားချင်း အပြန်အလှန် ပါးရိုက်ခိုင်းထားတာ။ ပါးရိုက်တာတောင် အချင်းချင်းမို့ညှာရိုက် လျှော့ရိုက်ရင် ဆရာသမားတွေက ကောင်းကောင်းဝင်ရိုက်ပြီး သင်ပေးထားတာ။ ဦးမောင်လေးကတော့ ဘာကောင်ကြီးဖြစ်ဖြစ်မကြောက်။ “ငါသင် ထားတဲ့ပညာဟာ အမျိုးဘာသာ သာသနာအတွက်” လို့ ဆိုထည့်ပြီး ဂျပန်နဲ့ရင်ဆိုင်လိုက်တော့တယ်။
            ဂျပန်စစ်ဗိုလ်က နံပါတ်တုတ်ကို ကင်ဒိုခုတ်ဟန်သုံးပြီး ထိုးတယ်။ တိုက်တယ်။ ရိုက်တယ်။ သိုင်းပြောင်းပြန်သမားဦးမောင်လေး က လက်ချည်းသက်သက်။ ဒါပေမယ့် မနိုင်ရေးချ မနိုင်။ ဂျပန်စစ်ဗိုလ်ခမျာ မနိုင်ရုံသာမက အာလူးသီးအပိန်းပိန်းထပြီး ခံရတော့တယ်။ ဆရာမနိုင်တော့ တပည့်တပ်ကြပ်ကြီးတစ်ယောက်က နံပါတ်တုတ်နဲ့ ၀င်ရိုက်ပြန်တယ်။ ဦးမောင်လေးလည်း ဂျပန်စစ်ပုလိပ်နှစ်ယောက် စလုံးမှောက်သွားအောင် အပြတ်ဆွဲပစ်လိုက်တော့တယ်။ သိုင်းပြောင်းပြန်မဟုတ်ပါလား။ သိုင်းပြောင်းပြန်စစ်တယ်ဆိုရင် မောင်းပြန် သေနတ်ကလွဲရင် ကြိုက်တာနဲ့စမ်း။

