Followers

သတင်းဆိုဒ်များသို့

လိုအပ်သည်များကို တောင်းဆိုနိုင်ပါသည်

Total Pageviews

Powered by Blogger.


!!::..မင်္ဂလာပါ..............စိုင်းပင်ဖ(သဲတောမြေ) မှ မိတ်ဆွေအားလုံးကို လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ ... လိုအပ်သည်များကို ဝေဖန် အကြံပြုပေးကြစေလိုပါတယ် !!::..saisaipinpha@gmail.com..::!!

မိုးနဲမြို့နယ်မှ MBF သို့ထည့်ဝင်လှူဒါန်းသော အလှူရှင်များစာရင်း


ရွှေပိုး (ကွမ်း+ကွမ်းပစ္စည်းဆိုင်)
- ဥယျဉ်ရပ်ကွက်၊မိုးနဲမြို့ - ၁၀၀၀၀၀ (တစ်သိန်းကျပ်)
Online အလှူရှင်တစ်ဦး - ၁၀၀၀၀၀ (တစ်သိန်းကျပ်)
ဦးလှကို - ဆောက်လုပ်ရေးရုံး၊မိုးနဲမြို့ - ၅၀၀၀၀ (ငါးသောင်းကျပ်)
အမြတ်တနိုး - Online အလှူရှင်၊ကျိုင်းတုံမြို့ - ၂၀၀၀၀ (နှစ်သောင်းကျပ်)
ဦးမြင့်သိန်း+(ဒေါ်နန်းခင်လှ) - ရေအေးကွင်းရပ်ကွက်၊တောင်ကြီးမြို့ - ၁၀၀၀၀ (တစ်သောင်းကျပ်)    
 မြို့နယ်ဆရာဝန်ကြီး ဦးစံကြည်
- မိုးနဲပြည်သူ့ဆေးရုံ - ၅၀၀၀ ကျပ်
စိုင်းအောင်မိန်း - ဥယျဉ်ရပ်ကွက်၊မိုးနဲမြို့ - ၅၀၀၀ ကျပ်
ကိုမြင့်ဝင်းကြိုင် (Facebook Acc တစ်ခု) - (မီးသတ်ဦးစီး)၊မိုးနဲမြို့ - ၅၀၀၀ ကျပ်
ကိုမျိုးအောင်(Facebook Acc တစ်ခု) - ကျောင်းတုံရပ်ကွက်၊မိုးနဲမြို့ - ၅၀၀၀ ကျပ်
ဦးမောင်ဌေး+ဒေါ်သီတာဦး - အောင်သပြေရပ်ကွက် - ၅၀၀၀ ကျပ်
ဘိုဘိုအောင်(Facebook Acc တစ်ခု) - မီးသတ်ဌာန၊မိုးနဲမြို့ - ရ၀၀၀ ကျပ်
စိုင်းမှိုင်းမှိုင်း(ပီမှိုင်း) - ဥယျဉ်ရပ်ကွက်၊မိုးနဲမြို့ - ၅၀၀၀ ကျပ်
သားဖွားဆရာမကြီးဒေါ်ခွန်နော - ဥယျဉ်ရပ်ကွက်၊မိုးနဲမြို့ - ၅၀၀၀ ကျပ်
ကိုမျိုး - London ကုမ္ပဏီ၊တောင်ကြီးမြို့ - ၅၀၀၀ ကျပ်
မြို့နယ်သူနာပြုဒေါ်ကြည်ဆွေ - ပြည်သူ့ဆေးရုံ၊မိုးနဲမြို့ - ၅၀၀၀ ကျပ်
ပြည့်စုံမြင့် (Facebook Acc တစ်ခု) - လင်းခေးမြို့ - ၅၀၀၀ ကျပ်
ဘူတာရုံပိုင်ကြီး - ဥယျဉ်ရပ်ကွက်၊မိုးနဲမြို့ - ၂၀၀၀ ကျပ်
စိုးမင်းဝင်း - မိုးနဲမြို့ - ၁၀၀၀ ကျပ်
ဦးအေးဆောင် - ဥယျဉ်ရပ်ကွက်၊မိုးနဲမြို့ - ၅၀၀၀ ကျပ်
၂၀၁၅ ခုနှစ် အမှတ်စဉ် (၂) အရံသားဖွားသင်တန်းသူများဖြစ်ကြသော
အိမ့်သက်ပိုင်ဦး+ယောခေဘက်+နန္ဒာဝင်း+
နာလော+နာဖီး+အာစိုးမ+
နန်းခမ်းအုံ+နန်းယိင်းကံ+ညိုညိုဦး+
စိုးမွန်ထွေး+နန်းပေါင်း+နန်းယိင်း+နန်းယိင်းချဲ့+
နန်းယိင်းယွမ့်+နန်းနိမ့် +မနှင်းနွယ်(၂၀၀၀)
တို့မှ စုပေါင်းအလှူငွေ - ၁ရ၀၀၀ ကျပ်