ဂိုရှိ ဂေးရှိ ခိုင်းရှား (Goshi Gaeshi Kaisha)
            Goshi Gaeshi ဆိုတဲ့စကားလုံးဟာ ဂျပန်ရဲ့ Harai Goshi Gaeshi ဆိုတဲ့စကားလုံးက လာတာဖြစ်ပါတယ်။ လွယ်လွယ်ပဲ ပြောရရင်တော့ ဆွဲ၊ ကိုင်၊ ချုပ်၊ ညှစ်၊ ပေါက် ဆိုတဲ့ ဂျူဒိုပညာ။ အသတ်အပုတ်ပညာ။ သိုင်းပညာ။ Kaisha ဆိုတာကတော့ ကုမ္ပဏီ၊ အသင်း၊ အစုအဝေး၊ အဖွဲ့အစည်းလို့ဆိုပါတယ်။
            ဂျပန်စစ်ပုလိပ်တွေခမျာ ဦးမောင်လေးရဲ့ သိုင်းပြောင်းပြန်နဲ့အတွေ့မှာ ကြယ်လ နက္ခတ္တာရာ အတော်စုံသွားပုံရတယ်။ ဒါပေမယ့် ချက်ချင်းကုန်းရုန်းထပြီး ဦးမောင်လေးကို ၀မ်းသာအားရ လက်ဆွဲနှုတ်ဆက်ကြပါတယ်။ ဂျစ်ကားပေါ် အတင်းဆွဲတင်ကြ ပါတယ်။ ကိုဘိုးဆင်ကတော့ အကောင်းလို့မထင်။ ဒီတစ်ခါတော့ နေလှန်းပြီး လက်သည်းခွံအခွါခံရပြီပေါ့လို့ ချုံးပွဲချငို။
            မင်္ဂလာဒုံဂျပန်စစ်တပ်ထဲ ရောက်တဲ့အခါ ဂျပန်အရာရှိတစ်ယောက်နဲ့တွေ့တော့မှ ရှင်းတော့တယ်။ ဦးမောင်လေးပညာပေး လိုက်တဲ့ ဂျပန်စစ်ပုလိပ်တွေဟာ နယ်နယ်ရရထဲကမဟုတ် ကိုယ်ခံပညာအတော်ကြီးတတ်ထားကြသူများပင်။ ဒါကြောင့် ဒီနှစ်ယောက် ကို လက်နှက်မပါ လက်ဗလာနဲ့ဆော်ထည့်လိုက်တဲ့သူဆိုတာလည်း ပေါ့သေးသေးမဟုတ် ဆရာ့ဆရာကြီးပဲဖြစ်ရတော့မယ်။ ဒါကြောင့် ဖျာပုံစစ်တပ်မှာ သိုင်းသင်ပေးစေ။ အမိန့်။ ငြင်းရင်သေနိုင်တာမို့ မငြင်းတော့။ ဖက်ဆစ်ကို ပညာသင်ပေးရမှာဖြစ်လို့ အမျိုးဘာသာ သာသနာကို နှိပ်စက်ပေတော့မယ်။ မြွေမသေ တုတ်မကျိုး ငါးပြားဆယ်ပြားဖိုးအဆင့်လောက်ပဲ သင်ပေးဖို့ဆုံးဖြတ်ပြီး လက်ခံလိုက်ရ တော့တယ်။ (စကားချပ် - ဂျပန်တွေဟာ တရုတ်ပြည် ဖူဟမ်ကို သိမ်းထားတုန်းကလည်း တရုတ်သိုင်းပညာရှင်တွေကို အမျိုးမျိုးစမ်း သပ်ပြီး ပညာသင် ယူဖို့ကြိုးစားကြတယ်။ ဂျပန်တွေရဲ့ပညာလိုလားမှုဟာ မာနခံမထားဘူး။ သူတို့ထက်သာတယ်ဆိုရင် တပည့်ခံဖို့ဝန် မလေးဘူး။ အတုယူ ထိုက်ပါတယ်။ နောင် ဘရုစ္စလီရဲ့ ဆရာဖြစ်လာမယ့် Wing Chun သိုင်းပညာရှင် Yip Man ဟာ ဂျပန်ဆယ် ယောက်ကို တပြိုင်တည်းစိန်ခေါ်တိုက်ခိုက်နိုင်ခဲ့လို့ ဂျပန်စစ်တပ်မှာ သိုင်းသင်ပေးရမယ်လို့ အဓမ္မခိုင်းတာခံရဖူးပါတယ်။ တရုတ်နဲ့ဂျပန် သမိုင်းအကြွေးက မပြေနိုင်လောက်အောင်ကြီးလို့ Yip Man က အပြတ်ငြင်းပြီး ရှောင်ပုန်းနေခဲ့ရတယ်။ ဟောင်ကောင်မင်းသား Donnie Yen က Yip Man အသွင်နဲ့ အပြီအပြင်သရုပ်ဆောင်ထားတာ အတွဲ ၂ တွဲတောင်ရှိပါတယ်။ ကိုလွင်မိုးကလည်း အားကျမခံ “ပြောင်းပြန် မောင်လေး” ဆိုပြီး ဆရာကြီးဦးမောင်လေးရဲ့ အတ္ထုပတ္တိတစ်စိတ်တစ်ပိုင်းကို ဗွီဒီယိုတစ်ကားရိုက်ထားတာ ကြည့်ရဖူးပါတယ်။ ဂွကျတာ က အဓိကသရုပ်ဆောင် ကိုလွင်မိုးခမျာ သိုင်းပြောင်းပြန်လည်း ကောင်းကောင်းမတတ်၊ မြန်မာ့ဗွီဒီယိုအဆင့်အတန်းကလည်း အကန့် အသတ်ဖြစ်နေတော့ အားရစရာကိုမရှိပါ။ ဘာပဲဖြစ်ဖြစ် ကြံဖန်ပြီးတော့ ကျေးဇူးတင်သင့်တယ်။)
            ဖျာပုံဂျပန်တပ်မှာ သိုင်းသင်ရမယ်လို့အမိန့်ချလိုက်တော့လည်း မတတ်နိုင်။ သင်ရပေပြီ။ သင်ပေးတဲ့အခါကျတော့လည်း မညှာ မတာ မခိုမကပ်သင်ပေးတယ်။ ပြောင်းပြန်ပညာအပေါ်အထင်အမြင်မသေးစေဖို့ ကောင်းကောင်းမွန်မွန်ကြပ်ကြပ်မတ်မတ်သင်ပေးတယ်။ သင်ပေးပေမယ်လို့ ပေးချင်သလောက်ကိုပဲ အကန့်အသတ်နဲ့သင်ပေးတယ်လို့ ဆရာကြီးဦးမောင်လေးက ဆိုပါတယ်။ ဒါတောင်မှပဲ ကိုရွှေ ဂျပန်တို့ခမျာ ပြဲပြဲလန်အောင်သင်ယူကြရရှာတယ်။ ဦးမောင်လေးကလည်း ကောင်းကောင်းကြီးမောင်းတယ်။ ဒီလိုပယ်၊ ဒီလိုခုတ်၊ ဒီလိုခွဲ။ တစ်ခါနှစ်ခါပြောလို့ပြလို့နားမ၀င်ရင် ဗြောင်း၊ ဒိုင်း၊ ဖုန်း၊ ခွက် ဆိုတဲ့အသံတွေမြည်လာမယ်။ နဘန်ကျင်းမယ်။ သိုင်းပြောင်းပြန် ဂျပန်သင်တန်းသားများခမျာ ဖျာပုံမှာ ပြာပုံဘ၀ရောက်ရတော့မလား ဆိုရလောက်အောင် ဦးမောင်လေးရဲ့လက်စွမ်းကို မြည်းစမ်းခဲ့ရရှာ တယ်။ မြန်မာတစ်မျိုးသားလုံး ဖက်ဆစ်ဂျပန်တွေ နှိပ်စက်တာခံနေရတဲ့ကာလကြီးမှာ ဆရာကြီးဦးမောင်လေးက သူတို့ကို ကောင်း ကောင်းကြီး နဘန်ကျင်းခွင့်ရနေတယ်။ ကောင်းကောင်းကြီး အော်ငေါက်ဆူပူခွင့်ရနေတယ်။ သိုင်းပြောင်းပြန်ပညာရပ်ရဲ့ ထူးခြားတဲ့ ကံကြမ္မာ၊ ဆရာကြီးဦးမောင်လေးရဲ့ ထူးခြားတဲ့ကံကြမ္မာလို့ပဲ ဆိုရပါတော့မယ်။
            ဒီလို သိုင်းသင်ပေးနေရတဲ့ တစ်လနီးပါးကာလအတွင်းမှာ ကဒက်ဥမျှော်တဲ့ ဂျပန်အရာရှိကလည်း ဦးမောင်လေးကို မျှော်ရှာ တယ်။ ပိုက်ဆံတစ်သောင်း အခိုးခံရလို့ စိတ်ဆိုးပြီးလာမပို့တော့တာလားလို့လည်း တွေးနေပုံရတယ်။ စကားပြန်ကိုဘစောကို ဇောတိ ကုန်းလွှတ်ပြီး စုံစမ်းခိုင်းပြန်တယ်။ ကင်ပေဖမ်းတာခံရတယ်လို့သိရတဲ့အခါ တပ်အသီးသီးကို ဆင့်ကဲဆင့်ကဲစုံစမ်းရပြန်တယ်။ ကိုဘစော ခမျာ သူ့အသက်သခင်အရေးမို့ အတော်အပင်ပန်းခံပြီး စုံစမ်းမေးမြန်းဟန်တူပါတယ်။ နောက်ဆုံး ဖျာပုံတပ်မှာ သိုင်းသင်ပေးနေရတယ် ဆိုတော့မှ စိတ်အေးကြရတော့တယ်။ ဦးမောင်လေးကို ပြန်လွှတ်ပေးဖို့ ပြောရတယ်။ ဖျာပုံတပ်ကလည်း ဆရာကြီးရဲ့အစွမ်းကို ကောင်း ကောင်းကြီးလေးစားနေကြပြီမို့ ပြန်မလွှတ်ချင်။ ဂျပန်စစ်အရာရှိများကလည်း သင်တန်းဆရာအဖြစ်သာဆက်ထားဖို့ အလိုရှိကြပြန်တယ်။ ဒီမှာတင် ဦးမောင်လေးမရှိရင် ကဒက်ဥရှာဖို့ အခက်အခဲပိုဖြစ်သွားလိမ့်မယ်လို့ ကိုဘစောက ချက်ကျလက်ကျအကြောင်းပြတော့မှ တွံတေးကို ချက်ချင်းပြန်ပို့ပေးဖို့ စစ်မိန့်ထုတ်ရတော့တယ်။ ကဒက်ဥဟာ အရေးကြီးတယ်မဟုတ်ပါလား။ ဘဏ္ဍာရေးဟာ အရေးကြီး တယ်မဟုတ်ပါလား။

(ပုံစာ - ဂျပန်တပ်မတော်က ထုတ်ပေးလေ့ရှိတဲ့ ဂုဏ်ထူးဆောင်လက်မှတ်။ ယခုပုံသည် Jugun Kisho Certificate သာဖြစ်ပြီး၊ ဆရာကြီးမောင်လေးကိုပေးအပ်ခဲ့သော ဂုဏ်ပြုလက်မှတ်ပုံသဏ္ဌာန်ကို ရှာဖွေရခက်ခဲနေပါသဖြင့် အနီးစပ်ဆုံးတူသော ပုံကိုသာ ဖော်ပြထားပါတယ်။)