(စုစုပေါင်းအလှူငွေ ၃၆၂၀၀၀ ကျပ် လက်ခံရရှိထားပါတယ်ခင်ဗျာ။)


12-8-2015 ထိ စိုင်းပင်ဖ(သဲတောမြေ) www.saipinpha.blogspot.com မှတဆင့် Myanmar Blogger Family (MBF) ရေဘေးဒုက္ခသည်ကူညီရေးအဖွဲ့သို့
ထည့်ဝင်လှူဒါန်းသော အလှူရှင်များစာရင်းဖြစ်ပါတယ်ခင်ဗျာ။
နောက်ထပ်အလှူရှင်များအနေနဲ့ ဆက်သွယ်လှူဒါန်းခြင်တယ်ဆိုရင်တော့ ...

ဆက်သွယ်စုံစမ်းရန်
===========

ညီနေမင်း(နည်းပညာ) www.nyinaymin.org +66947463414 / 09-790880718
ဘလော့ခရီးသည် www.aungsanmks.com +601125455419
စိုင်းပင်ဖ(သဲတောမြေ) www.saipinpha.blogspot.com 09-458043885




Samsung GT ဖုန်းများကို Lock ဖြည်နည်း

၁။ Lock ဖြည်မြည့်ဖုန်းထဲသို့ Sim Card ထည့်ပါ။
၂။ Power ဖွင့်ပါ။
၃။ SOS ကို ဖုန်းခေါ်ပါ။
၎။ ဖုန်း Screen Lock ကို Power ခလုတ်နှိပ်၍ဖယ်ရှာပြီး Keypad ကို နှိပ်ပါ။
၅။ *2767*2878# ဂဏန်းများကို ရိုက်ထည့်ပါ။
၆။ *2767*2878# ကိုရိုက်ထည့်လျှင်*2767*----# ဟုပေါ်လာပါမည်။
ရ။ Auto Restart ကျ၍ Power ပြန်တက်လာလျှင် Lock မရှိတော့ပါ။

အားလုံးအဆင်ပြေကြပါစေဗျာ။
စိုင်းပင်ဖ(သဲတောမြေ)

!! Android Firmware များဒေါင်းရန် !!

ဘလော့ခရီးသည် နှင့် အခြားဆိုဒ်စုံ APK လေးပါ.. ( For Android Ph User )

 



မင်္ဂလာပါ  ကျွန်တော် ဘလော့ခရီးသည် ရဲ့ APK လေးကို အသစ်တဖန်ပြန်လည် လ်ုပထားပါတယ်..
သည်တခါတော့ အတတ်နိုင်ဆုံး စုံစုံလင်လင် ဖြစ်စေ၇န်  ပြင်ဆင်ထားပါတယ်....
 ပါဝင်သော ဆိုဒ်များကတော့
(၁) စာအုပ်စာပေဆိုဒ်များ
(၂) နည်းပညာဆိုဒ်များ
(၃) သတင်းမီဒီယာဆိုဒ်များ
(၄) သီချင်းဆိုဒ်များ
(၅) အားကစားဆိုဒ်များ

စသည်တို့ကို  ရသလောက် ထည့်သွင်းဖေါ်ပြပေးထားပါတယ်... မိမိတို့ ဖုန်းကနေ အမြဲ တင်နေသမျှ တွေကို  နောက်မကျရလေအောင်  စောင့်ဖတ်ကြမယ်ဆိုပါက အောက်မှာ ဒေါင်းလိုက်ပါနော်..

ဘလော့ခရီးသည် APK ဒေါင်းရန်


(OR)
 (OR)
(OR)

အစစ အဆင်ပြေပါစေလို့ ဆုတောင်းလျှက်
ဘလော့ခရီးသည်

IDM 6.21 Build 14

ေေ
နောက်ဆုံးထွက်ထားတဲ့ 15/10/2014 နေ့က Version အသစ်ထပ်မံထွက်ရှိလာတဲ့ IDM 6.21 Build 14 ကို တင်ပေး လိုက် ပါတယ်။ IDM ကို ကွန်ပျူတာ သုံးသူတိုင်း သိပြီးသားမို့ စာအထွေထူး အရှင်းပြတော့ပါဘူး။ Activated လုပ်နည်းကို သေခြာရေးပြသွားပေးပါမယ်။ စာဖတ်ပြီး သေခြာလေး လိုက်လုပ်ပါ။ 
ပိုစ်အောက်မှာ ဆော့ဝဲလ်ကို ဒေါင်းပြီး မိမိစက်တွင် Install ပြီးရင် Crack Foloder ထဲက ဖိုင် နှစ်ဖိုင်ကို Copy ပြီး [C:\Program Files\Internet Download Manager] OR [C:\Program Files (x86)\Internet Download Manager] ထဲမှာ Paste ချလိုက်ပါ။ Copy & Replace စာတန်းကြီးတတ်လာရင် Containue ဆက်သွားလိုက်ပါ။ ပြီးရင် Key ဖိုင်ကို နှစ်ချက်ကလစ်ပြီး ဖွင့်လိုက်ပါ။ ပြီးရင် Activated ဖြစ်ပါပြီ။

IDM 6.21 ကိုတော့ ဒီအောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ.

Download Internet Download Manager 6.21 Build 14 Final

App Screenshot

အားလုံးအဆင်ပြေပါစေ.......။

(မူရင်းရေးသားသူ - ဇော်မင်းသန်း)

Samsung GT-i5801 Root !!

 

 ဒီဖုန်းကို Root ဖို့ တိုင်ပတ်ခဲ့တာပါ။
နောက်ဆုံးတော့ ရှာရင်းဖွေရင်းနဲ့ SRS Root Tool လေးနဲ့မှ အဆင်ပြေသွားတော့တယ်။
ကျနော့ မိတ်ဆွေတွေလဲ အဆင်ပြေအောင်လို့ တင်ပေးလိုက်ပါတယ်။
GT-i5801 တင်မကပါဘူး  ဖုန်းတော်တော်များများကိုလဲ Root လို့ရပါတယ်။
အားလုံးအဆင်ပြေပါစေဗျာ။

!! ဒီနေရာကိုနှိပ်ပြီး ဒေါင်းပါ !!
စိုင်းပင်ဖ(သဲတောမြေ)

ရွှေပိုး ဖုန်းမြည်သံ !!


ရွှေပိုး ဖုန်းမြည်သံ Apk လေးကိုတင်ပေးလိုက်ပါတယ်ခင်ဗျာ။
ကျနော့်စိတ်ကြိုက် Ringtone  လေးတွေ စုစည်းထားတာပါ။
ကျနော်သိသလောက်ပြန်လည်ရေးသားထားတဲ့ ဆော့ပ်ဝဲလ်လေးပါ။
လိုအပ်တာများရှိခဲ့ရင် ဝေဖန်အကြံပြုနိုင်ပါတယ်ခင်ဗျာ။
အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။
ဆော့ပ်ဝဲလ်ကိုတော့ အောက်မှာဒေါင်းလိုက်ပါနော်။

!! ဤနေရာကိုနှိပ်၍ ဒေါင်းပါ!!
စိုင်းပင်ဖ(သဲတောမြေ)

2014 တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံစာရင်း Apk


၂၀၁၄ ခုနှစ်တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွင်း လွှတ်တင်ပြိုင်ပွဲဝင်မဲ့
မီးပုံးပျံစာရင်းများကို Android ပေါ်မှာ ကြည့်ရှုရန်အတွက် Apk ထွက်ရှိလာပါပြီ။
ဒီ Application ကိုတော့ အံ့ထူးပိုင် က ရေးသားထားခြင်းဖြစ်ပါတယ်။
ကဲ!!!ပွဲတော်အတွင်းလွှတ်မဲ့ မီးပုံးစာရင်းတွေကို ကြည့်ရင်း
ကြိုတင်ရင်ခုန်ရအောင်ဗျာ !!

!! ဒေါင်းလုတ်ဆွဲရန်နှိပ်ပါ !!
စိုင်းပင်ဖ

Samsung S3(GT-i9300) ကို S5 အဖြစ်ပြောင်းသုံးမယ် !!