            ဇောတိကုန်းပြန်ရောက်ပြီး ကဒက်ဥတွေပြန်စု၊ ပို့လို့ရတဲ့အချိန်ကျတော့ ရန်ကုန်ကိုပို့ပေးရပြန်တယ်။ ဒီတစ်ခေါက်မှာ ကိုဘစောကအသင့်ကြိုပြီး ဂျပန်စစ်အရာရှိကြီးတစ်ယောက်ဆီ ခေါ်သွားပြန်တယ်။ ဦးမောင်လေးကိုတွေ့တဲ့အခါ ဂျပန်အရာရှိဟာ အင် မတန်သဘောကျဟန်ပြပြီး ကောင်းကောင်းမွန်မွန်ဆီးကြိုတယ်။ ခြေဆံ လက်ဆံ လက်အိုး ပေါင်ခွင်တွေကို ကိုင်ညှစ်ကြည့်ပြီး အင်မတန် မှချီးမွှမ်းတယ်။ နောက်တော့ တစ်တောင်ပတ်လည်နီးပါးရှိတဲ့ ဂျပန်စာတွေရိုက်နှိပ်ထားတဲ့စာရွက်ကြီးအလယ်မှာ ရွှေစာလုံးကြီးတစ်လုံး ထင်းနေအောင်ထပ်ပြီးရိုက်ထားတဲ့ ဂုဏ်ပြုလက်မှတ်ကို ထုတ်ပေးပါတော့တယ်။ ဒါဟာ ဂျပန်တပ်မတော်ရဲ့ ဂုဏ်ထူးဆောင်သိုင်း ဆရာကြီးဘွဲ့။ တနည်းအားဖြင့် “ဂိုရှိ ဂေးရှိ ခိုင်းရှား (Goshi Gaeshi Kaisha)” ပါပဲ။ ဒီဂျပန်စကားစုရဲ့အဓိပ္ပါယ်ကို ဆီလျော်အောင် ဘာသာပြန်ကြည့်ရင် သိုင်းပညာအရာမှာ အစုအဝေးစွမ်းအားရှိသောပုဂ္ဂိုလ်လို့ ပြန်ရမလားမပြောတတ်ပါ။ ဒီဂုဏ်ထူးဆောင်လက်မှတ်မှာ ပါတဲ့ အခြားစာသားတွေရဲ့အဓိပ္ပါယ်ကို နားလည်တဲ့ပုဂ္ဂိုလ်များကို မေးမြန်းကြည့်တဲ့အခါမှာလည်း လူ ၃၀ ဦးရဲ့ စွမ်းအားနဲ့ညီမျှတဲ့ ပုဂ္ဂိုလ်လို့ ချီးမွှမ်းထားသေးကြောင်း ဆရာကြီးဦးမောင်လေးက ပြောပြဖူးပါတယ်။ ဖျာပုံတပ်မှာ ဆရာကြီးဦးမောင်လေးကို ဘယ်လိုထပ် စမ်းကြသေးသလဲဆိုတာ မသိရပါ။ ဂျပန်စစ်တပ်အသိုင်းအ၀ိုင်းမှာတော့ ဆရာကြီးဦးမောင်လေးရဲ့ဂုဏ်သတင်းဟာ မွှေးပျံ့နေပါတော့ တယ်။ သိပ်ကြမ်းတဲ့ ပုဂ္ဂိုလ်ကြီး။ ဒေါသကလည်း ထက်သတဲ့။ ပညာခံကလည်း အင်မတန်စွမ်းတယ်လို့ ဆိုစမှတ်ပြုကြပါတယ်။ ဆရာကြီးဦးမောင်လေးက “ဂိုရှိ ဂေးရှိ ခိုင်းရှား (Goshi Gaeshi Kaisha)” လို့ဆိုလိုက်တာနဲ့ ဂျပန်စစ်သားကြီးကြီးငယ်ငယ်ဟူသမျှ အလေးပြုအရိုအသေပေးရပါတော့တယ်။
            ဆရာကြီးဦးမောင်လေးဟာ ဒီဂုဏ်ထူးဆောင်လက်မှတ်အစွမ်းကိုအသုံးချလို့ ဂျပန်ခေတ်တလျောက် သူနဲ့နီးစပ်ပတ်သက်ရာ မြန်မာလူထုများကို အကူအညီအမြောက်အများပေးနိုင်ခဲ့ပါတယ်။

ကိုးကား
            - သိုင်းပြောင်းပြန်ဦးမောင်လေး (ပွင့်လန်း - သတ္ထုတွင်း၊ အမျိုးသားစာပေဆု)
            - စစ်အတွင်းမြန်မာပြည်အတွေ့အကြုံများ (ဦးရွှေဘ၊ မြန်မာ့အသံကျော်ဦး)
            - ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း (ဗန်းမော်တင်အောင်)
            - မြန်မာနှစ်တစ်ရာပြက္ခဒိန်
            - Wikipedia Encyclopedia
            - Google Search
            - Hong Kong Movie (Yip Man 1, 2)
            - Myanmar Movie (Byaung Pyan Maung Lay)

(မှတ်ချက်။   ။https://www.facebook.com/pages/Essay-Ko-Zin/422066231174421?ref=hl မှတဆင့် ကူးယူဖေါ်ပြသည်)

စိုင်းပင်ဖ(သဲတောမြေ)

ခေါင်းနေ့တိုင်းလျှော်ခြင်းနှင့် ဦးဏှောက်ရေအိတ်ဖြစ်ပေါ်ခြင်း


အမေး။ မေးချင်တာလေးတစ်ခုရှိလို့ပါရှင့်။ခေါင်းနေ့တိုင်းလျော်ရင် ရေအိတ်ဖြစ်တတ်တယ်ဆိုတာ ဟုတ်ပါသလားရှင့်။ခေါင်းလျော်တာများရင် ဘယ်လိုမျိုးတြွေုဖစ်တတ်တယ်ဆိုတာလည်းသိချင်ပါတယ်။တကယ်လို့ လျော်ဖြစ်တယ် ဆိုရင်လည်း ဆောင်ရန် ၊ ရှောင်ရန်တွေကိုသိချင်ပါတယ်ရှင့်။


အဖြေ။  ခေါင်းနေ့တိုင်းလျှော်ရင် ရေအိတ်ဖြစ်တတ်တယ်ဆိုတာကို ဘယ်ဆေးစာအုပ်ထဲတွင်မှ ဖော်ပြထားခြင်းမရှိပါ။
ရေအိတ်ဆိုတာ (Hydrocephalus) ဦးခေါင်းခွံအတွင်း ရေစုခြင်းဖြစ်သည်။ ထိုရေသည် အပြင်မှ ဝင်ရောက်ခြင်းမျိုးမဟုတ်ပါ။ ခန္ဓာကိုယ်အတွင်းမှ ရေများသည် ဦးနှောက်အတွင်းတွင်လည်း သက်ဆိုင်ရာလမ်းကြောင်းများမှ လှည့်ပတ်သွားလာနေကြပါသည်။ ထိုလမ်းကြောင်းလေးများပိတ်သော အခါ ထိုလှည့်ပတ်သွားလာနေသော ရေများ တစ်နေရာတည်းတွင် စုပုံလာပြီး ဦးခေါင်းခွံအတွင်း ရေစုခြင်းဟူသော ရောဂါဖြစ်ပေါ်လာပါသည်။ လမ်းကြောင်းလေးများပိတ်ရခြင်း အကြောင်းများစွာရှိပါသည် အချို့မှာ ရောဂါပိုးကြောင်းဖြစ်တတ်ပြီး အချို့မှာ ကင်ဆာကဲသို့သော အကျိတ်များက လမ်းကြောင်းကိုသွားဖိခြင်း၊ ပိတ်ခြင်းကြောင်းလည်းဖြစ်နိုင်ပါသည်။
ခေါင်းလျှော်တာများရင် အအေးမိခြင်း၊ အဆုတ်အအေးပတ်ခြင်း၊ ဦးရေလွှာ ခြောက်ကပ်ခြင်း၊ ခေါင်းလျှော်ရည်များမကောင်းလျှင် ရေရှည်တွင်ဦးရေပြားကိုထိခိုက်နိုင်ပြီး မှိုစွဲခြင်း၊ ဆံပင်ကျွတ်ခြင်းများဖြစ်ပေါ်နိုင်ပါသည်။
ဆောင်ရန်၊ရှောင်ရန်အနေနှင့်ကတော့ တစ်ပတ်တွင် ခေါင်းကို ၂ကြိမ် ၊၃ကြိမ် ထက်ပိုပြီးမလျှော်သင့်ကြောင့် အကြံပြုလိုက်ပါသည်။ (Dr. Sun)
စိုင်းပင်ဖ(သဲတောမြေ)


!! Huawei Ascend G6 firmwares များ !!