S3 (GT-i9300) ကို S5 Revolutionary စတိုင်လေးနဲ့အသုံးပြုဖို့ တင်ပေးလိုက်ပါတယ်ဗျာ။
ဆော့ပ်ဝဲလ်ကို ဒီနေကိုနှိပ်ပြီး ဒေါင်းပါ !!
CWM ကနေ တင်ရမှာပါ။
အားလုံးအဆင်ပြေပါစေဗျာ။
စိုင်းပင်ဖ

ရှမ်းရိုးရာ လက်ထပ်ပွဲအကြောင်း



အမျိုးသမီးတို့ မင်္ဂလာ ဆောင်ပွဲများမှာ ဒေသအလိုက် အနည်းနှင့် အများ ကွဲပြားကြသည်။ မိဘများက တောင်းရမ်းပေးရာတွင် ဦးစွာ ပထမ လူပျို၏မိဘများသည် အပျို၏ မိဘများထံသို့ သွား၍ ပြောရသည်။ အပျို၏ မိဘများက လေး-ငါးရက် အချိန်ယူပြီး ဆွေမျိုးများနှင့် တိုင်ပင်ရသည်။ သမီး၏ သဘောကို မေးရသည်။ သမီးက သဘောတူပါက လူပျိုဖက်သို့ အကြောင်းပြန်ကြားရသည်။ လူပျို၏ မိဘများက လူကြီးများနှင့် နေ့ကောင်းရက်သာ ရွေးပြီး အပျို၏မိဘမျာထံ သမီးတောင်းရန်လာကြသည်။ ထိုအချိန်တွင် အပျိုအိမ်၌ ဆွေမျိုးအစုံ ရောက်နေကြရသည်။ အပျိုဖက်မှ လူငယ်များက လူပျိုကို ခြံတံခါးဝတွင် တကြိမ်၊ အိမ်တံခါးဝတွင် တကြိမ် ကြိုးတားကြသည်။ ငွေကြေးပေးမှ ဖွင့်ပေးကြသည်။

အိမ်ပေါ်သို့ ရောက်သည့်အခါ အပျိုဖက်က လူကြီးနှစ်ဦးကို လူပျိုဖက်မှ လူကြီးများက သွား၍ နှင်ဆက်ရသည်။ အပျိုဖက်မှ လူကြီးများက လာရင်းကိစ္စကို မသိချင်ယောင်ဆောင်ပြီး မေးရသည်။ လူပျိုဖက်က သမီးလာတောင်းသည့် အကြောင်းပြောပြရသည်။
ဤသို့ တဖက်နှင့်တဖက် အပြန်အလှန် ပြောဆိုကြသည်။ ထိုသို့ပြောနေစဉ် လူပျိုဖက်က လင်ပန်းတခုတွင် လက်ဖက်နှစ်ထုပ်၊ ကွမ်းနှစ်ထုပ်၊ ငှက်ပျော်နှစ်ဖီး၊ အနည်းဆုံး ငွေငါးမတ်နှင့် ကြက်ဥပြုတ် နှစ်လုံးထည့်၍ အိမ်ထောင်စုံ အျိုးသမီးထံ ပို့ထားရသည်။ အကယ်၍ စကားပြောလို့မပြီးမီ ထိုလင်ပန်းကို အောက်ချထားမိပါက အပျိုဖက်က ယူစားပစ်နိုင်သည်။ ထို့နောက်မှ ကြက်ဥနှစ်လုံးမှတပါး လင်ပန်းအတွင်းရှိ အစားအစာ တ၀က်ကို ဆွေမျိုးနှစ်ဖက်အား ကျွေးမွေးပြီး ကျန်တ၀က်ကို အိမ်အပြင်တွင် နတ်ပသ၍ ဆုတောင်းခြင်းပြုကြသည်။
ထို့နောက် လူပျိုဖက်မှ ဧည့်သည်များကို အပျိုဖက်က ထမင်းကျွေး ပြုစုသည်။ အပျိုနှင့် လူပျိုအတွက်မူ ထမင်းပွဲတခု သီးသန့်ပြင်ပေးရသည်။ လူပျိုနှင့်အပျို ထမင်းစားနေစဉ် အနားတွင် ကလေးများက သားသမီးများသဖွယ် ကြက်ဥနှစ်လုံးကို ခွဲပြီး “ဖေဖေ၊ မေမေ” ဟုခေါ်ကာ သတိုးသားနှင့် သတို့သမီးတို့အား ခွံ့ကျွေးရသည်။ ချည်ခုနှစ်ပင်ပါသည့် ချည်မန်းကွင်းဖြင့် သတို့သား၊ သတို့သမီးတို့အား စွပ်ပေးရသည်။ လူပျိုနှင့်အပျို တပြန်စီ ထမင်းခွံ့သည့်ဓလေ့လည်း ရှိသည်။ သတို့သားက သတို့သမီးအား မိဘအား သမီးမွေးပေးသည့်အတွက် ငွေငါးကျပ်ကို နို့ဘိုးအဖြစ် ကန်တော့ရသည်။ ထို့အပြင် အပျိုဖက်က ဆွေမျိုးများအတွက် တအိုးစားလျှင် တကျပ်၊ နှစ်အိုးစားလျှင် နှစ်ကျပ် စသည်ဖြင့် ငွေကြေးပေးရသည်။ ထိုသို့ ပြုလုပ်ခြင်းမှာ နောင်တနေ့ လင်မယား သဘောထား ကွဲလွဲပါက ဆွေမျိုးများကို သက်သေထူပြီး သတို့သား၊ သတို့သမီးအား ဆုံးမရန်ဖြစ်သည်။
အချို့ဒေသများတွင် လက်ထပ်ပွဲပြုလုပ်လျှင် ငှက်ပျောပွဲကိုပြင်၍ ငချဉ်ထုပ်များကို အုပ်ထဲတွင်ထည့်ထားသည်။ ရွဲထဲမှ အသက်ကြီးရင်သူတို့က ထိုအထုပ်များကို ဖြေပြီး ဧည့်သည်များကို ကျွေးမွေးသည်။ ရွှေ၊ငွေ ထည့်ထားသည့် ရေကို လက်ထပ်ပေးသူ လူကြီးက သတို့သမီးကို တိုက်သည်။ သတို့သမီးမှတဆင့် သတို့သားအား တိုက်သည်။ လက်ဖွဲ့သော အလေ့ရှိသည်။ သတို့သမီးအရံ၊ သတို့သား အရံနှင့် လက်ထပ်ပေးသူတို့ဥည် မိဘစုံလင်စွာရှိပြီး ငယ်လင်၊ ငယ်မယား အိမ်ထောင်စုံများဖြစ်ရသည်။ လူပျို၏ မိဘများက အပျို၏ မိဘများထံ သမီးတောင်းရာတွင် တင်တောင်းသော ပစ္စည်းမှာ ရွှေ၊ ငွေ၊ အ၀တ်အစားများသာ ဖြစ်သည်။ အိမ်နှင့် မြေယာများကို တင်မတောင်းကြပေ။ လက်ထပ်ပွဲကုန်ကျငွေကို ယောက်ျားလေးဖက်က အကုန်ခံရသည်။၏
ရှမ်းပြည်နယ် မြောက်ပိုင်း အချို့ဒေသများတွင် မိန်းကလေးကို သွားရောက်တောင်းယူရာတွင် ရေအပြည့် ပါသော ရေတကောင်းတခု၊ နှစ်တောင်ပတ်လည်ရှိသော ဖျာချောတချပ်၊ ကွမ်းဆေးအစုံ ထည့်ထားသော ကွမ်းအစ်တလုံး၊ ဆေးလိပ်ထည့်ထားသော ဆေးလိပ်ခွက် တခွက်နှင့် သွားတောင်းရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း အချို့ဒေသများတွင် လက်ဖက်စို တပိဿာ၊ ဆားတပိဿာ၊ ကြံသကာ တပိဿာ၊ ဆင်အန်ငှက်ပျောဖီး တဖီးနှင့် မိန်းကလေး မိဘ သို့မဟုတ် အုပ်ထိန်းသူထံ လာရောက် ကန်တော့ပြီး မိန်းကလေး ၀တ်ဆင်ရန် ရွှေတို ရွှေစ အဆင်တန်ဆာ များကိုပါ ယူဆောင်သွားရသည်။
တောင်းရမ်းရာတွင် ကွမ်းတော့တော် ခေါ် တဖက်နှင့်တဖက် အချီအချ စကားပြောဆိုရာတွင် ကြားဝင် ပြောရမည့် စကားပြော လိမ္မာကျွမ်းကျင်သူ၊ အာဝဇ္ဇန်းရှိပြီး လူမှုရေးရာ သိနားလည်သူ (အများအားဖြင့် လူပျိုခေါင်း) တစ်ယောက်ယောက်ကို ငှားရမ်းခေါ်ဆောင်ကာ သွားတောင်းလေ့ရှိသည်။ မင်္ဂလာပွဲကိုလည်း သတို့သမီး အိမ်တွင်သာ ပြုလုပ်လေ့ ရှိသည်။ ရှေးရှမ်းပုံပြင်မှ ခွန်ဆန်လောဝ်နှင့် နန်းဦးပြင်တို့ကို အစွဲပြုပြီး သတို့သား၊ သတို့သမီးအိမ်သို့အလာ လမ်းတွင် ရွှေကြိုး၊ ငွေကြိုးတားကြသည်။ လက်ထပ်ပြီး ခုနှစ်ရက်အတွင်း ခရီးထွက်လေ့မရှိကြပေ။ ယောက္ခ မအိမ်တွင် အနည်းဆုံး တနှစ်နေပြီးမှ အိမ်ထောင်ခွဲလိုက ခွဲနေကြလေ့ရှိသည်။