Huawei ထုတ်ဖုန်းအမျိုးအစားဖြစ်တဲ့ Ascend G6 ရဲ့ firmware လေးတွေကို တင်ပေးလိုက်ပါတယ်။
T00/U00/C00 အစရှိတဲ့ firmware လေးတွေကို မူရင်းဆိုဒ်ကနေပဲ ပြန်share ပေးလိုက်ပါတယ်ဗျာ။
ဒဲ့ပြန်တင်ပေးတာဆိုတော့ လင့်ခ်မသေခင်လေး ဒေါင်းထားလိုက်ကြပါနော်။

Ascend G6固件(G6-T00,Android 4.2,Emotion UI,V100R001CHNC00B151,中国移动)

Ascend G6固件(G6-C00,Android 4.3,Emotion UI,V100R001CHNC92B191,中国电信)

Ascend G6固件(G6-U00,Android 4.3,Emotion UI,V100R001CHNC17B191,中国联通)
လက်နှေးရင် ခွက်ဆေးနေရမယ် မြန်မြန်လေးဆွဲထားလိုက်ကြပါနော်။ :P
အားလုံးအဆင်ပြေကြပါစေဗျာ။
စိုင်းပင်ဖ(သဲတောမြေ)

ကွန်ပျူတာမှာ Mp3 နောက်ခံပုံထည့်နည်း !


မိမိတို့ကွန်ပျူတာမှာ MP3 ဖွင့်ရင် နောက်ခံbackground အလန်းလေးတွေကို
စိတ်ကြိုက်ထည့်သွင်းချင်သူများအတွက် တင်ပေးလိုက်ပါတယ်။
လုပ်ပုံလုပ်နည်းတွေကိုတော့ အဆင့်ဆင့်ပြပေးသွားမှာပါ။
အောက်မှာကြည့်လိုက်ကြပါနော်။

ပထမဦးဆုံး ဆော့ပ်ဝဲလ်ကို အရင်ဒေါင်းလိုက်ပါ။
Password တောင်းလာရင်  saipinpha လို့ရိုက်ထည့်ပေးလိုက်ပါ။

!!ဒေါင်းလုတ်ဆွဲရန်နှိပ်ပါ!!
၁။ MP3 Tag ဆော့ပ်ဝဲလ်ကိုဖွင့်ပါ။
၂။ ပုံမှာပြထားတဲ့အကွက်ထဲကို မိမိတို့ပြောင်းချင်တဲ့ MP3 ဖိုင်ကို ဘယ်ဖက်ကလစ်နဲ့ ဆွဲထည့်ပါ။

၃။ မိမိတို့ထည့်လိုက်တဲ့ဖိုင်ကို ထောက်ပြီး ညာဖက်ကလစ်နှိပ်လိုက်ရင်  Remove tag 
ဆိုတာကို နှိပ်လိုက်ပါ။
၎။ Do you really want to remove the tags of the selected files? ဆိုပြီး box  လေးတစ်ခုကျလာရင် Yes ကိုရွေးပေးလိုက်ပါ။(မိမိပြောင်းမဲ့ mp3ဖိုင်မှာ နဂိုမူလ ပုံတွေပါလာရင် ဖျက်ပေးတာ ဖြစ်ပါတယ်)
၅။ပြီးတာနဲ့ Tag removed from 1 of 1 files. ဆိုပြီးပေါ်လာပါလိမ့်မယ်။ Ok ကိုနှိပ်လိုက်ပါ။ 1 of 1 နေရာမှာ မိမိတို့ နောက်ခံ mp3ဖိုင်ပြောင်းရင်ပြောင်းသလောက်အရေအတွက်ကို ပြောင်းလဲဖေါ်ပြပေးသွားမှာပါ။
၆။မိမိတို့ဓါတ်ပုံထည့်ဖို့အတွက် ခုဏက ဖိုင်ကို ညာဖက်ကလစ်ထောက်ပြီး Extended tag... 
ဆိုတာကို ရွေးပေးပါ။
၇။ ပုံမှာပြထားတဲ့ နေရာလေးကို နှိပ်ပေးပြီး
မိမိတို့ထည့်ချင်တဲ့ နောက်ခံပုံလေးကိုရွေးပေးပြီး Open ဆိုတာကို နှိပ်ပေးပါ။
၈။ ပြီးရင် Ok ကိုနှိပ်ပါ။ Save tag in 1 of 1 files. ဆိုတာ ပေါ်လာရင် နောက်ခံဓါတ်ပုံထည့်သွင်းခြင်း ပြီးဆုံးပါပြီ။ မိမိတို့ ပြောင်းတဲ့ mp3 သီချင်းဖိုင်ကို ဖွင့်ကြည့်လိုက်ပါ။ စိတ်ကြိုက် နောက်ခံ ဘက်ဂရောင်းလေးနဲ့ လန်းနိုင်ပါပြီ။
အားလုံးအဆင်ပြေကြပါစေဗျာ။

စိုင်းပင်ဖ(သဲတောမြေ)

ဂစ်တာကြိုးညှိတဲ့ ဆော့ပ်ဝဲလ် Apk


ကြိုးညှိမိုးလင်း သူငယ်ချင်းများအတွက်လာပါပြီဗျာ။
မိမိတို့ Android ဖုန်းထဲမှာ ဒီ Apk လေးကိုထည့်သွင်းထားယုံနဲ့
ဂစ်တာကြိုးညှိတဲ့အချိန်မှာ အသုံးဝင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
Master Key နဲ့ ကြိုးညှိတော့ ဟစ်လို့ပိုကောင်းတာပေါ့ဗျာ။
အားလုံးအဆင်ပြေကြပါစေဗျာ။

!! ဆော့ပ်ဝဲလ်ဒေါင်းရန်နှိပ်ပါ !!
စိုင်းပင်ဖ(သဲတောမြေ)

Acrobat Reader 8.0 Professional


ဒါကတော့ ကွန်ပျူတာသမားတိုင်း အသုံးပြုတဲ့ဆော့ပ်ဝဲလ်ဆိုလဲမမှားပါဘူးဗျာ။
ရှာဖွေမွှေနှောက်ရင်းတွေ့လို့ ပြန် Share လိုက်ပါတယ်။
Acrobat Reader 8.0 Professional အတွက် Keygen လေးကိုပါ
ထည့်သွင်းပေးထားတဲ့အတွက် အသုံးပြုတဲ့သူငယ်ချင်းများအတွက်
အဆင်ပြေလိမ့်မယ်လို့ ယုံကြည်ပါတယ်။
အောက်မှာဒေါင်းလုတ်ဆွဲလိုက်ကြပါနော်။
Password ကတော့   saipinpha ပါ။
အားလုံးအဆင်ပြေပါစေဗျာ။

ဒေါင်းလုတ်ဆွဲရန်နှိပ်ပါ
စိုင်းပင်ဖ(သဲတောမြေ)

Sony Xperia-Z Lock


Android ကိုင်ဆောင်သူများထဲက Sony Xperia-Z Locker ကို
အသုံးပြုချင်သူများအတွက် တင်ပေးလိုက်ပါတယ်။
Apk လေးကို install လုပ်ပြီး အဆင်သင့်အသုံးပြုယုံပါပဲဗျာ။
နောက်ထပ် Screen အလန်းလေးတွေရှိရင်လဲတင်ပေးပါအုံးမယ်။
အားလုံးအဆင်ပြေကြပါစေဗျာ။

ဒေါင်းလုတ်ဆွဲရန်နှိပ်ပါ
 
စိုင်းပင်ဖ(သဲတောမြေ)

Internet Download Manager v6.19.8


အင်တာနက်အသုံးပြုတဲ့ ကွန်ပျူတာသမားများအတွက်
အလွန်အသုံးဝင်တဲ့ဆော့ပ်ဝဲလ်ဆိုလဲမမှားပါဘူးဗျာ။
IDM ပိရိသတ်များအတွက် ယခု version လေးက
သုံးလို့အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်။
ဖိုင်ထဲမှာပါတဲ့ Setup Installer(English Language)ဆိုတဲ့ဖိုင်လေးကို
ကလစ်နှိပ်ပြီး Run ပေးလိုက်ယုံနဲ့ Keygen ပါတစ်ခါထဲ ထည့်သွင်းပြီးသားဖြစ်မှာပါ။
Ready made ဆိုလဲမမှားပါဘူးဗျာ။
ဆော့ပ်ဝဲလ်ကိုတော့ အောက်မှာ ဒေါင်းလုတ်ဆွဲလိုက်ကြပါနော်။
အားလုံးအဆင်ပြေကြပါစေ။

!! ဒေါင်းလုတ်ဆွဲရန် နှိပ်ပါ !!
စိုင်းပင်ဖ(သဲတောမြေ)

Google calendar


Android ဖုန်းထဲမှာ ပြက္ခဒိန် အသုံးပြုချင်သူများအတွက်
Google Calendar လေးတင်ပေးလိုက်ပါတယ်။
Android ဖုန်းလေးရှိယုံနဲ့ ဘယ်သွားသွား ဘယ်နေရာရောက်ရောက်
ပြက္ခဒိန် ကြည့်လို့ရတာပေါ့ဗျာ။
Google က ထုတ်တာဆိုတော့ အထူးပြောစရာမလိုဘူးထင်ပါတယ်။
ဆော့ပ်ဝဲလ်ကိုတော့ အောက်မှာ Download ဆွဲလိုက်ပါ။
အားလုံးအဆင်ပြေကြပါစေဗျာ။

!! Google Calendar ကိုဒေါင်းလုတ်ဆွဲရန် နှိပ်ပါ !!
စိုင်းပင်ဖ(သဲတောမြေ)

Facebook v11.0.0.11(Official)


Facebook application ကို နောက်ဆုံးထွက်တဲ့ version ကိုမှ သုံးချင်တယ်ဆိုတဲ့ သူငယ်ချင်းများအတွက် တင်ပေးလိုက်ပါတယ်။
Official version ဖြစ်လို့ error မရှိပါဘူးခင်ဗျာ။
အောက်မှာ Download ဆွဲလိုက်ကြပါ။
အားလုံးအဆင်ပြေကြပါစေဗျာ။

Facebook_v11.0.0.0.11_(Official) 
စိုင်းပင်ဖ(သဲတောမြေ)










OPPO R 829 (Version 4.2.2 ကို အလွယ်ဆုံး Root ပြီးမြန်မာဖေါင့်ထည့်ကြမယ်)

ကျနော့ဘော်ဒါ ဘလော့ခရီးသည်ရဲ့ပို့စ်လေးပါ။
မူရင်းအတိုင်းပဲ ဒဲ့ပြန်တင်ပေးလိုက်ပါတယ်။