(တိုင်းရင်းသား ရိုးရာဓလေ့ ထုံးစံများ-မန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ) စာအုပ်မှ


(Creadit to Shan History)

တောင်ကြီးမြို့သမိုင်း



ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် (၄၇၁၂) ပေ မြင့်သော ရှမ်းပြည်တောင်ပိုင်း ရှမ်းရိုးမ တောင်ပေါ်တွင်တည်ရှိပါသည်။ မြန်မာ သဣရာဇ် (၁၂၀၀)ခန့်က နောင်တွင် တောင်ကြီးဟု သမုတ်မည့်နေရာ၌ ပအိုဝ့်ရွာလေး တစ်ရွာ ရှိခဲ့သည်။ ထိုရွာ၏ အမည်မှာ ``ဒုံတောင်တီ´´ဟု အမည် ရသည်။ တောင်တီကို ရှမ်းအမည်ဖြင့် ``တွမ်တီး´´ ဟုခေါ်သည်။ တည်ပင်(၀ါ) ကတည်ပင် ပေါက်ရာရွာဟု ဆိုလိုသည်။ ထိုရွာနှင့် အနီးတ၀ိုက်တွင်ပင်လုံရွာ၊ ရှမ်းရွာ၊ မိန်မြိန်ရွာနှင့် ၀ါးပြားရွာ များသာ ရှိပေသည်။

 ၎င်းအပြင် ရေကန် လေးကန်နှင့် အင်းကြီး တစ်အင်းလည်း ရှိပေသည်။ အင်္ဂလိပ်အစိုးရသည် တောင်ကြီးမြို့ ကို (၁၂၅၃)ခုနှစ်၊ (၁၈၉၀)ပြည့်နှစ်တွင်တည်ထောင်ခဲ့ကြောင်း၊ ပါတ်ဝန်းကျင်ရှိ အင်းနှင့်ကန်များကို ပြုပြင်ဆည်ဖို့ကာ တောင်ကြီးကို မြို့တော်ဖြစ်ရန် ဖန်တီးခဲ့ကြောင်း သိရှိ မှတ်သားရပါသည်။ သက်ကြီး ရွယ်အို တစ်ဦး၏ ပြောပြချက် အရ (၁၂၅၁)ခုနှစ်တွင်
တောင်ကြီးမြို့ တည်ကြောင်း မှတ်သား ရပါ သည်။ ဤ အဆို အမိန့်များကိုအခြေခံ၍ သုံးသပ်ကြည့်ရာ အင်္ဂလိပ်တို့သည် အထက် မြန်မာပြည်ကို (၁၂၄၇)နှစ်တွင် အခြေစိုက် နိုင်ခဲ့ပြီး၊ရှမ်းပြည်နယ်သို့ တက်လာကာ ပထမဦးစွာညောင်ရွှေမြို့နယ် မိုင်းသောက် ကျေးရွာ အေသတွင် စတင် ရုံးစိုက်ခဲ့ ပေသည်။
ထိုဒေသမှ တစ်ဖန် ယခုတောင်ကြီးမြို့ တည်ရာ ဒေသ တ၀ိုက်သို့ (၁၂၅၁)
ခုနှစ်ခန့်၌ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်နိုင် ပါသည်။ ထိုအချိန်ကတောင်ကြီးမြို့ အရှေ့ဘက် တောင်တန်းများ ပေါ်၌ မိရဲ၊ သထုံ၊ ၀ိနယ အစရှိသောပအိုဝ့်ရွာများ ရှိသည်။ ``၀ိနယ´´ဟူသော အဓိပ္ပါယ်မှာ ``မြို့ဟောင်း´´ဟူ၍ဖြစ်သည်။ ၎င်း၌ ရုံးစိုက်ပြီး နောက် (၁၈၉၄) ခုနှစ်တွင်မှ ယခုတောင်ကြီးမြို့သို့ ပြောင်းရွေ့ တည်ခြင်း ဖြစ်နိုင် ပါသည်။ ဤသို့ဆိုလျင်တောင်ကြီးမြို့၏ သက်တမ်းကား အနှစ် (၁၀၀) ကျော်ပြီဖြစ်ကြောင်း မှတ်တမ်း တင်ရမည် ဖြစ်ပါသည်။