အားလုံး မင်္ဂလာပါနော်..သည်နေ့တော့ ကျွန်တော် လက်တွေ့စမ်းသတ်ထားတဲ့ နည်းလမ်းလေး နဲ့ သတင်းကောင်းလေးတစ်ခုပါးလိုက်ပါရစေ.... သည်နည်းလးမ်လေးကတော့  ခုမိုဘိုင်းလောကမှာ ၀င်ရောက်လာတဲ့ OPPO ဖုန်းအကြောင်းဆိုပါတော့  ကျွန်တော် သည်နေ့ OPPO R829-Version 4.2.2 ကို root ဖေါက်ပြီးမြန်မာစာ ထည့်ကြည့်တာ အတော်လေး လွယ်ကူပြီး အဆင်ပြေနေတာ တွေ့ရလို့ ၀မ်းသာအားရ နဲ့ ခုလို ပို့စ်တခု ဖန်တီးလိုက်ခြင်းဖြစ်ပါတယ်..  တကယ့်ကို လွယ်လွယ်လေးပါ... နည်းကတော့ ကျွန်တော် ဟိုနေ့ကတင်လိုက်တဲ့ ကျွန်တော့်ရဲ့ S4 Version 4.3 ကို Root တဲ့နည်းနဲ့ တူတူဖြစ်နေလို့ပါဘဲ..ကဲ ဒါဆို ဘာခက်မလဲနော်... တချို့ ကတော့ တခြားသော Root Tool တွေနဲ့ အဆင်ပြေကြသလို နည်းလမ်းမတူညီကြပါဘူး  ကျွန်တော် ကတော့ စမ်းသတ်ခြင်သူဆိုတော့ ကောက်ကလိတာ ရလိုက်တာ အမြတ်ဆိုပါတော့ အားလုံးအတွက်လည်း နည်းလမ်းတခု တိုးစေတာပေါ့နော်...
အသေးစိတ်ကို အောက်မှာ ရှင်းပြထားပါတယ်...
ကဲ ပထမဆုံး    ဆော့ဝဲလ်လေးကို ဒေါင်းလိုက်ကြရအောင်နော်...
ဒေါင်းပြီးတာနဲ့ ရလာတဲ့ apk လေးကို မိမိတို့ ဖုန်းမှာ ထည့် ပြီး install လုပ်ပေးလိုက်ပါနော်....
ဒါဆို စမယ်ဗျာ....အင်စတော ရလာတဲ့  apk လေး မှန်ပြင်ပေါ်မှာ တွေ့နေပါမယ်  အဲတာကို ကလစ်ဖွင့်လိုက်ပါ..... သည်နေရာမှာ ကျွန်တော် ပုံမယူလိုက်ရလို့  တရုတ်စာ နဲ့  ဇယားတခုတက်လာမယ်... ဘာဘဲ တက်လာလာပေါ့...
ဘယ်ဖက်ကစာသားက  Cancel ဆိုတာကိုပြောတာပါ...သည်တော့  ညာဘက်က တရုတ် စာကို ကလစ်ပေးလိုက်ပါ..နော်....နောက်အဆင့်တွေကို ပုံတွေနဲ့ ရှင်းပါမယ်..
အဆင့် ( ၁ )
အပေါ်က ပုံတိုင်း ဖြစ်လာမယ် ဒါဆို Root ဆိုတာလေးကို ကလစ်ပြီး လုပ်လိုက်ပါနော်... သူ့ဘာသာ အလုပ်လုပ်နေမှာ ဖြစ်ပါတယ်.. ခဏမျှ စောင့်ပေးလိုက်ပါ....
မိမိဖုန်း အတွက် Root Accept ရပြီဆိုတာနဲ့ အပေါ်ကလို အမှန်ခြစ်လေး ပြလာမှာ ဖြစ်ပါတယ်..ဒါဆို အောင်ပြီ ဗျာ...နောက်ထပ် လုပ်ဆောင်စရာတွေ ရှိပါတယ်.. ဆက်လုပ်ကြမယ်နော်....
အဆင့် ( ၂ )
ဖုန်း မှာ လိုအပ်တဲ့  apk တွေ ထည့်ပေးလိုက်ပါနော်..လိုအပ်တာတွေကတော့
( ၁ )  MMSD Smart Zawgyi ကိုဒေါင်းပြီးထည့်ထားရပါမယ်။
( ၂ ) Root Chacker  ကို Root အောင် မအေင် စစ်ဆေးဖို့ ထည့်ထားရပါမယ်။ Playstore မှာဝင်ဒေါင်းလိုက်ပါ....
 အိုကေ ဒါဆို မြန်မာစာအတွက် လုံလောက်မှာပါ... နောက် မိမိလိုအပ်တာတွေတော့ ကြိုက်သလို ထည့်နိုင်ပါတယ်...
အပေါ်ကဒေါင်းထားတဲ့ apk  တွေကို ဖုန်းမှာ install လုပ်ပေးလိုက်ပါနော်... ပြီးတာနဲ့ ဖုန်း မှန်ပြင်ပေါ်ကနေ ဖွင့်လိုက်ပါ  ဥပမာ  Root ကို စစ်ဆေးမယ် ဆိုပါတော့ Rootchacker apk ကိုဖွင့်လိုက်ပါ
အဲမှာ ပြသနာ အနည်းငယ် ပေါ်တတ်ပါတယ်... ဘာကြောင့်လည်းဆိုတော့  Root Apk ကနေ သူ့ကို အသိမှတ်မပြု ရသေးလို့ဘဲ ထင်ပါတယ်...
အောက်ကပုံကို ကြည့်လိုက်ပါ...
Root Apk ကနေ ကြက်ခြေခတ်အနီ ပြပေးထားတဲ့အတွက်  စစ်ဆေးလိုက်တဲ့အခါ Root မရှိသေးပါဘူးဆိုတာ ပြောလာမှာ ဖြစ်ပါတယ်  ဒါက Root မအောင်တာ မဟုတ်ပါဘူး အဲအတွက် ကြက်ခြေခတ်အနီကို အမှန်ခြစ် အစိမ်းလေး ဖြစ်ဖို့ လုပ်ရပါမယ်... နည်းလမ်းကတော့...အောက်မှာဆက်ကြည့်ပါ...
အဆင့် ( ၃ )  
မိမိတို့ Root စစ်တာတွေ Fontchanger တွေ အလုပ်မလုပ်ဘူး ဆိုရင် သည်လိုလေး လုပ်ပေးလိုက်ပါနော်... 
မိမိတို့ ဖုန်း Root ရပြီးတာနဲ့ မှန်ပြင်ပေါ်မှာ အဲလို apk လေး နှစ်ခု ဖြစ်နေတာ တွေ့ရမှာဖြစ်ပါတယ်..
R ဆိုတဲ့စာနဲ့ APK လေးကို ဖွင့်ပေးလိုက်ပါ... ဒါဆို အဲထဲမှာ စောစောက အင်စတော လုပ်ထားတဲ့
MMSD  နဲ့ Rootchacker တို့ကို တွေ့ရမှာ ဖြစ်ပါတယ်... တွေ့တာနဲ့ ကြက်ခြေနီလေး တွေပြနေမယ် အဲတာကို  ဘေးက အမှန်ခြစ်အစိမ်းလေး ကို ကလစ်ပြီး အသိမှတ် အတည်ပြု ပေးလိုက်ပါနော်... အောက်မှာ ပုံကြည့်လိုက်ပါ။
အပေါ်ကလိုဘဲ  ကြက်ခြေနီပြနေသော apk တိုင်းကို ဘေးက အစိမ်းရောင် အမှန်ခြစ်လေးကို ကလစ်ပေးလိုက်ပါနော်.... ဒါဆို အဆင်ပြေပါပြီ...
 အဆင့် ( ၄ ) 
 ဖုန်း apk  ကိုပြန်သွားလိုက်ပါ... Rootchecker ကို စစ်လိုက်ကြမယ်နော်.... Rootchacker ဆိုတာလေးကို ကလစ်ဖွင့်လိုက်ပါ...နော်
အပေါ်မှာ ပြထားသလို Verify  Root ဆိုတာလေးကို ကလစ်ပြီး ခဏစောင့်လိုက်ပါ  သူက စစ်ဆေးနေပါလိမ့်မယ်နော်.... အိုကေပြီးတာနဲ့ မိမိတို့ဖုန်းမှာ Root Accept ရရှိတယ်ဆိုရင် သည်လိုလေးပြပါတယ်..အောက်မှာ ပါ
အိုကေ  အဆင်ပြေပါပြီနော်.. မိမိတို့ ဖုန်းလေးမှာ ကွန်ပျူတာမလိုဘဲ  Root ဖေါက်ခြင်းမှ အောင်မြင်ခဲ့ပါပြီ... ကျွန်တော် လက်တွေ့ s4 နဲ့ oppo r829  ကိုစမ်းသတ်ထားပါတယ်  ကျန်တာတွေတော့ ဆက်လက် စမ်းသတ် ပေးပါ့မယ်  မိတ်ဆွေတို့လည်း  စမ်းသတ် ကြည့်ကြပါနော်  ရလာတဲ့ ဖုန်းတွေကို စာပို့ အသိပေးကြပါ...ဒါမှ လက်ဆင့်ကမ်း မျှဝေနိုင်မယ်လေ.... လူတိုင်း ကွန်ပျူတာ မရှိတော့ သည်နည်းလေးနဲ့ တော်တော် များများအဆင်ပြေမယ်ဆို ၀မ်းသာစရာပေါ့.....
 မြန်မာစာဖေါင့် ချိန်းဖို့ MMSD Smart Zawgyi ကိုလည်း အပေါ်ကနည်းအတိုင်း အမှန်ခြစ်လေး ဖြစ်ဖို့
ပြုပြင်ပေးပြီးမှ ဖေါင့် ချိန်းပေးလိုက်ပါနော်.... အိုကေ
အစစအရာရာ အဆင်ပြေအောင်မြင်ကြပါစေ..........
မိမိတို့ဖုန်းမှာ မြန်မာစာ သည်လောက်နဲ့ မမှန်ကန်သေးပါက  အောက်က apk ကို ဒေါင်းလိုက်ပါ မှန်တယ်ဆိုရင်တော့ မလိုအပ်ပါဘူး
သည်ကောင်လေး အသုံးပြုနည်းကတော့ အောက်မှာ ကြည့်လိုက်ပါ ဒေါင်းလို့ရတဲ့   APK လေးကို ဖုန်းမှာ အင်စတောလုပ် ဖွင့်လိုက်ပါနော်..
 အပေါ်မှာေ တွ့ရသလို GOT IT ဆိုတာကိုကလစ်ပေးလိုက်ပါနောက်
 အပေါ်ပုံတိုင်း I AGREE ဆိုတာကလစ်ပေးလိုက်ပါ နောက်
အပေါ်မှာ ပြထားသလို ကလစ်ပြီးဆက်သွားလိုက်ပါနော်

ဒါဆို အဆင်ပြေမှာပါနော်...
လိုအပ်ရင် ဆောင်ထားဖို့ လက်ဆောင်လေးတွေ
ဟူးးးးးမောထာ တော်ပြီေိေိ လိုခြင်တဲ့ apk  တွေကို cb0x ကနေ တောင်းဆိုခဲ့နိုင်ပါတယ်
<<< တာဝန်မလေးပါက တချက်လောက်ကလစ်ပေးခဲ့စေလို >>>


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ 

ဝါဆိုသင်္ကန်း ဖြစ်ပေါ်လာပုံ



       “ဝါဆိုသင်္ကန်း ဖြစ်ပေါ်လာပုံ
••••••••••••••••••••••••••••••••••


ဝိသာခါကျောင်းအစ်မကြီးဆိုတာ အားလုံးသိတဲ့အတိုင်း 
သာသနာမှာ အလှူဒါန ရက်ရောသူအဖြစ် သာသနာ့
မိခင်ကြီးအဖြစ်၊သောတာပန်အလှမိဖုရားအဖြစ်၊ 
ရဟန်းတော်များရဲ့ ရေတွင်းရေကန်ပမာအဖြစ် 
ထွန်းသစ်ထင်ရှားခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။
ဂုဏ်ယူဖွယ်ရာအကြောင်းတွေ အများကြီးရှိခဲ့ပါတယ်။