တောင်ကြီးမြို့နေရာသည် သက္ကရာဇ် ၁၂၀၀ ခန့်လောက်က တည်ရှိနေ ခဲ့သောပအိုဝ်းရွာလေး တစ်ရွာရှိခဲ့၏။ ထိုရွာ၏ အမည်မှာ ဒုံတောင်တီ ဟုခေါ် လေသည်။ရှမ်းအသံဖြင့် တွမ်တီး ဟုခေါ်သည်။ တောင်ကျည်း၊ တွမ်းတီး ဟုမြန်မာအသံတောင်ကြီး ဟူသည်မှာ တည်ပင်နှင့် တူသော အပင်တစ်မျိုးဖြစ်ပါသည်။

 အချို့သောအရပ်တွင် ကတည်ပင် ဟုလည်း ခေါ်ပါသည်။ ၄င်းအပင်ပေါက်ရာရွာဟုဆိုလိုပါ၏။ ထိုရွာနှင့် အနီးတစ်ဝိုက်တွင် ပင်လုံရွာ ၊ ရှမ်းရွာ ၊မွန် ခြိန်ရွာ နှင့် ၀ါးပြားရွာ များသာ ရှိပေသည်။၎င်း အပြင် ရေကန် ၎
ကန်နှင့် အင်းကြီးတစ်အင်းလည်း ရှိသည်။ အင်္ဂလိပ် အစိုးရသည်တောင်ကြီးမြို့ကို မြန်မာ သက္ကရာဇ် ၁၂၅၃-ခု ၊ ခရစ်နှစ် ၁၈၉၀ ပြည့်နှစ်တွင်  မြို့တည်ခဲ့ပေသည်။ တောင်ကြီးရွာကို မြို့တည် ပြီး
ထိုရွာနှင့်တဆက်တည်းဖြစ်သော ကန်များ၊ အင်းများကိုပြုပြင်ကာတောင်ကြီးမြို့ကို မြို့တော်ဖြစ်အောင်မွန်းမံခဲ့သည်ဟု ယုဝတီမာလာသိန်းကယုဝတီ ဂျာနယ်တွင် မဟာပါသဏမုံတ၀ဂူလိုဏ်ဂူ ဆောင်းပါးတွင် ရေးသားထားသည်ကိုမှတ်သားရပေသည်။

မှတ်တမ်းအရဆိုပါက တောင်ကြီးမြို့ကို တည်သည်မှာ နှစ် ၁၀၀ပင်ကျော်ခဲ့လေပြီ။ သက်ကြီးရွယ်အို တစ်ဦး ၏ ပြောပြချက်အရ ၁၂၅၁ ခုနှစ်တွင်တောင်ကြီးမြို့ကို တည်သည်ဟု မှတ်သားရပြန်သည်။ ထို့ကြောင့်
တောင်ကြီးမြို့တည်သည့် ခုနှစ်နှင့် ပတ်သက် ၍၀ိဝါဒ အမျိုးမျိုးဖြစ်နေသည်။အဖြေရှာကြည့်ရာ ၁၂၄၇-ခုနှစ်တွင် နယ်ချဲ့ အင်္ဂလိပ်တို့အထက်မြန်မာနိုင်ငံကို သိမ်းပိုက် သဖြင့် ထိုကာလွန် ၃ နှစ်သည်
နယ်ချဲ့တို့ရှမ်းပြည်ဖက်သို့တက်လာကာ မိုင်းသောက် (ညောင်ရွေမြို့နယ်) ကိုရုံးစိုက်ခဲ့သည် ကာလဖြစ်နိုင်ပေသည်။

မိုင်းသောက်ဒေသသည် ငှက်ဖျား မရှိသဖြင့် ရုံးပြောင်းရွေ့စိုက်သည့်နေရာကိုရှာဖွေ ကြပြန်ရာ ယခုတောင်ကြီးမြို့၏ အရှေ့ဘက် (ယခု ဓမ္မရတနာကျောင်း၏အရှေ့ဘက်(၂)မိုင်အကွာ) တွင် ၁၂၅၁-ခုနှစ်ခန့်၌ပြောင်းရွေ့ခဲ့ခြင်းဖြစ်နိုင်ရာသည်။ ထိုဒေသသည် ပြန့်ပြူးညီညာသဖြင့်မြို့တည်ခဲ့ခြင်းဖြစ်နိုင်ပေသည်။

ယခုတောင်ကြီးမြို့အရှေ့ဘက်ရှိ တောင်တန်းများပေါ်တွင် ထိုအချိန်ကပအိုဝ်းရွာများရှိရာ ၊ အင်္ဂလိပ်တို့က ထိုနေရာတွင် မြို့တည်လိုသဖြင့်အခြားသင့်တော်ရာနေရာသို့ ရွာပြောင်းခိုင်းသည်ဟုလည်း မှတ်သားရ ပေသည်။ထိုဒေသတွင် ယခင်က မီရဲ၊ သထုံ၊ ၀ိန်ယရွာများရှိရာ ၀ိန်ယသည် ပအိုဝ်းဘာသာစကားဖြင့် မြို့ဟောင်းဟု အဓိပ္ပာယ်ရသဖြင့် တောင်ကြီးမြို့ဟောင်းနေရာဖြစ်နိုင်ပေသည်။ ထိုနေရာတွင် ရုံးစိုက်ပြီးမှ ၁၈၉၄-ခုနှစ်တွင်ယခုတောင်ကြီးမြို့နေရာကို ပြောင်းရွေ့ မြို့တည်ခြင်းဖြစ် နိုင်ပေသည်။

စာရေးသူမှတ်သား ရသည်မှာ ယခု မြို့မ ဈေးကြီး နေရာသည် ယခင်ကဦးကြီးခမ်းလော် ရွာ နေရာဟောင်းဖြစ်သည်။ ထိုစဉ်က မီးရဲတွင်ပအိုဝ်းတိုင်းရင်းသား ချိုဖာထီးအုပ်ချုပ်ခဲ့ပေသည်။ ထိုအချိန်က တောအုပ်မှာတောင်ပိုင်းရပ်မှ ဦးဖိုးမင်းဖြစ်ပြီး ဦးဖိုးရင်မှာ နယ်အုပ်ဖြစ်သည်။အရေးပိုင်မှာ ဦးလူတင် ဖြစ်သည်။ ဒုံတောင်တီးခေါ် တောင်ကြီးရွာကို ဦးအောင်သာက အုပ်ချုပ်လေသည်။ ထာခယ်ရွာ (ယခု ညောင်ပင်သာ) ကို ဆရာစန္တတည်ပြီး ၊နဂါးပတ်ကျောင်း ၀န်းကျင်ကို မောင်ဖာဝမ် တည်ခဲ့သည်။

အင်းသားများ ဖြစ်သည့် ဘုရားဒါယကာညွန့် ဒါယကာကျော်တို့မှာ အင်းလေးမှအင်းသားများ (ထိုအချိန်က စော်ဘွား နှင့် မတည့်သူများ) ကို လမ်းအလုပ်သမားကူလီ များအဖြစ် ခေါ်လာ ၍ကူလီကုန်းရပ် (ယခု ကူညီကုန်းရပ်) ကိုတည်ခဲ့သည်။ဈေးပိုင်းရပ်ကို ပအိုဝ်း တိုင်းရင်းသားများဖြစ်သည့် ဇရပ်ဒကာ ဦးချုံ၊
ပဉ္စင်း ဘဖြူတို့က တည်ခဲ့သည်။ ထိုအချိန်က တောင်ကြီးမြို့ပေါ်တွင်ကန်ဦးကျောင်း၊ မင်းကျောင်း၊ ကုန်းသာကျောင်း၊ နဂါးပတ်ကျောင်း၊ ပထမတောင်ကျောင်းကြီးသာရှိခဲ့သည်။ မင်းကျောင်း၏ ပထမဆုံးကျောင်းထိုင်ဆရာတော်မှာ မဲနယ်တောင်တန်းမှ လုံဒါရွာ ဆရာတော်ဖြစ်ပြီး ပအိုဝ်း
တိုင်းရင်းသား ဖြစ်သည်ဟု မှတ်သားရလေသည်။

(စာကိုး။ ။စူဠာမုနိ လောကချမ်းသာ စေတီတော် တည်ဆောက်ရေး မှတ်တမ်းစာအုပ်)


(Creadit to Shannews)

စိုင်းပင်ဖ

Spiderman-1 Game



Spiderman-1 Game လေးကိုတင်ပေးလိုက်ပါတယ်ဗျာ။
ပင့်ကူလူသားဂိမ်းဆော့ချင်နေတဲ့ ပိရိသတ်များအတွက်ပါ။
Windows XPWindows7 နဲ့ Windows Vista OS တွေမှာဆော့ကစားလို့ရမှာပါ။
ဂိမ်းကိုတော့ အောက်မှာဒေါင်းလိုက်ပါ။
အားလုံးအဆင်ပြေကြပါစေဗျာ။

!! Download !!
စိုင်းပင်ဖ