သာဝတ္ထိမြို့ရဲ့ အရှေ့ဘက်မှာ တိုက်ခန်းပေါင်း တစ်ထောင်ရှိတဲ့
ပုဗ္ဗာရုံကျောင်းကြီး လှူထားခဲ့တဲ့ ကျောင်းအစ်မကြီးတစ်ဦးဖြစ်ခဲ့သလို၊
သားသမီး(၂၀)၊ မြေး(၄၀၀)၊ မြစ်(၈၀၀၀) နဲ့
အခြွေအရံလည်း များခဲ့တဲ့ အမျိုးသမီးလည်းဖြစ်ခဲ့ပါသေးတယ်။
ထိုမျှမကသေး ဘာသာဝါဒမတူတဲ့ “မိစ္ဆာဒိဋ္ဌိမိဂါရသူဌေး”နဲ့
မိသားစုတို့ကို ဗုဒ္ဓဘာသာဖြစ်အောင် စည်းရုံးနိုင်ခဲ့တဲ့
အမျိုးသမီးဖြစ်ခဲ့ပါတယ်။
မြတ်စွာဘုရား ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးတော့
ဝိသာခါက ဆွမ်းစားပင့်ပါတယ်။
အဲဒီညလွန်တော့ လေးကျွန်းလုံးအနှံ့ မိုးကြီးရွာသွန်းပါတယ်။
မြတ်စွာဘုရားရှင်က ရဟန်းတို့ ဇေတဝန်ကျောင်းမှာရွာသလို၊
လေးကျွန်လုံးအနှံ့မှာလည်း မိုးရွာတယ်။
သင်တို့မိုးရေချိုးကြ။ ဒီမိုးကြီးဟာ လေးကျွန်းလုံးနှံ့တဲ့
နောက်ဆုံးမိုးပဲ ဟု မိန့်တော်မူပါတယ်။ ရဟန်းတော်များဟာ
သင်္ကန်းအပိုအလှူခံခွင့် မရှိသေးတာကြောင့် မိုးရေခံ သင်္ကန်းမပါဘဲ
မိုးရေချိုးနေကြတဲ့အချိန် ဝိသာခါလွှတ်လိုက်တဲ့
အိမ်ဖော်မလေး ကျောင်းလာဆွမ်းစားချိန်ရောက်ကြောင်း
လျှောက်ထားဖို့လာတဲ့အခါ၊ အဝတ်မပါဘဲ မိုးရေချိုးနေကြတဲ့
ရဟန်းတော်များကိုမြင်တော့ ဒီအရာမ်အတွင်းမှာ ရဟန်းတွေ မရှိဘူး။
အာဇီဝတက္ကတွန်းတွေသာ မိုးရေချိုးနေကြတယ်
လို့တွေးပြီး ရဟန်းတွေကို မပင့်ခဲ့ဘဲ အိမ်ပြန်သွား
ဝိသာခါကို အကြောင်းစုံပြန်ပြောတယ်။
ဝိသာခါက ပညာရှိတယ်။ လိမ္မာယဉ်ကျေးတယ်။
အတွေးအခေါ်လျင်မြန်ထက်မြက်တယ်။
ရဟန်းတော်တွေ မိုးရေးခံသင်္ကန်းမပါဘဲ
မိုးရေချိုးနေကြတာဖြစ်မယ် စဉ်းစားပြီး အိမ်ဖော်မလေးကို ဆွမ်းစားချိန်ရောက်ကြောင်း ထပ်မံ အပင့်ခိုင်းပြန်တယ်။
အဲဒီအချိန် ရဟန်းတော်များဟာ ရေချိုးပြီးလို့
တင့်တင်တယ်တယ် သပ္ပါယ်စွာ ဝတ်ရုံထားကြပြီးဖြစ်တယ်။
ကျောင်းတွင်းမှာ တိတ်ဆိတ်ငြိမ်သက်စွာ
သီတင်းသုံးနေကြပြီဖြစ်တယ်။
ရဟန်းတစ်ပါးမျှ ကျောင်းမှာမရှိဘူး။
တစ်ကျောင်းလုံးတိတ်ဆိတ်နေတယ်လို့ အိမ်ဖော်မလေးက
ပြန်လာပြီး ဝိသာခါကို ပြောပြန်တယ်။
ဝိသာခါက အခြေအနေကို စဉ်းစားမိပြီး ထပ်မံလွှတ်ရပြန်တယ်။
ဒီတော့မှ မြတ်စွာဘုရားရှင်နဲ့ သံဃာတော်တွေ အိမ်ကြွလာတော်မူကြတယ်။
မိုးရွာပြီးစ ရေစီးအဟုန်တွေများနေပေမယ့် မြတ်စွာဘုရားနဲ့
သံဃာတော်တို့ရဲ့ ခြေတော်တွေ သင်္ကန်းတော်တွေမှာ
ရေစိုစွတ်ခြင်း မရှိတာမြင်တော့ ဝိသာခါ အံ့သြဝမ်းသာဖြစ်ကာ
ဆွမ်းကပ်လှူ၊ ဒီနောက် မြတ်စွာဘုရားထံမှာ
ဆု(၈)ပါးလျှောက်ထားတောင်းဆိုပါတယ်။
အဲဒီဆု(၈)ပါးက
••••••••••••••••••••••••••••••••••
၁။ အရှင်ဘုရား တပည့်တော်မသည် သံဃာတော်များအား
အသက်ထက်ဆုံး မိုးရေခံသင်္ကန်း လှူလိုပါ၏။
၂။ ဧည့်သည် အာဂန္တုတို့အား ဆွမ်းလှူလိုပါ၏။
၃။ ခရီးသွားရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
၎။ သူနာရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
၅။ သူနာပြု ရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
၆။ သူနာရဟန်းတို့အား ဆေးလှူလိုပါ၏။
၇။ အမြဲ ယာဂု လှူလိုပါ၏။
၈။ ဘိက္ခုနီသံဃာအား ရေသနုပ်လှူလိုပါ၏။ ဆိုတဲ့ ဆု(၈)မျိုးပါ။
ဝိသာခါ သင် ဘယ်လိုအကျိုးထူး ကျေးဇူးတွေမြင်လို့
ဒီဆုတွေတောင်းတာလဲ လို့ မြတ်စွာဘုရားရှင်က မေးတော့ အိမ်ဖော်မလေးပြောတဲ့စကားပြန်လျှောက်ပါတယ်။
■အရှင်ဘုရား အဝတ်မစည်း အချည်းအနှီးနေခြင်းဟာ
စက်ဆုပ်ရွံရှာဖွယ်ရှိလို့ မစင်ကြယ်ပါ။
ဒီအကျိုးမြင်လို့ ရဟန်းသံဃာတော်အား အသက်ထက်ဆုံး
မိုးရေခံသင်္ကန်း လှူဒါန်းလိုပါတယ်ဘုရား။
■ဧည့်သည် အာဂန္တု ရဟန်းများ ခရီးမကျွမ်းကျင်လို့ ဆွမ်းကိစ္စ
အခက်အခဲ ကြုံတတ်ပါတယ်။ တပည့်တော်မ လှူတဲ့ဆွမ်းကို
ဘုဉ်းပေးပြီးမှ ခရီးလမ်းသိ ဆွမ်းခံကျွမ်းကျင်မှု ရှိပါလိမ့်မယ်။
ဒါကြောင့်လည်း ဧည့်သည်အာဂန္တုရဟန်းတို့ကို
ဆွမ်းလှူဒါန်းလိုပါတယ်ဘုရား။
■ခရီးသွားရဟန်းများ ဆွမ်းရှာနေရပါက အဖော်များ
ပြတ်ကျန် နေပါလိမ့်မယ်။ သွားချင်တဲ့ကျောင်းကိုလည်း
အချိန်အခါမဲ့မှ ရောက်သွားပါလိမ့်မယ်။
တပည့်တော်လှူတဲ့ဆွမ်းကို ဘုဉ်းပေးရပါက
အဲဒီဒုက္ခမှ ကင်းဝေးပါမယ်။ ဒါကြောင့် အသက်ထက်ဆုံး
ခရီးသွားသံဃာအား ဆွမ်းလှူဒါန်းလိုပါတယ်ဘုရား။
■ဖျားနာတဲ့ရဟန်းမှာ လျောက်ပတ်တဲ့ဘောဇဉ် မရပါက
အနာတိုးပွားနိုင်သလို အသက်အန္တရာယ်လည်း ကြုံတွေ့နိုင်ပါတယ်။
တပည့်တော်လှူတဲ့ ဘောဇဉ်စားသောက်ရပါက
ဒီအန္တရာယ်ကင်းပါလိမ့်မယ်။ ဒါကြောင့် သူနာရဟန်းများကိုလည်း
အသက်ထက်ဆုံး ဆွမ်းလှူဒါန်းလိုပါတယ်။ဘုရား။
■သူနာပြု(ဖျားနာနေသော ရဟန်းအား လုပ်ကျွေးပြုစုသူ)
ရဟန်းများ ကိုယ်တိုင်ဆွမ်းရှာနေရပါက
သူနာရဟန်းအား ပြုစုရမယ့်ကိစ္စတွေ လစ်ဟင်းနေပါလိမ့်မယ်။
ဒါကြောင့် သူနာပြု ဂိလာနုပဋ္ဌာက ရဟန်းများကိုလည်း
အသက်ထက်ဆုံး ဆွမ်းလှူဒါန်းလိုပါတယ်ဘုရား။
■သူနာရဟန်းမှာ လျောက်ပတ်တဲ့ ဆေးဝါးမရပါက
ရောဂါတိုးပွားပါလိမ့်မယ်။ ဒါကြောင့် အသက်ထက်ဆုံး
သူနာရဟန်းအား ဆေးဝါးလှူဒါန်းလိုပါတယ်ဘုရား။
■အရှင်ဘုရားက အန္ဓကဝိန္ဒမြို့မှာ “ယာဂုအကျိုးဆယ်မျိုး”ရှိတယ်
လို့ ဟောကြားခွင့်ပြုတာကြောင့် ရဟန်းသံဃာအား
တပည့်တော်မ အသက်ထက်ဆုံး “ယာဂုလှူလိုပါတယ်”ဘုရား။
■အမျိုးသမီးရဟန်းများ အစီရဝတီမြစ်မှာ ပြည့်တန်ဆာမများတို့နဲ့
ရေဆိပ်တစ်ခုတည်းမှာ အဝတ်မစည်း ရေချိုးနေကြလို့
ပြည့်တန်ဆာမများက ရဟန်းမ ဘိက္ခုနီတို့ကို
ပြက်ရယ်လှောင်ပြောင်ကြပါတယ်။
ဒါကြောင့် ဘိက္ခုနီသံဃာအား အသက်ထက်ဆုံး
ရေသနုပ်(ရေလဲသင်္ကန်း) လှူဒါန်းလိုပါတယ်ဘုရားဟု
ဒီဆု(၈)မျိုးကို ဝိသာခါဒကာမကြီးက တောင်းခံခဲ့တာပါ။
သံဃာများ ချမ်းသာစေလိုတဲ့ ဒီဆုတွေ ဝိသာခါတောင်းတာဟာ
သာသနာအကျိုးကြည့်တာရယ်၊ သူကိုယ်တိုင် နောင်အချိန်မှာ
ဝမ်းသာပီတိနဲ့ သဒ္ဓါပွားချင်တာရယ်ကြောင့်
တောင်းထားတာဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်က
ခွင့်ပြုတော်မူခဲ့လို့ ဒီနေ့ ဗုဒ္ဓဘာသာဝင် အမျိုးသား ၊
အမျိုးသမီးများ အနေဖြင့် ဝိသာခါကျောင်းအစ်မကြီးရဲ့
ဆုရှစ်မျိုးထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ဝါဆိုသင်္ကန်းကို
လှူဒါန်းနေကြတာဖြစ်ပါတယ်။
ဒါက ဝိသာခါကျောင်းအစ်မကြီး တောင်းခံခဲ့လို့
“ဝါဆိုသင်္ကန်း”ရယ်လို့ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။
သာဝတ္ထိမြိုကို ကြွဖူးတဲ့ ရဟန်းဖြစ်ပါက ဝိသာခါရဲ့
သင်္ကန်း ဆွမ်း စတဲ့အလှူကို တစ်မျိုးမျိုးတော့ ရရှိအလှူခံဖူးမှာပဲ။
အဲဒီရဟန်းတော်များ တရားထူးရတယ်ဆိုပါက
ဝိသာခါကျောင်းအစ်မကြီးရဲ့ ကျေးဇူးလည်း ရှိဖူးပြီပဲလို့
တွေးမိရင် ဝိသာခါက ဝမ်းမြောက်မယ်၊ နှစ်သက်မယ်၊
ငြိမ်းအေးမယ်။ ချမ်းသာမယ်။ တည်ကြည်မယ်။
ဣနြေ္ဒဗိုလ်၊ ဗောဇ္ဈတရားများ တိုးပွားမယ်။
ဒီအာနိသင်တွေ့မြင်လို့ ဆု(၈)ပါးကို တောင်းခံခဲ့တာဖြစ်ပါလို့
ရေးသားရင်း နိဂုံးချုပ်လိုက်တော့၏။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍
လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။


ရေးသားသူ。。。。

-【အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)】 

စိုင်းပင်ဖ(သဲတောမြေ)

စိုင်းပင်ဖ APK


ကျနော့ဆိုဒ်ကိုကြည့်ရှုအားပေးကြတဲ့ အွန်လိုင်းပေါ်မှ ညီကိုမောင်နှမများ နဲ့
ဦးဦးဒေါ်ဒေါ်အပေါင်းတို့အတွက်  ကျေးဇူးတုံ့ပြန်သောအားဖြင့်
Android ဖုန်းထဲမှာပဲ ကျနော့ဆိုဒ်လေးကို ကြည့်ရှုလို့အဆင်ပြေစေဖို့အတွက်
ဒီ Apk လေးကို ရေးသားလိုက်ပါတယ်ဗျာ။
အားပေးမှုကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့်
အားပေးသည်နှင့်ထိုက်တန်အောင် ကျနော်သည်လည်း
ရှေ့ဆက်ကြိုးစား၍ ပို့စ်များကိုပုံမှန်ပြန်လည်တင်ပေးမည်ဖြစ်ပါကြောင်း
သတင်းကောင်းပါအပ်ပါတယ်ခင်ဗျာ။

ဒေါင်းလုတ်ဆွဲရန်နှိပ်ပါ
စိုင်းပင်ဖ(သဲတောမြေ)